၂၀၀၀ ခုနှစ်တွေရဲ့ အနောက်ကမ္ဘာဂီတ
ငါတို့ခေတ်ရဲ့မဟာဂီတ အပိုင်း (၃)
၂၀၀၀ ခုနှစ်တွေရဲ့ အနောက်ကမ္ဘာဂီတ
စာရေးသူလက်လှမ်းမီသလောက်စုစည်းထားတဲ့ ၂၀၀၀ ခုနှစ်တွေတုန်းက အနောက်တိုင်းဂီတအမျိုးအစားတွေကို ပြောပြထားတဲ့အပိုင်းဖြစ်ပါတယ်။ မြန်မာပြည်မှာခေတ်မစားသေးပေမဲ့ အနောက်တိုင်းမှာ ခေတ်ကုန်နေပြီဖြစ်တဲ့ ဂီတတွေအပြင် IDM, Post-Britpop, Indie rock, Pop Punk, Post-grunge, Nu metal, Emo, Hip Hop စတဲ့ ဂီတပေါင်းစုံ၊ ဂီတအဖွဲ့ပေါင်းစုံကို ဂီတမိတ်ဆွေတွေအတွက် ဗဟုသုတပွားပြီး အရသာခံနိုင်ဖို့ တင်ဆက်လိုက်ရပါတယ်။ တီးလုံးတွေကိုတော့ ထုံးစံအတိုင်း မူလဂီတအမျိုးအစားနဲ့ အနီးစပ်ဆုံးတွေကိုပဲ ရွေးချယ်ထည့်သွင်းပေးထားပါတယ်။ ညွှန်းထားတဲ့ဂီတတွေနဲ့ မူရင်းသီချင်းတွေကိုတော့ ဆိုင်ရာချန်နယ်တွေမှာ သွားရောက်နားဆင်နိုင်ကြောင်းပါ။
