ကလေးတိုင်းသည် အနည်းဆုံး အခြေခံပညာရေး၏ ပထမသုံးနှစ်ကို မိခင်ဘာသာစကားဖြင့် သင်ယူခွင့်ရသင့်ပါသလား? (Round 3)
ကရင်ပြည်အစွန်းအဖျားသို့ရောက်လာသူတချို့က ဒေသခံများနှင့်တွေ့ကြရာတွင် “သူတို့က မြန်မာစကားလည်းမပြောတတ်ဘူး မြန်မာပြည်နေပြီး” ဆိုသည့်စိတ်ဖြစ်ကြသည်။ ထို့အတူ ရခိုင်စကားမတတ်သော မြို/ခမီ ဒေသခံများကို “ရခိုင်ပြည်နေပြီး ရခိုင်စကားမတတ်ဘူး” ဆိုသည့် စိတ်ဖြစ်ကြပြန်သည်။ ထိုပုဂ္ဂိုလ်တို့ အိန္ဒိယ သို့မဟုတ် ထိုင်းနိုင်ငံဖက် ရောက်ကြသည့်အခါ...