Podcast for Well Being

Hosted ByAgnes

Burma Podcast Network ရဲ့ "Podcast for Wellbeing" အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများ တိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြု အဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးမယ့် ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။

Disclaimer
နားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သော အဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

အပူလုံးကြွပေမဲ့ ယူကျုံးမရမဖြစ်ရလေအောင်

လူ့ဘဝရယ်လို့ ရှိလာတဲ့အခါ ဝမ်းနည်းပူဆွေးမှုဆိုတာ ဒွန်တွဲပါနေတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဝမ်းနည်းပူဆွေးကြရတဲ့အထဲမှာ အခုခေတ်လို ထွေလီကာလီရှုပ်ပွနေတဲ့ခေတ်မှာ ပိုပြီးပူဆွေးဖို့ အကြောင်းများတတ်ကြပါတယ်။ ပျော်ရွှင်မှုကိုဖြတ်သန်းရတဲ့အခါ မသိလိုက်မသိဘာသာပေမဲ့ ဝမ်းနည်းမှုကိုကြုံရတဲ့အခါမှာတော့ ကာလရှည်လျားတတ်လေ့ရှိတာ သဘာဝတစ်ခုပါ။ ပျော်ရွှင်ဖို့ကို ဖြတ်သန်းရဲရင် ဝမ်းနည်းမှုကိုရော ဘယ်လိုဖြတ်သန်းရဲကြမလဲ။

“ဝမ်းနည်းပူဆွေးမှုနဲ့ ပတ်သက်လို့ရှိရင် ကျွန်မတို့ဆီမှာ မှားယွင်းနေတဲ့ အယူအဆတွေနဲ့ ဝမ်းနည်းပူဆွေးမှု ဖြစ်တဲ့အခါမှာ ဘယ်လိုကိုင်တွယ်ရလဲဆိုတာကို ကျွန်မတို့အနေနဲ့ ကျန်းမာတဲ့နည်းလမ်း၊ မြင်သာတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ်ဖို့အတွက် သင်ယူခြင်း မခံခဲ့ရပါဘူး။” လို့ ဆရာမ Agnes ကပြောပါတယ်။ ဆရာမဟာ Serenity Counseling and Mental Health Services ရဲ့ Founder, counseling psychologist ဖြစ်ပြီးတော့ BPN နဲ့ Podcast တွေပူးပေါင်းဖန်တီးပြီး စိတ်ကျန်းကိုယ်ခန့်ရေးအတွက် အကြံဉာဏ်ကောင်းများ၊ လေ့ကျင့်ရေးနည်းနာတွေကို လူ့ဘဝထဲမှာ ဖြန့်ဖြူးဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဆရာမပြောတဲ့ သင်ယူခြင်းမခံရတဲ့ပုံစံတွေ၊ လွဲမှားနေတဲ့ အပြုအမူတွေနဲ့ တကယ်လုပ်ဆောင်သင့်တဲ့ ဝမ်းနည်းမှုကျော်လွှားရေးနည်းလမ်းတွေကို အခုအပိုင်းမှာ နားဆင်ကြရမှာဖြစ်ပါတယ်။ ဆရာမရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ လူမှုဘဝမှာကြုံရလေ့ရှိတဲ့ ဓမ္မတာသဘောကို ပညာရပ်ဆန်မှုတွေကြားထဲက လူသားဆန်ဆန် မျှဝေဆွေးနွေးထားပါတယ်။

Disclaimer

နားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *