ဉာဏ်သူပုန်

Hosted ByMaung Yin & Thein Phay

တောထဲ တောင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာဟာ ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများ ဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက်ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားတဲ့ ကွက်လပ်တွေကို ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ကြီးမှ ချစ်ခင်ရသော ဉာဏ်သူပုန်မိတ်ဆွေများ နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေနိုင်ကြပါစေဗျာ။

မှတ်မိနေတဲ့သီချင်းနှစ်ပုဒ်

ကြားဖူးနေကျသီချင်းတွေကိုပဲ အဖြစ်အပျက်အငွေ့အသက်တွေနဲ့ အထူးတလည်မှတ်မိနေကြတဲ့အဖြစ်မျိုး လူတိုင်းမှာရှိပါတယ်။ ဉာဏ်သူပုန်တင်ဆက်သူမောင်ရင်မှာလည်း ဒီလိုအဖြစ်ပျက်မျိုးရှိပြန်တယ်။ ခေတ်တစ်ခုကိုဖြတ်သန်းနေရင်း ခေတ်တစ်ခုကိုဖြတ်သန်းခဲ့ရသူတွေနဲ့ဆုံရင်း မြင်ကြားခဲ့ရတဲ့ဘဝတကွေ့ကို ပြောပြထားပါတယ်။ ဒီအဖြစ်ပျက်တွေထဲကပဲ နိုင်ငံရေး၊ လူမှုစီးပွားရေးတွေ အလေ့အထတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ သဟဇာတအကြောင်း ပါဝင်ပါတယ်။
အခုအပိုင်းက ပြီးခဲ့တဲ့လတွေမှာတင်ဆက်ခဲ့တဲ့ “ရှေးကတော့ ပိုခြစ်ကြဒယ်” ဆိုတဲ့အပိုင်းရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။ နားဆင်တွေးတောနိုင်ကြပါစေ။

ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ
ရေး၊မောင်သစ်မင်း
ဆို၊မွန်းအောင်
1987

Leave a Reply

Your email address will not be published. Required fields are marked *