Digital သင်ပုန်းကြီး

Hosted ByBPN & Digixile

ဒစ်ဂျစ်တယ် သင်ပုန်းကြီး (သို့) ဒစ်ဂျစ်တယ်လုံခြုံရေးကို ရပ်ကွက်အထာဖြင့် ချဥ်းကပ်ကြည့်ခြင်း

မြန်မာပြည်မှာ အင်တာနက် အသုံးပြုသူ သန်း ၃၀ ကျော် ရှိနိုင်ပါတယ်။ ဒီထဲမှာ နည်းပညာနဲ့ မနီးစပ်တဲ့ လူကြီးလူငယ်၊ နယ်ပယ်အသီးအသီးက လုပ်သားတွေ၊ အတတ်ပညာရှင်တွေ သန်းပေါင်းများစွာ ပါဝင်နိုင်ပါတယ်။ အင်တာနက်အသုံးပြုသူအားလုံးဆီမှာ အဖြေမရသေးတဲ့ မေးခွန်းတွေ ရှိတတ်ကြပါတယ်။ အင်တာနက် ဘယ်လိုအလုပ်လုပ်သလဲ၊ အင်တာနက်ကို ဘယ်သူကပိုင်သလဲ၊ ဗီဒီယိုကော ပြောရင် အခြားတစ်ယောက်ယောက်က ကြားဖြတ်နိုင်သလား၊ အလကားရတဲ့ VPN တွေက ဘာလို့အလကားရနေတာလဲ၊ ဖေ့စ်ဘွတ်သုံးရင် ဖုန်းဘေလ်ကုန်တယ်​ ဒါဆို ဖုန်းဘေလ်ထဲက ဖေ့စ်ဘွတ်က ရာခိုင်နှုန်းရတာလား? ဒီစာကိုဖတ်နေတဲ့ မိတ်ဆွေတွေက နည်းပညာ ဂုရုကြီးတွေဖြစ်လို့ မသိသူတွေကို သိနားလည်အောင် အချိန်ပေးပြီး ရှင်းပြကောင်း ရှင်းပြကြပါလိမ့်မယ်။ သို့သော် အားလုံးကို အချိန်ပေးပြီး စိတ်ရှည်ရှည် မရှင်းပြနိုင်ရင်လည်း အပြစ်ရှိသလိုခံစားစရာ မလိုတော့ပါဘူး ဒီ Podcast ကိုညွှန်းပေးလိုက်ရုံပါပဲ။

ဒစ်ဂျစ်တယ် သင်ပုန်းကြီး Podcast တစ်ပုဒ်ချင်းစီတိုင်းမှာ ရပ်ကွက်ထဲက အလိုရှိနေတဲ့ အင်တာနက်နဲ့သက်ဆိုင်တဲ့ မေးခွန်းတွေကို အားလုံးနားလည်တဲ့ အသုံးအနှုန်း ဝေါဟာရတွေနဲ့ ဖြေရှင်းထားပေးလို့ နည်းပညာနဲ့မဝေးကွာချင်တဲ့ မိတ်ဆွေများမြင်သာအောင် Share ပေးခြင်းဖြင့် ပိုကောင်းမွန်လုံခြုံသော အင်တာနက် ရပ်ဝန်းတစ်ခု တည်ဆောက်ရာမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒါနဲ့ - ငါးမန်းကိုက်ရင် လိုင်းတကယ်ကျတာလား?

ဒီဂျစ်တယ်လုံခြုံရေးနှင့်လူငယ်များ

“ကျွန်မတို့ တစ်နေ့တာမှာ ဖုန်းကို ဘယ်နှစ်ကြိမ်လောက် သုံးဖြစ်ကြလဲ? 📱💭”
နေ့စဉ် Social Media သုံးတာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ သတင်းရှာတာကနေ အခုနောက်ပိုင်း AI နည်းပညာတွေကိုပါ သုံးစွဲလာကြတဲ့အထိ ကျွန်မတို့ လူငယ်တွေရဲ့ ဘဝဟာ Digital ကမ္ဘာနဲ့ မကင်းကွာတော့ပါဘူး။

ဒါပေမဲ့ Digital နည်းပညာကို အသုံးပြုတတ်ရုံနဲ့ မလုံလောက်ပါဘူး။ “လုံခြုံစွာ အသုံးပြုတတ်ဖို့” က ပိုပြီး အရေးကြီးလာပါတယ်။ 🔐✨

လူငယ်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ အချက် (၅) ချက်ကို အခုအပိုင်းမှာ မျှဝေထားပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်