Memories of a Poet

Hosted ByNyein Wai

နှစ်‌ပေါင်းများစွာ မြန်မာနိုင်ငံ၏ အတက်အကျ အစုန်အဆန် ခရီးရှည်ကြီးမှာ ပါဝင် ဖြတ်သန်းခဲ့သူတွေများစွာထဲမှာ တော်လှန်သော မြန်မာနိုင်ငံဖွား ကဗျာဆရာ တစ်ဦးဖြစ်တဲ့ ဦးငြိမ်းဝေ ဟာလည်းတစ်ဦး အပါဝင်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးကို ထင်ဟပ်ဖော်ပြနေသော ပြည်တွင်း ပြည်ပ ကဗျာများကို RFA မြန်မာပိုင်းမှာ "ကဗျာ့အိုးဝေ"ဆိုပြီး နှစ်အတော်ကြာ အသံလွှင့်ခဲ့သူ ဝါရင့် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ သူနှစ်ခြိုက်သော ကဗျာများကို "ကဗျာဆရာ၏ မှတ်ဉာဏ်များ" သို့မဟုတ် "Memories of a Poet" ဆိုတဲ့ Podcast နဲ့ သောတရှင်များဖို့ တစ်ဖန် ထုတ်လွှင့်လိုက်ရပါတယ်။ နားသောတဆင် ကြပါဦးခင်ဗျာ။

လရောင်ကို မျက်ရည်နဲ့ ဝယ်ရတဲ့ “အဝယ်တော်ဘဝတွေ”

ကရင်တိုင်းရင်းသားတွေ ကြက်ငှက်တွေလို ပုန်းနေကြရတဲ့ ဘဝတွေကြား ကိုငြိမ်းဝေရဲ့ အမှတ်တရတစ်ခု။ ဒုံသမိချောင်း‌ဘေး တောင်ရိုးထိပ်က လမင်းကြီးနဲ့ ကဗျာဆရာလှိုင်းထက်ရဲ့ အဝယ်တော်ကဗျာကို ဆက်စပ်ထားပါတယ်။ ဝင်စားနားဆင်နိုင်ကြပါစေ။

(စာကြွင်း) အခုက ၂၀၂၆ ခုနှစ်နှောင်းပိုင်းဖြစ်နေပြီဆိုတော့ ၂၀၂၁ ကနေ စတွက်ရင် စစ်အာဏာသိမ်းမှု တစ်ဝက်ကျိုးကာလ ၂၀၂၃ မှာ ကဗျာဆရာငြိမ်းဝေ ဘာပြောခဲ့လဲ? အခု ၃ နှစ်ကြာကာလမှာ ဘာတွေကွာခြားသွားပြီလဲဆိုတာ အတွေးပွားနိုင်ကြဖို့ ကဗျာဆရာ (ဦး) “ငြိမ်းဝေ” ရဲ့ ပေါ့ဒ်ကတ်စ်ကို နားဆင်ကြည့်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *