ကမ္ဘာကြီးမှာ ဩဇာအာဏာကို မှန်မှန်ကန်ကန် အသုံးချတာထက် မလျော်ဩဇာအဖြစ်သုံးတဲ့ ဥပမာတွေက များပါတယ်။ လူလူချင်း သာတူညီမျှမှုအတွက် ရုန်းကန်တိုက်ပွဲဝင်နေကြတဲ့ ကာလတလျှောက်လုံးကို ကြည့်မယ်ဆို လျော်ကန်တဲ့ အာဏာကျင့်သုံးဖို့အတွက် တိုက်ပွဲဝင်ကြရတာလည်း တိုက်ပွဲအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးအာဏာ၊ လူမှုရေးပါဝါ၊ ဘာသာရေးဩဇာတွေဟာ ထိန်းရခက်တဲ့စိတ္တဇနာမ်တွေဖြစ်တဲ့အခါ ဒါတွေကို ကိုင်တွယ်ကျင့်သုံးသူတွေမှာ ကြီးလေးတဲ့ စိတ်ပိုင်းဆိုင်ရာ ပိုင်းဖြတ်မှုတွေ လိုအပ်တာ သဘာဝပါပဲ။ ရာစုသစ်တွေရောက်လာပေမဲ့ ဘာသာရေးဩဇာကတော့ အာဏာတစ်ခုအဖြစ် ကျန်တုန်းဖြစ်ပါတယ်။ နိုင်ငံရေး၊ လူမှုရေးလုပ်သူတွေအနေနဲ့ ဘာသာရေးတစ်ခုခုအပေါ် သက်ဝင်ယုံကြည်မှုရှိနိုင်တော့ ယေဘုယျကြည့်ရင်တောင် ဘာသာရေးဩဇာအာဏာဟာ အလွန်အင်မတန် စောင့်ထိန်းမှုတွေလိုအပ်လေ့ရှိပါတယ်။ အဲ့ဒီဘာသာရေးဩဇာအာဏာကို ကိုင်စွဲပြီး လူ့အဖွဲ့အစည်းသာတူညီမျှရေးရှိဖို့ လှည့်လည်ဟောပြောသူ၊ ကိုယ်တိုင်ကျင့်သုံးသူ တစ်ဦးရှိခဲ့ပါတယ်။ သူက ၂၁ ရာစုရဲ့ ပထမဆယ်စုနှစ်စွန်းမှာ ဗာတီကန်မြို့ပြနိုင်ငံရဲ့ အချုပ်ခြာအာဏာပိုင်၊ ကက်သလစ်ခရစ်ယာန်သာသနာမှာဥသျှောင်၊ ယေရှုခရစ်တော်ရဲ့ ကိုယ်စားလှယ်လိုမျိုး သတ်မှတ်ခံရတဲ့…
Read More