Podcast For Change

Hosted ByBPN

Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ ​နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားသူတွေရဲ့ အကူညီကို ရယူပြီး ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။

အခု Podcast For Change ဆိုတဲ့အစီအစဥ်က တင်ဆက်မယ့်အကြောင်းအရာတွေက Entertainment ဆိုတဲ့ ဖျော်ဖြေရေးသဘောထက် လူမှုရေးနီတိအရ လိုအပ်နေတဲ့ တာဝန်ထမ်းပိုးဖို့ ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ နားဆင်သူများရဲ့ လူမှုဘဝ နိမ့်ပါးယုတ်လျော့လာခြင်း ကပ်ဘေးကို ကျော်လွှားနိုင်ဖို့ တစ်စိတ်တစ်ဒေသ အထောက်ကူပြုနိုင်ရန် BPN က ရည်ရွယ်ထုတ်လွှင့်တာပါ။

ခေတ်သစ်ကမ္ဘာ့ပထမဆုံး ဓါတ်ပုံတစ်ပုံအကြောင်း

နက္ခတ္တသိပ္ပံပညာဟာ ၂၀ ရာစုကစပြီး အရှိန်ဟုန်နဲ့ တိုးတက်ခဲ့ပါတယ်။ ခေတ်ဟောင်း စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေမှာဆို ၂၀၀၀ ခုနှစ် အစောပိုင်းကာလကိုတောင် ခေတ်လွန်သိပ္ပံကမ္ဘာကြီးအဖြစ် ပုံဖော်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ရှိ ၂၀၂၆ ထိ လူတိုင်းမိုးပျံကားတွေစီး၊ စက်ရုပ်တွေနဲ့ ချနေတာမျိုး မလုပ်နိုင်ကြသေးပါဘူး။
မဖြစ်နိုင်ဘူးထင်ရတဲ့ အယူအဆတွေလည်း ကမ္ဘေကမ္ဘာကျန်နေပါသေးတယ်။

ဒီအပိုင်းမှာ လူတွေက မဖြစ်နိုင်လောက်ဘူးလို့ သတ်မှတ်ထားတဲ့ သိပ္ပံဆိုင်ရာအယူဆတစ်ခုကို ရိုက်ချိုးပြနိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို နားဆင်ကြရမှာပါ။ ငွေကုန်ကြေးကျအလွန်များပြီး အခက်ခဲပေါင်းများစွာရှိလို့ နှစ်ပေါင်း‌ ၃/၄ ဆယ်ကျော် အချိန်ယူဆောင်ရွက်ခဲ့ကြတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဒီထဲကလူတွေဟာ အသက်ရှင်သန်နေဆဲဖြစ်တာမို့ ခေတ်သစ်သက်ရှိသမိုင်းမှာ အရေးပါတဲ့ ဖြစ်ရပ်တစ်ခုလို့ဆိုနိုင်ပါတယ်။ ဖုန်းမျက်နှာပြင်ပေါ်က သာမန်လို့ပဲထင်ရတဲ့ ပုံလေးတစ်ပုံတက်လာဖို့ ပညာရှင်တွေ ဘယ်လောက်ဆယ်စုနှစ်ချီ အားထုတ်ထားခဲ့ရလဲဆိုတဲ့ အဖြစ်ပျက်ကို နားဆင်ရမှာပါ။ ပြီးတော့ဇာတ်လမ်းမှာ အရေးကြီးတဲ့နေရာကပါဝင်ခဲ့တဲ့ အားကျဖွယ်ပညာရှင်အမျိုးသမီးတစ်ယောက်အကြောင်းလည်း ပါဝင်ပါတယ်။ ဒီအကြောင်း‌တွေကို Mooka က ပြောပြသွားမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *