ဘေထုပ်တန်း
ဗဟုစုံတဲ့ရန်ကုန်၊ အခုတော့ မှောင်အတိမှာပဲ လူတွေတရုန်းရုန်းနဲ့။ တကယ်လို့ တည်ထားတဲ့ဘုရားတွေရဲ့ အံ့ဖွယ်တွေထဲမှာ အမြဲတမ်းလူစည်ကားခြင်းဆိုတာပါခဲ့ရင် ရန်ကုန်ကိုက အဲ့လိုအံ့ဖွယ်ရှိတဲ့မြို့။ ရေကြည်ရာ မြက်နုရာအမှတ်နဲ့ ရန်ကုန်ရောက်ကြသူတွေဟာ အခက်ခဲဆုံးဖြတ်သန်းပြီးမှ ရေကြည်တစ်ပေါက် သောက်ခွင့်ရတဲ့မြို့။ ကြယ်ငါးလုံးဟိုတယ်အပေါ်ဆုံးထပ်ကနေ လမ်းဘေးပလက်ဖောင်းထိ လောကဓံအစုံရှိရာမြို့ပေါ့။...
