assistant_bpn

ငွေငန်း၊ ရော့ခ်အင်ရိုးမှသည် အမှတ်တရသင်္ကြန်မိုးသို့

သင်္ကြန်တွင်းအထူးထုတ် နောက်တစ်ပုဒ်လာပါပြီ။ အလွမ်းဆိုတာ ဆွေးဆွေးမြေ့မြေ့ရှိလှပေမဲ့ အကြည်ဓါတ်တစ်မျိုးရှိပါတယ်။ အဲ့ဒီအရသာက ခံစားရနှစ်သက်မှုနဲ့ ဆန္ဒမကိုက်ညီမှုနှစ်ခု တွဲဖက်ပါမယ် ထင်ပါတယ်။ သင်္ကြန်အရသာကိုလည်း အလားတူ ရသပေါင်းစုံနဲ့ ချဉ်းကပ်ဆင်နွှဲရ၊ ဖြတ်သန်းရပေမဲ့ သင်္ကြန်ရေတစ်စက် တစ်ခွက်ဟာ စိတ်ကိုအများကြီး ထိခိုက်သက်ရောက်စေနိုင်ပါတယ်။ မိတ်ဆွေဟာ သင်္ကြန်ရေကိုရှောင်တိမ်းတတ်သူတစ်ဦးဖြစ်ပေမဲ့ မတော်တဆရေပက်ခံရတဲ့အခါ ဘယ်လိုခံစားရပါသလဲ။ အခုအပိုင်းမှာ ဒီအရသာကို ဖမ်းယူ frequency ညှိနိုင်ပါပြီ။ အကြောင်းမျိုးစုံကြောင့် သင်္ကြန်ရေစိုခွင့်မရှိတဲ့၊ မရတဲ့ ရင်နှစ်သည်းချာအပေါင်းကိုလည်း ဒီအပိုင်းလေးနဲ့ BPN က လက်တို့လိုက်ပါတယ်။

Read More

သင်္ကြန်တမ်းချင်း

မဟာသင်္ကြန်ကာလအတွင်းမှာ အပန်းအလွမ်းပြေ အနားယူနားဆင်နိုင်ဖို့ ခံစားမှုအက်ဆေးများထဲက သင်္ကြန်တမ်းချင်းဆိုတဲ့ အက်ဆေးတစ်ပုဒ်ကို BPN က ဖန်တီးထားပါတယ်။ ခေတ်သစ်သင်္ကြန်ရဲ့ အနှစ်သာရအသစ်တွေကို စာရေးဆရာက တစ်ကွက်ချင်း ခံစားနှိုက်ထုတ်ပြထားပါတယ်။ ၆ မိနစ်စွန်းလေးပဲရှိတဲ့ ဒီအပိုင်းဟာ မိတ်ဆွေတို့အားလုံးရဲ့ ရင်အစုံကို စူးစူးရှရှ ထိုးဖောက်ခံစားနိုင်စေလိမ့်မယ်လို့ အာမခံပါတယ်။ သင်္ကြန်ကိုယ်၌ကိုက ခေတ်အဆက်ဆက် ဒဏ္ဍာရီအဟောင်းအသစ်တို့ ပွားစီးရာပွဲတော်ကာလကြီး တစ်ခုမဟုတ်လား။ ဝေဒနာအဟောင်းအသစ်၊ သီချင်းဟောင်းအသစ်၊ ခေတ်အဟောင်းအသစ်တွေကို စာရေးသူကိုယ်တိုင် မိတ်ဆွေကိုတီးတိုးပြောပြသွားမှာပါ။ အကြိုနေ့မှာ ဒီအပုဒ်လေးနားအရသာခံပြီး မင်္ဂလာယူလိုက်ကြပါဦး။

Read More

Youth of Myanmar – A Conversation with the EU Head of Myanmar

မြန်မာနိုင်ငံဆိုင်ရာ EU အကြီးအကဲနှင့် လူငယ့်အရေး စကားဝိုင်း မြန်မာပြည်လူငယ်တွေဟာ စစ်မှုထမ်းလည်းကြောက်ရ၊ ယုံကြည်ရာအတွက် ရှေ့တန်းကတုတ်ကျင်းတွေမှာ ပေးဆပ်ရ၊ နိုင်ငံတကာမှာလည်း မြန်မာလူငယ်ဆို ဗီဇာသက်တန်းတိုးရင်း ဘဝအချိန်တွေ ကုန်နေကြရတဲ့အပေါ် ဥရောပသမဂ္ဂအနေနဲ့ ဘာအကူညီတွေပေးနိုင်ပါသလဲလို့ မေးဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအကြီးအကဲ မစ္စတာ Marc Fiedrich ရဲ့ အဖြေကိုတော့ မိတ်ဆွေတို့ပဲ Podcast မှာ နားထောင်ကြည့်ပြီး Comment မှာ ဝင်ရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။ Myanmar youth are facing serious pressures today. Fear of conscription, sacrifices on the frontlines, and long years spent abroad struggling with uncertain…

Read More

သိထားသင့်တဲ့ စိတ်ဖိစီးမှုကွင်းဆက်အမျိုးမျိုး

ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ဖိစီးနေသူတွေရှိရင် ဒီအပိုင်းကို နားထောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ကနေ့ခေတ်လူ့အဖွဲ့အစည်းရဲ့ အခြေခံစိတ်ဒုက္ခအမျိုးမျိုးကို ‌ဘဝတစ်ခုစကတည်းက‌ ကျော်ဖြတ်ကြရာမှာ ဘယ်လိုပုံစံ‌တွေ ရှိကြလဲ ဆွေးနွေးထားပါတယ်။ Bossa nova ငြိမ့်ငြိမ့်လေးတွေနောက်ခံနဲ့ ဆရာမရဲ့ စေတနာပါပါဆွေးနွေးပြောပြမှုတွေကို နားဆင်ကြရမှာပါ။ အားလုံး စိတ်ဖိစီးမှုကို ခြေခြေမြစ်မြစ်သိမြင်ပြီး တစ်ဆင့်ချင်းဖြေလျှော့ကျော်ဖြတ်နိုင်ကြပါစေကြောင်း မျှော်လင့်ထုတ်ဝေလိုက်ရပါတယ်။ Burma Podcast Network ရဲ့ “Podcast for Well Being” အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများတိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးနေတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ Disclaimer: နားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

Read More

အပြစ်သားများ

ရုပ်ရှင်အက်ဆေးမိတ်ဆက် လူတွေရုပ်ရှင်ကြည့်တဲ့အခါ ယေဘုယျအားဖြင့် မျက်လုံးက ဇာတ်ကားကြည့်နေပေမဲ့ စိတ်ကအတွေးဝင်၊ နှလုံးကခံစား အဲ့လိုအချက်အလက်တွေ ကူးလူးသွားလာနေတယ်လို့ ခံစားရပါတယ်။ ကိုယ်ကအဲ့ဖြစ်စဉ်ကြီးကို သိနေတာမျိုးမဟုတ်ဘဲ နာမ်ရုပ်တွေရဲ့ သဘာဝတုန့်ပြန်မှုတွေအရ အရသာခံကြတာမျိုးပါ။ ဇာတ်ကားကပြတဲ့အတိုင်းဆို အကန့်အသတ်ရှိတော့ စိတ်ကလည်း ပြကွက်ကို ချဲ့ထွင်ပုံဖော်ကြရတာ ဖြစ်ပါတယ်။ ရုပ်ရှင်အက်ဆေးအစီအစဉ်ဟာ ရုပ်ရှင်ကပေးတဲ့ရသတွေကို စာရေးဆရာရဲ့ ခံစားရမှုတွေ၊ ဆက်စပ်တွေးခေါ်မှု၊ ယုံကြည်ချက် စသဖြင့် ကိုယ့်ဘဝတစ်ခုနဲ့ ဈာန်ဝင်နှီးနှောပြီး ရေးသားထားတဲ့ အက်ဆေးတွေဖြစ်ပါတယ်။ ရုပ်ရှင်ကားတိုင်းမှာ ကိုယ်တွေရဲ့ဘဝ၊ ပတ်ဝန်းကျင်တွေကို တစ်ကွက်ချင်းဆွဲစေ့ထားတာ နားဆင်ကြရမှာပါ။ ဇာတ်ညွှန်းအားလုံး ၂၀၂၆ မတိုင်မီရေးထားတာချည်းပါပဲ။ BPN ကဒီစာမူတွေကို အသံသရုပ်ဖော်ချက်တွေအနေနဲ့ အကြောင်းအားလျော်စွာ ဖန်တီးခွင့်ရခဲ့ပါတယ်။ ဖန်တီးရာမှာလည်း ပုံမှန်တင်ဆက်နေကျလို အသံတွေနဲ့သာမဟုတ်ဘဲ ရုပ်တွေကိုပါ အတတ်နိုင်ဆုံး ဖြည့်စွက်ထည့်သွင်းပေးထားပါတယ်။ မိတ်ဆွေတို့အနေနဲ့ စာအုပ်တွေဖတ်တဲ့အခါ တချို့စာအုပ်တွေမှာ စာတွေပဲပါတဲ့စာအုပ်၊…

Read More

ထောင်တွင်းမျက်တောင်တုတိုက်ပွဲ

မြန်မာနိုင်ငံမှာ စနစ်ဆိုးတွေကြောင့် နိုင်ငံရေးအကျဉ်းကျ ထောင်ဇာတ်လမ်းတွေဟာ ခေတ်အဆက်ဆက် မပြီးမစီးနိုင်ရှိနေတယ်။ စာအုပ်စာပေ၊ အသံစာအုပ်၊ ဇာတ်ကား၊ မှတ်တမ်းရုပ်ရှင် စသဖြင့် နယ်ပယ်စုံကလည်း နည်းအမျိုးမျိုးနဲ့ မှတ်တမ်းပြုကြတယ်။ ထောင်ဆိုတာ အပြစ်ကြွေးဆပ်ရာနေရာ၊ ဘဝတက္ကသိုလ် စသဖြင့် တင်စားကြတယ်ဆိုပေမဲ့ မတရားသဖြင့် အကျဉ်းကျရသူများအတွက်ကတော့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ငရဲခံကြရပါတယ်။ ကိုယ်တစ်သက်လုံး သတိကြီးကြီးထား ရှောင်ရှားလာခဲ့တဲ့၊ ကိုယ်မဖြစ်ချင်တဲ့ ဇာတ်ကောင်တစ်ကောင်အဖြစ် ကိုယ့်ကိုယ်ကိုမွေးမြူပြီး ရှင်သန်ရေးအတွက် မာန်သွင်းရပုံတွေဟာ သူတို့ရဲ့နဂိုစိတ်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေပါတယ်။ မြန်မာနိုင်ငံအကျဉ်းထောင်စနစ်လိုမျိုး မတရားမှုကိုတွန်းလွန်သူတွေကို ဖိနှိပ်ကွပ်ညှပ်ဖို့ ရည်ရွယ်ချက်ရှိရှိ ယန္တရားတစ်ခုအဖြစ် အသုံးချရာနေရာတွေဆိုရင် အဝီစိရဲ့အောက်ထပ်လိုပါပဲ။ ဒါပေမဲ့ ဖိနှိပ်ခံတွေမှာလည်း တိုက်ပွဲပုံစံမျိုးစုံရှိပြန်တယ်။ ငရဲကိုအံတုတာပေါ့။ ဒီအပိုင်းဟာ အဲ့လိုအဖြစ်ပျက်တွေထဲက ပုံစံတစ်ခုကို တင်ဆက်ထားတာဖြစ်ပါတယ်။ အခုကြားကြရမှာ ၁၄၅/ ၅၀၅ ထောင်မှတ်စု အပိုင်း ၃…

Read More

Alternative ကိုယ်ပိုင်သံစဉ်

ငါတို့ခေတ်ရဲ့မဟာဂီတ အပိုင်း (၂) Alternative ကိုယ်ပိုင်သံစဉ် ဂီတဆိုင်ရာအစီစဉ်တစ်ခုဖြစ်တဲ့ “ငါတို့ခေတ်ရဲ့မဟာဂီတ” နောက်တစ်ပိုင်းလာပါပြီ။ ဒီနေရာမှာ နားစိုက်ကြသူ ဂီတမိတ်အပေါင်းကို BPN က အလေးအနက် တောင်းပန်စရာတစ်ခုရှိပါတယ်။ လိုတိုရှင်းပြောရရင် အခုအစီစဉ်ကို တစ်ပိုင်းပြီးတစ်ပိုင်း ခပ်စိပ်စိပ်မတင်ဆက်နိုင်တဲ့ကိစ္စပါ။ BPN အနေနဲ့ အပတ်စဉ်ထုတ်လွှင့်နေကျ အစီစဉ်တွေကိုရေးဆွဲကြရာမှာ အနည်းဆုံး နှစ်လသုံးလခန့် ကြိုတင်ပြင်ဆင်ကြရပါတယ်။ ဒါ့ပြင် တစ်ပတ် တစ်ပုဒ်သာ ထုတ်လုပ်ဖြန့်ချိကြတဲ့အတွက် ဂီတအပိုင်းတွေဟာလည်း အပတ်စဉ်အလှည့်ကျဇယားအတိုင်းသာ တင်ဆက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ထုတ်လုပ်ဖြန့်ချိရေးဇယားမှာ ဂီတအပိုင်းတွေကို ပိုမိုအလှည့်ပေးနိုင်အောင် ရှေ့ကအားနည်းချက်တွေကို မွမ်းမံပြင်ဆင်ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။ နောက်တစ်ချက်က ဒီအပိုင်းတွေထဲမှာ အစီစဉ်တင်ဆက်သူပြောတဲ့အတိုင်း နောက်ခံသီချင်းတွေကို တစ်ခုချင်းစီထည့်ထားတာမျိုးမဟုတ်ကြောင်း အသိပေးပြောကြားလိုတာဖြစ်ပါတယ်။ သီချင်းတွေထည့်ရာမှာ တင်ဆက်သူပြောတဲ့ ဂီတအမျိုးအစားတိုင်းလိုက်ပြီးထည့်ရင် ပြွတ်သိပ်ကြပ်ပြီး သီချင်းတွေချည်း အာရုံရောက်သွားနိုင်တာမို့ သတိထားရှောင်ကြဉ်ထားတာဖြစ်ပါတယ်။…

Read More

ပဥ္စလက်ကျားဖြန့်

ခေတ်သစ်မှာ မာယာတစ်သိန်းအပလိန်းအနန္တနဲ့ ဒုဇရိုက်လောကတခွင် ကြီးစိုးမင်းမူနေတာကတော့ ကျားဖြန့်လို့ခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်အလုပ်တွေဖြစ်ပါတယ်။ ဒီလုပ်ငန်း‌တွေကို ဒေသတွင်းရာဇဝတ်ဂိုဏ်း‌တွေ၊ လက်နက်ကိုင်တွေနဲ့ အစိုးရတွေကပါ ရည်ရွယ်ချက်ရှိရှိ နည်းလမ်းပေါင်းစုံ ချဉ်းကပ်ဆောင်ရွက်နေကြတယ်လို့ သတင်းမီဒီယာတွေက ထောက်ပြကြပါတယ်။ အဲ့တာကြောင့်လည်း မိုးဦးကျ‌မှိုတွေလို ဟိုတစ်အုပ်ခူးလိုက် ဒီတစ်အုပ်ပေါ်လိုက်ဖြစ်နေတာဖြစ်ပါတယ်။ ပစ်မှတ်ထားခံရတဲ့ သားကောင်တွေမှာတော့ သမင်မွေးရင်းကျားစား နွံနစ်ပြီးရင်းနစ်ကြရတာပါပဲ။ အခုဖန်တီးထုတ်လုပ်ထားတဲ့ တခန်းရပ်ပေါ့ဒ်ကတ်စ်များ အပိုင်း ၃ မှာတော့ ရန်ကုန်မြို့တစ်နေရာက ကားဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒို့လှေ့အဖွဲ့သားတွေနဲ့ BPN တို့ ပူးပေါင်းစီစဉ်တဲ့ ဒီအပိုင်းလေးကို အားလုံးနားသောတဆင်ခြင်နိုင်ကြပါစေ။ ပါဝင်သူတွေအနေနဲ့ဦးသိန်း – Aung Muuအမျိုးသမီးကားငှားသူ – အမုန်းအလုပ်လျှောက်သူ – မိုကီဦးသိန်းသား – အက်စ်စီဦးသိန်းသမီး – ရတနာဦးသိန်းမိတ်ဆွေ – William Brendaဇာတ်ကြောင်းပြော – BPN Produced…

Read More

အရင်းစစ်တော့ အမြစ်ဘယ်က

ဉာဏ်သူပုန် အပိုင်းသစ် ဉာဏ်သူပုန်ရဲ့ ဖေဖော်ဝါရီအမီတင်ဆက်တဲ့အပိုင်း ဖြစ်ပါတယ်။ နှစ်ကူးမှာ မင်္ဂလာယူဆဲဆဲလူထုကို အမင်္ဂလာနဲ့အနိဌာရုံတွေပဲ ဖြစ်စေခဲ့တဲ့ကာလအစကို စပ်စုလှတဲ့မောင်ရင်က တစ်စွန်းတစ်စ လှစ်ဟပြမှာပါ။ တကယ်လို့သင်ဟာ မှန်စီရွှေချထားတဲ့နံရံကြီးတစ်ခုကို မျက်နှာမူနေရင် ကွဲပြားလှတဲ့ ဘဝမှန်ကူကွက်တွေထဲက ကိုယ်စိုက်ကြည့်လိုက်တဲ့မှန်ကွက်ကိုပဲ မြင်ရသလိုမျိုး မောင်ရင်မြင်ခဲ့ရတဲ့ ဇာတ်ကွက်တစ်ချို့ကို ထုံးစံအတိုင်း ဥပမာဥပမေယျတွေနဲ့ နှိုင်းယှဉ်ပြောပြထားပါတယ်။ အဆွေတို့အားလုံး နားသောတဆင်ခြင်ပြီး ဒီနှစ်ဖေဖော်ဝါရီရဲ့နောက်ဆုံးနေ့မှာ ချမ်းမြေ့အားယူနိုင်ကြပါစေ၊ အကြပ်အတည်းကာလမှာ တဒင်္ဂဂယ်ပေါက်တွေ တွေ့ရှိခံစားနိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက်လိုက်ပါတယ်။

Read More

သဘာဝဘေးနဲ့ လူလုပ်ဘေး

အာကာသပုံရိပ်တွေမှာ ဆန်းကြယ်လှပစွာမြင်ရတဲ့ ကမ္ဘာဂြိုလ်ပြာလေးဟာ ရွေ့လျားနေတဲ့အရာတစ်ခုပါပဲ။ အဲ့ဒီရွေ့နေတဲ့ အလုံးကြီးမျက်နှာပြင်မှာ ရွေ့နေတဲ့ကျောက်ပြားတွေရှိပြီး ကျောက်ပြားတွေအပေါ်မှာတစ်ခါ ထပ်ရွေ့နေတဲ့ သက်ရှိတွေကလည်းရှိပြန်ပါတယ်။ ဘဝဆိုတာကိုက ရွေ့လျားမှုဖြစ်စဉ်ကြီးတစ်ခုပဲမလား။ ကမ္ဘာ့ရာသီဥတုအခင်းအကျင်းက ငြိမ်သက်အေးဆေးခဲ့တာတော့မဟုတ်ပါဘူး။ တောက်လျှောက် သဘာဝဘေးတွေနဲ့ ယှဉ်တွဲနေခဲ့ရတယ်။ ကမ္ဘာကြီးဖြစ်ပေါ်လာပုံကိုက သဘာဝဘေးတွေ အဆင့်ဆင့်ဖြတ်သန်းလို့ လာခဲ့ရတဲ့ သမိုင်းနောက်ခံရှိကြောင်း ပညာရှင်တွေ သက်သေပြကြတယ်။ အခုဆို သဘာဝဘေးတွေက အကြိမ်ရေပိုစိပ်လာတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဒီကြားထဲ လူသားတွေဖန်တီးလို့ဖြစ်ရတဲ့ လူလုပ်ဘေးတွေက မြွေပူရာကင်းမှောင့်ဖြစ်စေပါတယ်။ သဘာဝကိုပိတ်ဆို့၊ တူးဖော်၊ ပြုပြင်၊ ဖျက်ဆီးကြတဲ့ လူလုပ်ဘေးတွေအပြင် နောက်ထပ်ဘေးတစ်ခုကတော့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲပစ္စည်းတွေရဲ့ဘေး ဖြစ်ပါတယ်။ အခုအပိုင်းမှာ လူလုပ်ဘေးနဲ့ သဘာဝဘေးတို့ ကြုံဆုံလာခဲ့ရင် ဖြစ်နိုင်တဲ့ အကြောင်းအရာတွေကို နားဆင်ကြရမှာပါ။ နဂိုကမှ ဘယ်မှာမြှုပ်ထားမှန်း ရေရေရာရာမသိနိုင်တဲ့ ပေါက်ကွဲပစ္စည်းတွေဟာ ရေဘေး၊ ငလျင်ဘေးတွေကြုံရတဲ့အခါ ပဟေဠိအစစ်ဖြစ်သွားတတ်ပုံနဲ့…

Read More