- All
- Archived
- Culture
- Drama
- Limited Podcast Series
- Music History
- Ongoing
- Personal Stories
- Poem
- Society
- Sport
- Technology
ဉာဏ်သူပုန်
Hosted ByMaung Yin & Thein Phay
တောထဲ တောင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာဟာ ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများ ဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက်ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး…
ညိုကီFM
Hosted BySammy
လွတ်လပ်စွာ နှီးနှောဖလှယ်ခွင့်၊ စကားပြောခွင့်များ ထွန်းကားခဲ့တဲ့ မြန်မာပြည်ရဲ့ ရှားပါး ခုနှစ်တွေကို ပြန်တမ်းတပြီး ဒီ Podcast ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ညကြီးပိုင်းထမင်းကြော်ဆိုင်တွေမှာ၊ နောက်ဆုံး တက္ကစီစီးရင်း ကားပိတ်တုန်း အာထုကြတဲ့ မမောတမ်း အဖြေရှာနေကြတဲ့…
90mins with Ye Aung Thu
Hosted ByYe Aung Thu
ငယ်ငယ်က မြွေတစ်ကောင်ကို သတ်ပြီးရင် ခေါင်းကိုဖြတ်ပြီး မြှုပ်ပစ်ကြရတယ်။ အထူးသဖြင့် မြွေဟောက်လိုမျိုး အဆိပ်ပြင်းတဲ့ မြွေမျိုးဆိုရင် နယ်ဖက်မှာ အခုထိ ခေါင်းကိုဖြတ် မြေမြှုပ်ပစ်လိုက်တတ်တယ်။ ဒီကောင်တွေက သူတို့ကို သတ်သွားတဲ့လူတွေကို ဓာတ်ပုံရိုက်ထားကြတယ်လို့ ယုံကြည်ကြတယ်။ ပြီးရင် နောက်မြွေတစ်ကောင်က…
၁၄၅/၅၀၅ ထောင်မှတ်စု
Hosted ByBPN
မိတ်ဆွေတို့ကို အခု မျှဝေခွင့်ရတဲ့ ဒီစာစုတွေက ယေဘုယျအားဖြင့် ကျွန်တော့်ရဲ့ ထောင်အတွေ့အကြုံတွေလို့ ဆိုနိုင်တာပေါ့လေ။ တကယ်တော့ ထောင်အတွေ့အကြုံ ဆိုတာထက် ကျွန်တော့်ရဲ့ အတ္တနောမတိ အာရုံခံစားမှု အရေးအသားတွေဆိုရင် ပိုမှန်ပါလိမ့်မယ်။ ထောင်အတွေ့အကြုံဆိုတာ ဒီဖက်နှစ်တွေမှာတော့ မထူးဆန်းတော့တဲ့ ဇာတ်လမ်းတွေပဲလေ။…
Podcast For Change
Hosted ByBPN
Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ…
ငါတို့ခေတ်ရဲ့မဟာဂီတ
Hosted ByBPN
ငါတို့ခေတ်ရဲ့မဟာဂီတ မိတ်ဆက် ဂန္ထဝင်ဖြစ်မှုဆိုတာမှာ ခေတ်အဆက်ဆက် မှတ်တမ်းအစဉ်၊ ကျမ်းအစဉ်မှာ သမိုင်းဝင်ဖော်ပြခံရမှု၊ လက်ရှိထိလည်း မတိမ်ကောသေးမှု စတာတွေပါဝင်ပါတယ်။ စာပေနဲ့အနုပညာလောကမှာ အမေမာလို့ ခေါ်ကြတဲ့ လူထုဒေါ်အမာကလည်း “ပေမီဒေါက်မီရှိမှု၊ ခမ်းနားမှုနဲ့ ဂုဏ်ယူနိုင်လောက်မှု၊ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်မှု” ဆိုတဲ့ အတိုင်းအတာနဲ့…
တခန်းရပ်ပေါ့ဒ်ကတ်စ်များ
Hosted ByBPN & Doh Hlay
ယခုအစီအစဥ်သည် ခေတ်ပေါ်အိမ်စီးကားတွေကြား ရံဖန်ရံခါ ပြည်လမ်းမပေါ် တက်လာတတ်သော လိပ်ခုံးကားကလေးနှင့်တူနေနိုင်ပါသည်။ ၂၀၂၅ ခုနှစ်မှာ မိတ်ဆွေတို့သိတဲ့အတိုင်း လူတိုင်း Content Creator တွေဖြစ်နေကြပါပြီ။ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်က တစ်ကိုယ်တော် ဖျော်ဖြေရေးသမားတွေ ဖြစ်နေကြချိန်မှာ အခုအစီအစဥ်က အတော်ခေတ်…
Digital သင်ပုန်းကြီး
Hosted ByBPN & Digixile
ဒစ်ဂျစ်တယ် သင်ပုန်းကြီး (သို့) ဒစ်ဂျစ်တယ်လုံခြုံရေးကို ရပ်ကွက်အထာဖြင့် ချဥ်းကပ်ကြည့်ခြင်း မြန်မာပြည်မှာ အင်တာနက် အသုံးပြုသူ သန်း ၃၀ ကျော် ရှိနိုင်ပါတယ်။ ဒီထဲမှာ နည်းပညာနဲ့ မနီးစပ်တဲ့ လူကြီးလူငယ်၊ နယ်ပယ်အသီးအသီးက လုပ်သားတွေ၊ အတတ်ပညာရှင်တွေ…
အထက်ဆင်
Hosted ByNyein Chan May
ဂလိုဘယ်လိုက်ဇေးရှင်း (သို့) ကမ္ဘာကြီးရဲ့ နယ်ပယ်မျိုးစုံ အရွေ့မှာ ကျွန်မတို့ရဲ့ မြန်မာပြည်ကြီးကျန်ခဲ့ပါတယ်။ ငါတော့ဖြင့် နောက်ကျမကျန်ခဲ့နိုင်ဘူးဆိုတဲ့ ဒရွတ်တိုက် ဆွဲပါသွားတဲ့ မြန်မာလူငယ်တွေက မြန်မာပြည်နဲ့ ကမ္ဘာကြီးကြား ပေါင်းကူးတံတားတွေပါပဲ။ ဒီလို ပေါင်းကူးနှီးနှောမှုတွေမှတစ်ဆင့် အင်တာနက်တောင် နပ်မမှန်တဲ့ နိုင်ငံကြီးရဲ့…
Memories of a Poet
Hosted ByNyein Wai
နှစ်ပေါင်းများစွာ မြန်မာနိုင်ငံ၏ အတက်အကျ အစုန်အဆန် ခရီးရှည်ကြီးမှာ ပါဝင် ဖြတ်သန်းခဲ့သူတွေများစွာထဲမှာ တော်လှန်သော မြန်မာနိုင်ငံဖွား ကဗျာဆရာ တစ်ဦးဖြစ်တဲ့ ဦးငြိမ်းဝေ ဟာလည်းတစ်ဦး အပါဝင်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးကို ထင်ဟပ်ဖော်ပြနေသော ပြည်တွင်း ပြည်ပ ကဗျာများကို RFA…
Ball Cast
Hosted Byကိုညို & ကိုစနေ
ကိုညိုနဲ့ ကိုစနေက မိတ်ဆွေတို့လိုပဲ ဘောလုံးပွဲ သရဲတွေဖြစ်ပါတယ်။ သူတို့နှစ်ဦး ဆုံတိုင်းကြုံတိုင်း ဘောလုံးပွဲရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ရေပက်မဝင်ပြောကြလွန်းလို့ BPN ဝိုင်းတော်သားများက မိုက်ကရိုဖုန်း တစ်လုံး ထောင်ပေးလိုက်ရာမှာတော့ Ball Cast ဖြစ်လာပါတော့တာပါပဲ ⚽️…
Straight Forward
Hosted ByShoon Naing
Straight Forward by Shoon Naing ရွှန်းနိုင် တဲ့တိုး ပြောပြီပေါ့လေ၊ ဒါမှမဟုတ်လည်း တုတ်ထိုး အိုးပေါက် ပြောတတ်သူ ရွှန်းနိုင်ပေါ့။ နာမည်မှာက အရှိန်တစ်ခုပါတယ်လို့ ခံစားမိလိမ့်မယ်။ လူငယ်တွေမှာ အရှိန်တစ်ခုရှိတယ်။ ဒါကို လူငယ်ဖြစ်ဖူးကြတဲ့သူတိုင်း…
Podcast for Well Being
Hosted ByAgnes
Burma Podcast Network ရဲ့ "Podcast for Wellbeing" အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများ တိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြု အဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးမယ့် ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ Disclaimer…