အထီးကျန်နှစ်တစ်ရာ
နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ၏ ဂုဏ်ကိုမရှုစိမ့်သော လက်ပါးစေများသည် အကျဉ်းထောင်တွင်း အကျဉ်းထပ်ချသော တိုက်ပိတ်ခြင်းကို လက်နက်သဖွယ်သုံးကြလေ့ရှိသည်။ တိုက်ပိတ်ခံရသည့် ဇာတ်လမ်းပေါင်းများစွာ ရေးကြ၊ ပြောကြသည်။ သို့သော်ထိုဇာတ်လမ်းများက မကုန်သွားပါ။ ကောင်းသည့်ကိစ္စမဟုတ်သော်လည်း ဇာတ်လမ်းတိုင်းမှာ ရိုးအီသွားသည်မရှိ။ တစ်ယောက်တစ်ဇာတ်လမ်း၊ ရှုမြင်ပုံတစ်မျိုးစီ၊ ဖြတ်သန်းပုံတစ်ဖုံစီသာရှိသည်။ အကြောင်းရင်းမှာ စစ်အာဏာရှင်လူတစ်စု၏ ဒီပုံဒီနည်း ဒီယုတ်မာပုံအတိုင်း မပြောင်းလဲခြင်းက အဓိကကျသည်။
စာရေးဆရာကိုယ်တွေ့ဖြတ်သန်းခဲ့ရသော ထောင်မှတ်စုကို အပိုင်း ၆ အထိ ကိုမင်းခေါင်ပြောပြပြီးပါပြီ။ ယခင်အပိုင်းမှာ စာခိုးပို့ခြင်း မိသွားသဖြင့် တိုက်ပိတ်ခံရကာ ရုပ်ပိုင်းစိတ်ပိုင်းညှင်းဆဲမှုများ ခံရသည်။ ယခုအပိုင်းမှာတော့ တိုက်ပိတ်ခံကာလအတွင်း စာရေးသူဖြတ်သန်းခဲ့သော ရှု့ထောင့်ကို နားဆင်ကြရပါမည်။ နားဆင်ရင်း မတူညီသောခေတ်၊ မတူညီသောဇာတ်လမ်းများထဲက သူ၏ ယုံကြည်ချက်ရော၊ အနုပညာဘဝကိုပါ ဘွင်းဘွင်းကြီး မြင်ယောင်ကြပါလိမ့်မည်။
ဇာတ်ညွှန်း – MYP
ဇာတ်ကြောင်းပြော – မင်းခေါင်
Illustration by Wooh
Produced by Burma Podcast Network
