assistant_bpn

ကလေးတိုင်းသည် အနည်းဆုံး အခြေခံပညာရေး၏ ပထမသုံးနှစ်ကို မိခင်ဘာသာစကားဖြင့် သင်ယူခွင့်ရသင့်ပါသလား? (Round 3)

ကရင်ပြည်အစွန်းအဖျားသို့ရောက်လာသူတချို့က ဒေသခံများနှင့်တွေ့ကြရာတွင် “သူတို့က မြန်မာစကားလည်းမပြောတတ်ဘူး မြန်မာပြည်နေပြီး” ဆိုသည့်စိတ်ဖြစ်ကြသည်။ ထို့အတူ ရခိုင်စကားမတတ်သော မြို/ခမီ ဒေသခံများကို “ရခိုင်ပြည်နေပြီး ရခိုင်စကားမတတ်ဘူး” ဆိုသည့် စိတ်ဖြစ်ကြပြန်သည်။ ထိုပုဂ္ဂိုလ်တို့ အိန္ဒိယ သို့မဟုတ် ထိုင်းနိုင်ငံဖက် ရောက်ကြသည့်အခါ လမ်းဘေးစာများ၊ စကားများ စသဖြင့် ဘယ်အရာကိုမှ ရေရေလည်လည်ရော ရိပ်ဖမ်းသံဖမ်းပင် နားမလည်ကြတော့။ ထိုအခါတွင်မှ “မိခင်ဘာသာစကား” ၏ ခမ်းနားအရေးပါပုံကို ကွက်ကွက်ကွင်းကွင်းနားလည်ကြတော့သည်။ ဒါက အမြင်သာဆုံးဥပမာသာရှိပါသည်။ အင်္ဂလိပ်စာကျွမ်းမှု၊ ဘာသာပြန် အပလီကေးရှင်းများ၊ ဆော့ဝဲလ်များ မည်မျှခေတ်စား လာစေကာမူ လူတို့သည် မိမိဘာသာစကားဖြင့်သာ ရွေးချယ်ဘာသာပြန်ကြသလို တီထွင်သူများကလည်း ဘာသာစကားစုံသထက်စုံအောင် ပြုပြင်ဖြည့်စွက်နေကြရသည်။ သို့သော် ကလေးတစ်ဦးသည် ဘာသာစကားမည်မျှသာသင်နိုင်သည်၊ သင်သင့်သည်၊ ဗဟုစုံသောလူမျိုးများစွာ ရှိသည့်ဒေသများတွင် မည်သည့်ဘာသာကိုသင်ရမည်၊ ရုံးသုံးဘာသာကို မည်သည့်ဘာသာဖြစ်သင့်သည်၊ ထားဝယ်စကားဖြင့်သင်ကြားနေသော…

Read More

ဘေထုပ်တန်း

ဗဟုစုံတဲ့ရန်ကုန်၊ အခုတော့ မှောင်အတိမှာပဲ လူတွေတရုန်းရုန်းနဲ့။ တကယ်လို့ တည်ထားတဲ့ဘုရားတွေရဲ့ အံ့ဖွယ်တွေထဲမှာ အမြဲတမ်းလူစည်ကားခြင်းဆိုတာပါခဲ့ရင် ရန်ကုန်ကိုက အဲ့လိုအံ့ဖွယ်ရှိတဲ့မြို့။ ရေကြည်ရာ မြက်နုရာအမှတ်နဲ့ ရန်ကုန်ရောက်ကြသူတွေဟာ အခက်ခဲဆုံးဖြတ်သန်းပြီးမှ ရေကြည်တစ်ပေါက် သောက်ခွင့်ရတဲ့မြို့။ ကြယ်ငါးလုံးဟိုတယ်အပေါ်ဆုံးထပ်ကနေ လမ်းဘေးပလက်ဖောင်းထိ လောကဓံအစုံရှိရာမြို့ပေါ့။ “Memory comes when memory’s old I am never the first to know Following the stream up North Where do people like us float” Lyrics – Fever Ray – “Keep the Streets Empty for Me” (2009) သိပ်သိပ်သည်းသည်း…

Read More

ကမ္ဘာ၊ မြန်မာအရွေ့နဲ့ ကော်ပီဂီတခေတ်နှောင်း

ငါတို့ခေတ်ရဲ့မဟာဂီတ အပိုင်း (၄) ကမ္ဘာ၊ မြန်မာအရွေ့နဲ့ ကော်ပီဂီတခေတ်နှောင်း ဂီတကို ရှေးရိုးစွဲအမြင်တွေနဲ့ကြည့်ကြတာရယ်၊ နိုင်ငံတကာဆက်ဆံရေး၊ ကုန်သွယ်ရေးလုပ်တဲ့ နိုင်ငံဆိုတာ လက်ချိုးရေလို့ရတဲ့ခေတ်ရယ်၊ လူတွေကို ဘာမျှော်လင့်ချက်မှ မပေးနိုင်တဲ့ ၂၁ ရာစုအစောပိုင်းနှစ်တွေရယ် ပေါင်းလိုက်တဲ့အခါ အသစ်သစ်သော အနုပညာကိုဆာလောင်နေသူတွေအတွက် ရေခမ်းငါးတွေလို ဖြစ်ခဲ့ဖူးပါတယ်။ လမ်းပေါ်ကထီလှည်းမှာဖွင့်ထားတဲ့သီချင်းတွေထဲ အခွေသစ်ပါပြီဆိုရင် ထီသည်ကို ဖားပြီး ကိုယ့်လမ်းထဲမှာ ကြာကြာရပ်ခိုင်းခဲ့ရတဲ့လူတွေ အများကြီးပါပဲ။ ဂုဏ်သရေအပြားပြားရှိတဲ့ ဂီတအသစ်မျိုးစုံဟာ ခွေးတိုးပေါက်တွေက ဝင်ခဲ့ရတယ်။ ခေတ်မကောင်းလို့ ဝပ်နေခဲ့ရတယ်။ ဂီတဝပ်နေရတယ်ဆိုတာ တကယ်တော့ လူ့အဖွဲ့အစည်းရဲ့တိုးတက်မှုက ဝပ်နေခဲ့ရတာဖြစ်ပါတယ်။ ဂီတဟာ လူ့စိတ်ထဲကအညစ်အထေးတွေကို ဆူနာမီလှိုင်းလို တိုက်စားနိုင်တာကို လူတွေကကြောက်ကြတယ်လေ။ အနုပညာကဝိကြီးရာဘင်ဒြာနတ်တဂိုးကလည်း“သင့်ဂီတ၏ သန့်စင်သောရေအလျဉ်သည်ကျောက်စိုင်ကျောက်သားအဆီးအတားမှန်သမျှ ချိုးဖျက်ကာအဟုန်ဒီးဒီး ရှေ့သို့စီး၏”(ဂီတဉ္စလီ – မြင့်စိုးလှိုင်ဘာသာပြန်)တဲ့။ အခုအပိုင်းမှာ အဟုန်ဒီးဒီး စီးလာတဲ့ရေအလျဉ်က စာရေးသူကို ဘယ်လိုတိုက်စားပြီး…

Read More

မြန်မာနိုင်ငံအနေဖြင့် မည်သည့်အရာကို ပိုမိုဦးစားပေးသင့်ပါသလဲ။ စာသင်ခန်းအတွင်းရှိ ကျောင်းသားများအတွက် ပညာရေးအရည်အသွေး မြှင့်တင်ခြင်းလား၊ သို့မဟုတ် ကျောင်းပြင်ပ/ ကျောင်းမတက်နိုင်သူ ကလေးများအတွက် ပညာရေးလက်လှမ်းမီရေးလား? (Round 2)

မြန်မာပြည်ဟာ ဆင်းရဲမွဲတေတဲ့နိုင်ငံဖြစ်တယ်လို့ မျိုးဆက်များစွာက ကြေကွဲဖွယ် လက်ဆင့်ကမ်းပြောနေကြရပါတယ်။ ပြည်တွင်းစစ်ကဆက်ဖြစ်နေတော့ စစ်ဘေးဒုက္ခခံနေကြရသူတွေလည်း များစွာဆက်ရှိနေတယ်။ အလားတူ တစ်ဖက်မှာ နောက်မျိုးဆက်တွေရဲ့အနာဂတ်အလားအလာတွေဟာ မေးခွန်းထုတ် စောကြောဆွေးနွေးစရာကိစ္စကြီးဖြစ်လာပါတယ်။ ပညာရေးစနစ်လား၊ သင်ရိုးလား၊ လက်လှမ်းမီမှုလား၊ အရည်သွေးလား၊ အရေတွက်လား၊ မူဝါဒလား၊ လက်တွေ့လား၊ အရင်းမြစ်ပြဿနာလား၊ ပညာရေးသင်းသတ်ခံရမှုလား စသဖြင့် မြန်မာပြည်ကမှန်ရင်ခေါင်းခဲစဉ်းစားရမယ့်ကိစ္စတွေ အင်မတန်ဖြစ်ပေါ်နေပါတယ်။ ဒီအခြေနေဆိုးမှာ လူ့အဖွဲ့အစည်းအတွက် အစာအာဟာရထောက်ပံ့မှုလိုအပ်သလိုပဲ နှလုံးသားအာဟာရ၊ ဉာဏ်အာဟာရတိုက်ကျွေးဖို့လည်း လိုပါတယ်။ ဒါမှခေတ်ဘယ်လောက်ဆိုးဆိုး ကြိတ်မှိတ်မခံဘဲ ဝေဖန်ဆန်းစစ်နိုင်စွမ်း၊ လမ်းကြောင်းရှာဖောက်ထွက်နိုင်စွမ်းနဲ့ လူ့စရိုက်ရဲ့ ဗိုလ်ကျအနိုင်ကျင့်စော်ကားမှုတွေကို ဖယ်ရှားနိုင်ကြမှာဖြစ်ပါတယ်။ ဒါမှလည်း မကျေနပ်လို့လမ်းပေါ်ထွက်လာတဲ့လူအုပ်ကြီးကို အဆင်ခြင်နတ္ထိသမားတွေက သူခိုးကလူပြန်ဟစ်ပြီး ပညာမဲ့သူတွေလို့ အပုပ်ချနေကြတာကို တန်ပြန်နိုင်ကြမှာဖြစ်ပါတယ်။ တစ်ဦးချင်း၊ တစ်စုချင်း၊ တစ်နိုင်ငံချင်းရဲ့စွမ်းရည်ကိုမြှင့်တင်ပြီး တိုးတက်ရေးကိုရှေ့ရှုနိုင်ကြမှာဖြစ်ပါတယ်။ BPN Debate Lab ရဲ့ Round 1…

Read More

သရဲမများနှင့် အိပ်စက်ခြင်း

သရဲမများနှင့် အိပ်စက်ခြင်း၁၄၅/၅၀၅ ထောင်မှတ်စု (Episode 6) လူ့အဖွဲ့အစည်းကို အပေါ်စီးက လက်နက်အားကိုးနဲ့ဗိုလ်ကျစိုးမိုးနေကြတဲ့ စစ်ဘီလူးအာဏာရှင်တွေကိုတိုင်းပြည်ရဲ့ နှစ်ပေါင်းများစွာ၊ မျိုးဆက်များစွာ၊ ဘဝများစွာ စတေးခံပြီး အသေခံပြီး အလကားတိုက်ခိုက်နေကြတာမဟုတ်ဘူး။ နှစ်ပေါင်း ၇၀ ကျော်အတွင်း ထောင်ထဲမှာသေကြရသူ၊ သေနေကြသူတွေဟာ စာရင်းရှိ၊ စာရင်းမဲ့ များစွာရှိနေဆဲ။ “အာဏာသိမ်းတာငြိမ်ခံလိုက်ပေါ့လို့” ဉာဏ်တိမ် နလပိန်းတုံးလူ့အန္ဓတွေ နဲ့ အကျိုးစီးပွားဖက်အရိုးကိုက်တွေက ပြောတတ်ကြတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘုံအလယ်မှာ မတရားမှုကို တွန်းလှန်ကြသူများကိုသာ လူ့ဂုဏ်သိက္ခာရှိသူ၊ လူ့ဂုဏ်နဲ့ထိုက်တန်သူများအဖြစ် မော်ကွန်းထိုးမှတ်တမ်းတင် ခံကြရပါတယ်။ အောက်တန်းစားတာတောင် နပ်မမှန်တဲ့ လူသိမ် လူဖျင်း လူနုံ လူယုတ် တွေကိုတော့ သူတို့ရဲ့ယုတ်မာအောက်တန်းကျမှုတွေကိုပဲ ရွံရှာမုန်းတီး သံဝေဂယူဖွယ်ရာ လူသားကမ္ဘာက မှတ်တမ်းတင်တယ်။ သိကြားမင်းက ခွေးရေပုရပိုက်နဲ့ ရေးမှမဟုတ်ဘူး။ လူ့သမိုင်းဟာ အခုထိ လူသိရှင်ကြား…

Read More

EP02: အတ္တနောမတိကာဖီ (Podcast by Daung)

အတ္တနောမတိကာဖီ – အပိုင်း (၂) ဇာတ်ညွှန်းမရှိ၊ ဇာတ်တိုက်ထားတာမရှိတဲ့ အတ္တနောမတိကော်ဖီ အပိုင်း (၂) လာပါပြီ။ ဒီအပိုင်းမှာတော့ ကိုဒေါင်းရဲ့‌ စိတ်ထဲဝင်ရောက်လာတဲ့ အတွေးအမြင်တွေ၊ အတွေ့အကြုံနဲ့ ကိုယ်ပိုင်ယူဆချက်တွေကို ကြားသိရမှာဖြစ်ပါတယ်။ မိုးတအေးအေးရှိလှတဲ့ စနေရက်ကလေးမှာ ကော်ဖီတစ်ခွက်နဲ့ဖြစ်ဖြစ် တငြိမ့်ငြိမ့်နားဆင်ရင်း တစ်ဘဝအမောတွေ ကျော်လွှားနိုင်ကြပါစေလို့ ဒီအစီစဉ်ကနေ ဆုမွန်တောင်းပေးလိုက်ပါတယ်။

Read More

လုံခြုံတဲ့ VPN ဘယ်လိုရွေးရမလဲ။

Chat ထဲမှ အကြောင်းအရာများ စောင့်ကြည့်ခံရခြင်း (မာလာရှမ်းကောစားချင်ကြောင်း စာပို့လိုက်တာနဲ့ မာလာရှမ်းကောဆိုင် ကြော်ငြာတွေတက်လာတဲ့ အဖြစ်အပျက်အား စုံစမ်း ထောက်လှမ်းကြည့်ခြင်း)

Read More

Privacy ဘယ်လိုကာကွယ်ကြမလဲ။

CCTV များနှင့် ထုပ်စီးတိုးကစားခြင်း (ခေတ်သစ် လူသားတွေရဲ့ နေ့စဥ်ဘဝမှာ ရုံးခန်း၊ လမ်းမ၊ ​မီးပွိုင့်၊ ခြံရှေ့ နေရာတိုင်းက ကင်မရာတွေပါပဲ။ အနီးဆုံးမှာရှိနေတဲ့ ဖုန်းကင်မရာ၊ ကွန်ပျူတာကင်မရာတွေကိုရော ကိုယ်တကယ် ထိန်းချုပ်နိုင်ရဲ့လား။ ဒီကင်မရာတွေက ဘာတွေ မှတ်တမ်းယူလဲ​၊ ဘယ်မှာသိမ်းထားလဲ၊ ဘာဆက်ဖြစ်မှာလဲ နားဆင်ကြရအောင်)

Read More

Voyagers ထဲက မအလ

ဇာတ်ကားက နာမည်ကျော် Voyager အာကာသယာဉ်တွေအကြောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အာကာသစီမံကိန်းတစ်ခုအတွင်း၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းပုံစံငယ်လေး တစ်ခုအတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ ဗီဇစိတ်နဲ့ အပြုအမူ၊ အတွေးအခေါ်ပိုင်းတွေကို ပါးနပ်စွာထည့်ထားတယ်။ AI တွေကို အချင်းချင်းကမ္ဘာတစ်ခု တည်ဆောက်ပေးလိုက်ပြီး သူတို့ရဲ့အပြုမူတွေကို လေ့လာသလိုပေါ့။ အခု လူတွေဆိုတော့ AI ထက်ပိုမာယာများပြီး ထိန်းရခက်ပါတယ်။ ဒီအပိုင်းက လက်ရှိကိုယ်တွေကြုံတွေ့နေရတဲ့ အခြေအနေတွေရဲ့ ဇစ်မြစ်က ဘယ်ကအစပြုလဲဆိုတာကို ရိပ်ဖမ်းသံဖမ်းအစဆွဲထုတ်နိုင်မယ့် ရုပ်ရှင်အက်ဆေးတစ်ပုဒ်ဖြစ်ပါတယ်။ သာမန်သိပ္ပံစိတ်ကူးယဉ်ကားဆိုပေမဲ့ စိတ်ကူးယဉ်စရာတွေ ဘယ်လောက်များလဲဆိုတာကိုတော့ MYP က ခံစားရေးဖွဲ့ပြီး Willam က ပြောပြသွားမှာဖြစ်ပါတယ်။ ခံစားမှုကို ပုံဖော်ရေးထားတဲ့ အက်ဆေးတွေဆိုတော့ Spoiler ဖြစ်မှာလည်း အရမ်းစိုးရိမ်စရာမရှိပါဘူး။ ဒီအစီစဉ်ကို BPN ကသရုပ်ဖော်တဲ့ပုံစံအတိုင်း ဗွီဒီယိုကြည့်ပြီး နားထောင်လို့ရသလို၊ လုပ်ကိုင်သွားလာရင်း အသံဖိုင်လို…

Read More

BPN Debate Lab

1957 ခုနှစ်က 12 Angry Men ရုပ်ရှင်ဟာ ၉၆ မိနစ်ခန့် ကြာမြင့်ပြီး မိနစ် ၉၀ ကျော်ဟာ အခန်းငယ်တစ်ခုထဲမှာ စကားပြောနေကြတဲ့ လူ ၁၂ ဦးကိုပဲ ရိုက်ပြတာဖြစ်ပါတယ်။ ဒီလူ ၁၂ ဦးဟာ Juries တွေဖြစ်ပြီး (၁၈) နှစ်အရွယ် ကောင်လေးတစ်ယောက် သေဒဏ်ကျခံသင့်/မခံသင့်ကို ဆုံးဖြတ်နေကြခြင်းဖြစ်ပါတယ်။ တစ်ဦးရဲ့ ထင်မြင်ယူဆချက်ကို အခြားတစ်ဦး လက်သင့်ခံနိုင်အောင် ပြောဆို ချေပရင်း Debate ရဲ့ အလှကို သည်းထိတ်ရင်ဖို ပြထားတဲ့ ရုပ်ရှင်တစ်ခုအဖြစ် ဒီနေ့အထိ နာမည်ကြီးနေဆဲရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ယခု BPN Debate Lab အစီစဥ်သည်လည်း Debater 12 ဦးပါဝင်တဲ့ အစီစဥ်တစ်ခုဖြစ်ပါတယ်။ 12 Angry debaters တွေမဟုတ်ကြသော်လည်း…

Read More