BPN Debate Lab Podcast

4 Episodes | Ongoing

All Episodes

ကလေးတိုင်းသည် အနည်းဆုံး အခြေခံပညာရေး၏ ပထမသုံးနှစ်ကို မိခင်ဘာသာစကားဖြင့် သင်ယူခွင့်ရသင့်ပါသလား? (Round 3)

ကရင်ပြည်အစွန်းအဖျားသို့ရောက်လာသူတချို့က ဒေသခံများနှင့်တွေ့ကြရာတွင် “သူတို့က မြန်မာစကားလည်းမပြောတတ်ဘူး မြန်မာပြည်နေပြီး” ဆိုသည့်စိတ်ဖြစ်ကြသည်။ ထို့အတူ ရခိုင်စကားမတတ်သော မြို/ခမီ ဒေသခံများကို “ရခိုင်ပြည်နေပြီး ရခိုင်စကားမတတ်ဘူး” ဆိုသည့် စိတ်ဖြစ်ကြပြန်သည်။ ထိုပုဂ္ဂိုလ်တို့ အိန္ဒိယ သို့မဟုတ် ထိုင်းနိုင်ငံဖက် ရောက်ကြသည့်အခါ...

မြန်မာနိုင်ငံအနေဖြင့် မည်သည့်အရာကို ပိုမိုဦးစားပေးသင့်ပါသလဲ။ စာသင်ခန်းအတွင်းရှိ ကျောင်းသားများအတွက် ပညာရေးအရည်အသွေး မြှင့်တင်ခြင်းလား၊ သို့မဟုတ် ကျောင်းပြင်ပ/ ကျောင်းမတက်နိုင်သူ ကလေးများအတွက် ပညာရေးလက်လှမ်းမီရေးလား? (Round 2)

မြန်မာပြည်ဟာ ဆင်းရဲမွဲတေတဲ့နိုင်ငံဖြစ်တယ်လို့ မျိုးဆက်များစွာက ကြေကွဲဖွယ် လက်ဆင့်ကမ်းပြောနေကြရပါတယ်။ ပြည်တွင်းစစ်ကဆက်ဖြစ်နေတော့ စစ်ဘေးဒုက္ခခံနေကြရသူတွေလည်း များစွာဆက်ရှိနေတယ်။ အလားတူ တစ်ဖက်မှာ နောက်မျိုးဆက်တွေရဲ့အနာဂတ်အလားအလာတွေဟာ မေးခွန်းထုတ် စောကြောဆွေးနွေးစရာကိစ္စကြီးဖြစ်လာပါတယ်။ ပညာရေးစနစ်လား၊ သင်ရိုးလား၊ လက်လှမ်းမီမှုလား၊ အရည်သွေးလား၊ အရေတွက်လား၊ မူဝါဒလား၊...

မြန်မာလူငယ်များသည် ကျောင်း/တက္ကသိုလ်ပညာရေးသို့ ပြန်လည်ဝင်ရောက်သင်ယူသင့်သလား (သို့မဟုတ်) သက်မွေးပညာရပ်များကို ပိုမိုအာရုံစိုက်သင့်သလား?(Round 1)

“Debate” ကို အချေအတင်ငြင်းခုံမှု၊ စကားစစ်ထိုးပွဲလို့ ဖလှယ်သုံးစွဲကြပါတယ်။ ဒီဓလေ့က တစ်ဦးနဲ့ တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကျနယဉ်ကျေးစွာ ပြောဆိုဆွေးနွေးငြင်းခုံကြတဲ့ကိစ္စဖြစ်တယ်။ ကျောင်းတက်တဲ့အရွယ်ကနေ လူတောထဲဝင်ကြရာမှာ ကိုယ်ရည်ကိုယ်သွေးအဖြစ် စကားပြောစွမ်းရည်နဲ့ သုတေသနပြု တွေးခေါ်ဆန်းစစ်နိုင်စွမ်းကို လေ့ကျင့်သုံးစွဲဖို့ရာ ပြုလုပ်ကြပါတယ်။...

BPN Debate Lab

1957 ခုနှစ်က 12 Angry Men ရုပ်ရှင်ဟာ ၉၆ မိနစ်ခန့် ကြာမြင့်ပြီး မိနစ် ၉၀ ကျော်ဟာ အခန်းငယ်တစ်ခုထဲမှာ စကားပြောနေကြတဲ့ လူ ၁၂ ဦးကိုပဲ ရိုက်ပြတာဖြစ်ပါတယ်။ ဒီလူ...