Podcast For Change

Hosted ByBPN

Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ ​နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားသူတွေရဲ့ အကူညီကို ရယူပြီး ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။

အခု Podcast For Change ဆိုတဲ့အစီအစဥ်က တင်ဆက်မယ့်အကြောင်းအရာတွေက Entertainment ဆိုတဲ့ ဖျော်ဖြေရေးသဘောထက် လူမှုရေးနီတိအရ လိုအပ်နေတဲ့ တာဝန်ထမ်းပိုးဖို့ ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ နားဆင်သူများရဲ့ လူမှုဘဝ နိမ့်ပါးယုတ်လျော့လာခြင်း ကပ်ဘေးကို ကျော်လွှားနိုင်ဖို့ တစ်စိတ်တစ်ဒေသ အထောက်ကူပြုနိုင်ရန် BPN က ရည်ရွယ်ထုတ်လွှင့်တာပါ။

ဒေါ်နယ်ထရမ့်ကသိတယ်

လူ့အဖွဲ့စည်းဟာ ယဉ်ကျေးမှုအသီးသီးကိုဖြတ်သန်းလာပြီးနောက် အိမ်တွင်းစည်းကမ်း၊ ရုံးတွင်း၊ လမ်းတွင်းစည်းကမ်းတွေလည်းပြောင်းလဲလာခဲ့ပါတယ်။ လုပ်ငန်းခွင်အမျိုးစားမျိုးစုံမှာ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှု၊ အမြတ်ထုတ်မှုတွေကို ကာကွယ်တားဆီးမယ့်မူဝါဒတွေ ထည့်သွင်းကျင့်သုံးလာကြပါတယ်။

ဒီမူဝါဒတွေမှာ လုပ်ငန်းနယ်ပယ်အလိုက် အသေးစိတ်ကျင့်ဝတ်တွေ၊ ပဋိညာဉ်တွေရှိပါတယ်။ ယေဘုယျအားဖြင့်တော့ ရာထူးအာဏာအားကိုး၊ ရိက္ခာ၊ ငွေကြေး တခြားအကူညီတွေပေးပြီး အားနည်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားတာ၊ တောင်းဆိုတာ၊ ခြိမ်းခြောက်တာ၊ ဘလက္ကာယပြုတာတွေတားမြစ်တယ်။ ဝန်ထမ်းချင်းကြားမှာလည်း မလိုလားအပ်တဲ့ အပြောအဆို အပြုအမူတွေ၊ အွန်လိုင်းပေါ်ကတဆင့်ပြုလုပ်တဲ့ အမူအကျင့်တွေကို တားမြစ်တယ်။

ကျူးလွန်ရင်လည်း ချွင်းချက်မရှိ အရေးယူတာတွေ လုပ်ကြပါတယ်။ အခု ကာလမှာ အကြပ်အတည်းကို အခွင့်ကောင်းယူပြီး လူထူအပေါ်ကျူးလွန်နေကြတဲ့ ဖြစ်ရပ်တွေ အများကြီးရှိနေပါတယ်။

ဒီအပိုင်းက အဲ့ဒီလိုမိုးခါးရေသောက်ကြတဲ့ကာလဆိုးမှာ ကျင်လည်နေရတဲ့ စေတနာ့ဝန်ထမ်း NGO သမားတစ်ယောက်ရဲ့ ဒွိဟဖြစ်စရာ ဘဝအခိုက်အတန့်‌လေးကို တင်ဆက်ထားတာဖြစ်ပါတယ်။ သွက်လက်ပေါ့ပါးပြီး ရယ်စရာမောစရာလေးတွေပါနားဆင်ကြရမှာပါ။

အများသိကြတဲ့ လိုင်ယွန်းနစ်က နတ်သံနှောသရုပ်ဆောင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *