assistant_bpn

မြန်မာနိုင်ငံအနေဖြင့် မည်သည့်အရာကို ပိုမိုဦးစားပေးသင့်ပါသလဲ။ စာသင်ခန်းအတွင်းရှိ ကျောင်းသားများအတွက် ပညာရေးအရည်အသွေး မြှင့်တင်ခြင်းလား၊ သို့မဟုတ် ကျောင်းပြင်ပ/ ကျောင်းမတက်နိုင်သူ ကလေးများအတွက် ပညာရေးလက်လှမ်းမီရေးလား? (Round 2)

မြန်မာပြည်ဟာ ဆင်းရဲမွဲတေတဲ့နိုင်ငံဖြစ်တယ်လို့ မျိုးဆက်များစွာက ကြေကွဲဖွယ် လက်ဆင့်ကမ်းပြောနေကြရပါတယ်။ ပြည်တွင်းစစ်ကဆက်ဖြစ်နေတော့ စစ်ဘေးဒုက္ခခံနေကြရသူတွေလည်း များစွာဆက်ရှိနေတယ်။ အလားတူ တစ်ဖက်မှာ နောက်မျိုးဆက်တွေရဲ့အနာဂတ်အလားအလာတွေဟာ မေးခွန်းထုတ် စောကြောဆွေးနွေးစရာကိစ္စကြီးဖြစ်လာပါတယ်။ ပညာရေးစနစ်လား၊ သင်ရိုးလား၊ လက်လှမ်းမီမှုလား၊ အရည်သွေးလား၊ အရေတွက်လား၊ မူဝါဒလား၊ လက်တွေ့လား၊ အရင်းမြစ်ပြဿနာလား၊ ပညာရေးသင်းသတ်ခံရမှုလား စသဖြင့် မြန်မာပြည်ကမှန်ရင်ခေါင်းခဲစဉ်းစားရမယ့်ကိစ္စတွေ အင်မတန်ဖြစ်ပေါ်နေပါတယ်။ ဒီအခြေနေဆိုးမှာ လူ့အဖွဲ့အစည်းအတွက် အစာအာဟာရထောက်ပံ့မှုလိုအပ်သလိုပဲ နှလုံးသားအာဟာရ၊ ဉာဏ်အာဟာရတိုက်ကျွေးဖို့လည်း လိုပါတယ်။ ဒါမှခေတ်ဘယ်လောက်ဆိုးဆိုး ကြိတ်မှိတ်မခံဘဲ ဝေဖန်ဆန်းစစ်နိုင်စွမ်း၊ လမ်းကြောင်းရှာဖောက်ထွက်နိုင်စွမ်းနဲ့ လူ့စရိုက်ရဲ့ ဗိုလ်ကျအနိုင်ကျင့်စော်ကားမှုတွေကို ဖယ်ရှားနိုင်ကြမှာဖြစ်ပါတယ်။ ဒါမှလည်း မကျေနပ်လို့လမ်းပေါ်ထွက်လာတဲ့လူအုပ်ကြီးကို အဆင်ခြင်နတ္ထိသမားတွေက သူခိုးကလူပြန်ဟစ်ပြီး ပညာမဲ့သူတွေလို့ အပုပ်ချနေကြတာကို တန်ပြန်နိုင်ကြမှာဖြစ်ပါတယ်။ တစ်ဦးချင်း၊ တစ်စုချင်း၊ တစ်နိုင်ငံချင်းရဲ့စွမ်းရည်ကိုမြှင့်တင်ပြီး တိုးတက်ရေးကိုရှေ့ရှုနိုင်ကြမှာဖြစ်ပါတယ်။ BPN Debate Lab ရဲ့ Round 1…

Read More

သရဲမများနှင့် အိပ်စက်ခြင်း

သရဲမများနှင့် အိပ်စက်ခြင်း၁၄၅/၅၀၅ ထောင်မှတ်စု (Episode 6) လူ့အဖွဲ့အစည်းကို အပေါ်စီးက လက်နက်အားကိုးနဲ့ဗိုလ်ကျစိုးမိုးနေကြတဲ့ စစ်ဘီလူးအာဏာရှင်တွေကိုတိုင်းပြည်ရဲ့ နှစ်ပေါင်းများစွာ၊ မျိုးဆက်များစွာ၊ ဘဝများစွာ စတေးခံပြီး အသေခံပြီး အလကားတိုက်ခိုက်နေကြတာမဟုတ်ဘူး။ နှစ်ပေါင်း ၇၀ ကျော်အတွင်း ထောင်ထဲမှာသေကြရသူ၊ သေနေကြသူတွေဟာ စာရင်းရှိ၊ စာရင်းမဲ့ များစွာရှိနေဆဲ။ “အာဏာသိမ်းတာငြိမ်ခံလိုက်ပေါ့လို့” ဉာဏ်တိမ် နလပိန်းတုံးလူ့အန္ဓတွေ နဲ့ အကျိုးစီးပွားဖက်အရိုးကိုက်တွေက ပြောတတ်ကြတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘုံအလယ်မှာ မတရားမှုကို တွန်းလှန်ကြသူများကိုသာ လူ့ဂုဏ်သိက္ခာရှိသူ၊ လူ့ဂုဏ်နဲ့ထိုက်တန်သူများအဖြစ် မော်ကွန်းထိုးမှတ်တမ်းတင် ခံကြရပါတယ်။ အောက်တန်းစားတာတောင် နပ်မမှန်တဲ့ လူသိမ် လူဖျင်း လူနုံ လူယုတ် တွေကိုတော့ သူတို့ရဲ့ယုတ်မာအောက်တန်းကျမှုတွေကိုပဲ ရွံရှာမုန်းတီး သံဝေဂယူဖွယ်ရာ လူသားကမ္ဘာက မှတ်တမ်းတင်တယ်။ သိကြားမင်းက ခွေးရေပုရပိုက်နဲ့ ရေးမှမဟုတ်ဘူး။ လူ့သမိုင်းဟာ အခုထိ လူသိရှင်ကြား…

Read More

EP02: အတ္တနောမတိကာဖီ (Podcast by Daung)

အတ္တနောမတိကာဖီ – အပိုင်း (၂) ဇာတ်ညွှန်းမရှိ၊ ဇာတ်တိုက်ထားတာမရှိတဲ့ အတ္တနောမတိကော်ဖီ အပိုင်း (၂) လာပါပြီ။ ဒီအပိုင်းမှာတော့ ကိုဒေါင်းရဲ့‌ စိတ်ထဲဝင်ရောက်လာတဲ့ အတွေးအမြင်တွေ၊ အတွေ့အကြုံနဲ့ ကိုယ်ပိုင်ယူဆချက်တွေကို ကြားသိရမှာဖြစ်ပါတယ်။ မိုးတအေးအေးရှိလှတဲ့ စနေရက်ကလေးမှာ ကော်ဖီတစ်ခွက်နဲ့ဖြစ်ဖြစ် တငြိမ့်ငြိမ့်နားဆင်ရင်း တစ်ဘဝအမောတွေ ကျော်လွှားနိုင်ကြပါစေလို့ ဒီအစီစဉ်ကနေ ဆုမွန်တောင်းပေးလိုက်ပါတယ်။

Read More

လုံခြုံတဲ့ VPN ဘယ်လိုရွေးရမလဲ။

Chat ထဲမှ အကြောင်းအရာများ စောင့်ကြည့်ခံရခြင်း (မာလာရှမ်းကောစားချင်ကြောင်း စာပို့လိုက်တာနဲ့ မာလာရှမ်းကောဆိုင် ကြော်ငြာတွေတက်လာတဲ့ အဖြစ်အပျက်အား စုံစမ်း ထောက်လှမ်းကြည့်ခြင်း)

Read More

Privacy ဘယ်လိုကာကွယ်ကြမလဲ။

CCTV များနှင့် ထုပ်စီးတိုးကစားခြင်း (ခေတ်သစ် လူသားတွေရဲ့ နေ့စဥ်ဘဝမှာ ရုံးခန်း၊ လမ်းမ၊ ​မီးပွိုင့်၊ ခြံရှေ့ နေရာတိုင်းက ကင်မရာတွေပါပဲ။ အနီးဆုံးမှာရှိနေတဲ့ ဖုန်းကင်မရာ၊ ကွန်ပျူတာကင်မရာတွေကိုရော ကိုယ်တကယ် ထိန်းချုပ်နိုင်ရဲ့လား။ ဒီကင်မရာတွေက ဘာတွေ မှတ်တမ်းယူလဲ​၊ ဘယ်မှာသိမ်းထားလဲ၊ ဘာဆက်ဖြစ်မှာလဲ နားဆင်ကြရအောင်)

Read More

Voyagers ထဲက မအလ

ဇာတ်ကားက နာမည်ကျော် Voyager အာကာသယာဉ်တွေအကြောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အာကာသစီမံကိန်းတစ်ခုအတွင်း၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းပုံစံငယ်လေး တစ်ခုအတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ ဗီဇစိတ်နဲ့ အပြုအမူ၊ အတွေးအခေါ်ပိုင်းတွေကို ပါးနပ်စွာထည့်ထားတယ်။ AI တွေကို အချင်းချင်းကမ္ဘာတစ်ခု တည်ဆောက်ပေးလိုက်ပြီး သူတို့ရဲ့အပြုမူတွေကို လေ့လာသလိုပေါ့။ အခု လူတွေဆိုတော့ AI ထက်ပိုမာယာများပြီး ထိန်းရခက်ပါတယ်။ ဒီအပိုင်းက လက်ရှိကိုယ်တွေကြုံတွေ့နေရတဲ့ အခြေအနေတွေရဲ့ ဇစ်မြစ်က ဘယ်ကအစပြုလဲဆိုတာကို ရိပ်ဖမ်းသံဖမ်းအစဆွဲထုတ်နိုင်မယ့် ရုပ်ရှင်အက်ဆေးတစ်ပုဒ်ဖြစ်ပါတယ်။ သာမန်သိပ္ပံစိတ်ကူးယဉ်ကားဆိုပေမဲ့ စိတ်ကူးယဉ်စရာတွေ ဘယ်လောက်များလဲဆိုတာကိုတော့ MYP က ခံစားရေးဖွဲ့ပြီး Willam က ပြောပြသွားမှာဖြစ်ပါတယ်။ ခံစားမှုကို ပုံဖော်ရေးထားတဲ့ အက်ဆေးတွေဆိုတော့ Spoiler ဖြစ်မှာလည်း အရမ်းစိုးရိမ်စရာမရှိပါဘူး။ ဒီအစီစဉ်ကို BPN ကသရုပ်ဖော်တဲ့ပုံစံအတိုင်း ဗွီဒီယိုကြည့်ပြီး နားထောင်လို့ရသလို၊ လုပ်ကိုင်သွားလာရင်း အသံဖိုင်လို…

Read More

BPN Debate Lab

1957 ခုနှစ်က 12 Angry Men ရုပ်ရှင်ဟာ ၉၆ မိနစ်ခန့် ကြာမြင့်ပြီး မိနစ် ၉၀ ကျော်ဟာ အခန်းငယ်တစ်ခုထဲမှာ စကားပြောနေကြတဲ့ လူ ၁၂ ဦးကိုပဲ ရိုက်ပြတာဖြစ်ပါတယ်။ ဒီလူ ၁၂ ဦးဟာ Juries တွေဖြစ်ပြီး (၁၈) နှစ်အရွယ် ကောင်လေးတစ်ယောက် သေဒဏ်ကျခံသင့်/မခံသင့်ကို ဆုံးဖြတ်နေကြခြင်းဖြစ်ပါတယ်။ တစ်ဦးရဲ့ ထင်မြင်ယူဆချက်ကို အခြားတစ်ဦး လက်သင့်ခံနိုင်အောင် ပြောဆို ချေပရင်း Debate ရဲ့ အလှကို သည်းထိတ်ရင်ဖို ပြထားတဲ့ ရုပ်ရှင်တစ်ခုအဖြစ် ဒီနေ့အထိ နာမည်ကြီးနေဆဲရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ယခု BPN Debate Lab အစီစဥ်သည်လည်း Debater 12 ဦးပါဝင်တဲ့ အစီစဥ်တစ်ခုဖြစ်ပါတယ်။ 12 Angry debaters တွေမဟုတ်ကြသော်လည်း…

Read More

လရောင်ကို မျက်ရည်နဲ့ ဝယ်ရတဲ့ “အဝယ်တော်ဘဝတွေ”

ကရင်တိုင်းရင်းသားတွေ ကြက်ငှက်တွေလို ပုန်းနေကြရတဲ့ ဘဝတွေကြား ကိုငြိမ်းဝေရဲ့ အမှတ်တရတစ်ခု။ ဒုံသမိချောင်း‌ဘေး တောင်ရိုးထိပ်က လမင်းကြီးနဲ့ ကဗျာဆရာလှိုင်းထက်ရဲ့ အဝယ်တော်ကဗျာကို ဆက်စပ်ထားပါတယ်။ ဝင်စားနားဆင်နိုင်ကြပါစေ။ (စာကြွင်း) အခုက ၂၀၂၆ ခုနှစ်နှောင်းပိုင်းဖြစ်နေပြီဆိုတော့ ၂၀၂၁ ကနေ စတွက်ရင် စစ်အာဏာသိမ်းမှု တစ်ဝက်ကျိုးကာလ ၂၀၂၃ မှာ ကဗျာဆရာငြိမ်းဝေ ဘာပြောခဲ့လဲ? အခု ၃ နှစ်ကြာကာလမှာ ဘာတွေကွာခြားသွားပြီလဲဆိုတာ အတွေးပွားနိုင်ကြဖို့ ကဗျာဆရာ (ဦး) “ငြိမ်းဝေ” ရဲ့ ပေါ့ဒ်ကတ်စ်ကို နားဆင်ကြည့်ပါ။

Read More

ရှေးကတော့ပိုခြစ်ကြဒယ်

မြန်မာတို့ရဲ့ ကျိန်စာဆိုးတစ်ခုကို အပိုင်းခွဲပြောပြသွားမယ့် မောင်ရင်ရဲ့ အပိုင်းသစ်ဖြစ်ပါတယ်။ ဒီကျိန်စာဟာ ဘယ်သူမှတိုက်ခဲ့တာမဟုတ်ဘဲ လူတွေကိုယ်တိုင် အရိုးစွဲကျင့်သုံးနေတဲ့ ဓလေ့တစ်ခုဖြစ်လာတာကို တဖြည်းဖြည်း ပုံပေါ်လာအောင် ဆွေးနွေးထားပါတယ်။ ပဏာမပိုင်းအနေနဲ့ တင်ဆက်သူ မောင်ရင်ကြုံတွေ့ခဲ့ရတဲ့ ရှင်ပြုပွဲတစ်ခုက အဖြစ်ပျက်တွေနဲ့ဖွင့်ထားပါတယ်။ ထုံးစံအတိုင်း သူ့ရဲ့ဓလေ့ထုံးတမ်းဆိုင်ရာ အရွဲ့အထေ့တွေနဲ့ အဖြစ်ပျက်ကို တစ်ကွက်ချင်း နားသောတဆင်ခြင်နိုင်ဖို့ ဆော်ဩလိုက်ရပါတယ်။

Read More

အပူလုံးကြွပေမဲ့ ယူကျုံးမရမဖြစ်ရလေအောင်

လူ့ဘဝရယ်လို့ ရှိလာတဲ့အခါ ဝမ်းနည်းပူဆွေးမှုဆိုတာ ဒွန်တွဲပါနေတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဝမ်းနည်းပူဆွေးကြရတဲ့အထဲမှာ အခုခေတ်လို ထွေလီကာလီရှုပ်ပွနေတဲ့ခေတ်မှာ ပိုပြီးပူဆွေးဖို့ အကြောင်းများတတ်ကြပါတယ်။ ပျော်ရွှင်မှုကိုဖြတ်သန်းရတဲ့အခါ မသိလိုက်မသိဘာသာပေမဲ့ ဝမ်းနည်းမှုကိုကြုံရတဲ့အခါမှာတော့ ကာလရှည်လျားတတ်လေ့ရှိတာ သဘာဝတစ်ခုပါ။ ပျော်ရွှင်ဖို့ကို ဖြတ်သန်းရဲရင် ဝမ်းနည်းမှုကိုရော ဘယ်လိုဖြတ်သန်းရဲကြမလဲ။ “ဝမ်းနည်းပူဆွေးမှုနဲ့ ပတ်သက်လို့ရှိရင် ကျွန်မတို့ဆီမှာ မှားယွင်းနေတဲ့ အယူအဆတွေနဲ့ ဝမ်းနည်းပူဆွေးမှု ဖြစ်တဲ့အခါမှာ ဘယ်လိုကိုင်တွယ်ရလဲဆိုတာကို ကျွန်မတို့အနေနဲ့ ကျန်းမာတဲ့နည်းလမ်း၊ မြင်သာတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ်ဖို့အတွက် သင်ယူခြင်း မခံခဲ့ရပါဘူး။” လို့ ဆရာမ Agnes ကပြောပါတယ်။ ဆရာမဟာ Serenity Counseling and Mental Health Services ရဲ့ Founder, counseling psychologist ဖြစ်ပြီးတော့ BPN နဲ့ Podcast တွေပူးပေါင်းဖန်တီးပြီး စိတ်ကျန်းကိုယ်ခန့်ရေးအတွက် အကြံဉာဏ်ကောင်းများ၊…

Read More