ခံစားမှုအက်ဆေးများ (ပေါ့ဒ်ကတ်စ်စီးရီး)

3 Episodes | Ongoing
Hosted By BPN

အက်ဆေးတွေဆိုတာ စာရေးသူရဲ့ ကျင်လည်နှံ့စပ်ပုံ၊ အတွေ့အကြုံ၊ သဘောတရား၊ အချက်အလက်၊ ခံစားမှု စတာတွေရောယှက်သိုင်းဝိုင်းထားတဲ့အရေးအသားတွေဖြစ်လို့ လွတ်လပ်ကျယ်ပြန့်ပါတယ်။ ပုဂ္ဂလဓိဌာန်တွေဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်။ လက်ဖက်ရည်တစ်ကျိုက်သောက်ရင်း လှိုက်ခနဲဝင်လာတဲ့အတွေးစတွေ၊ ဆူသံညံသံကြားမှာ ကိုယ့်သမာဓိစည်းရိုးထဲကျေနပ်လုံခြုံမှုကိုခံစားရတာတွေ၊ မတောက်တခေါက်တီးမှုတ်ခဲ့ကြတဲ့ တူရိယာနေ့စွဲတွေ၊ ဘဝပေါင်းများစွာနဲ့ဆက်စပ်တဲ့ဖြတ်ဆက်အပိုင်းတွေက အက်ဆေးတွေဖြစ်နိုင်ပါတယ်။ ဒီအက်ဆေးတွေကို သောတာရုံခံစားမှုနဲ့ဆင့်ပွားနိုင်အောင် စာရေးဆရာ MYP ကရေးဖွဲ့ပြောပြပြီး BPN က အသံတွေထည့်ထားပါတယ်။ “အက်ဆေးတွေဟာ စာအားဖြင့်အရသာသိပ်ရှိပေမဲ့ အသံအားဖြင့်ဆိုရင်ရော အဆင်ပြေနိုင်မလား” ဆိုတဲ့သံသယကို ဒီအစီစဉ်နဲ့ ကြိုးစားအားစမ်းကြည့်ထားပါတယ်။ အပြုသဘောထောက်ပြကူညီမှုတွေကို ဝမ်းသာကြိုဆိုလျက်ပါ။ အဆွေတို့ အားလုံး ရသာအိုးကို ဖောက်ထုတ်မြည်းစမ်းနိုင်ကြပါစေ…
ဒီကဗျာဆန်လှပတဲ့အက်ဆေးတွေထဲမှာ
“သင့်ထက်ကြီးသူကိုတွေ့မယ်”
“ငယ်သူကိုတွေ့မယ်”
နောက်ဆုံး “သင့်ကိုယ်သင်တွေ့ပါလိမ့်မယ်”


All Episodes

ငွေငန်း၊ ရော့ခ်အင်ရိုးမှသည် အမှတ်တရသင်္ကြန်မိုးသို့

သင်္ကြန်တွင်းအထူးထုတ် နောက်တစ်ပုဒ်လာပါပြီ။ အလွမ်းဆိုတာ ဆွေးဆွေးမြေ့မြေ့ရှိလှပေမဲ့ အကြည်ဓါတ်တစ်မျိုးရှိပါတယ်။ အဲ့ဒီအရသာက ခံစားရနှစ်သက်မှုနဲ့ ဆန္ဒမကိုက်ညီမှုနှစ်ခု တွဲဖက်ပါမယ် ထင်ပါတယ်။ သင်္ကြန်အရသာကိုလည်း အလားတူ ရသပေါင်းစုံနဲ့ ချဉ်းကပ်ဆင်နွှဲရ၊ ဖြတ်သန်းရပေမဲ့ သင်္ကြန်ရေတစ်စက် တစ်ခွက်ဟာ စိတ်ကိုအများကြီး ထိခိုက်သက်ရောက်စေနိုင်ပါတယ်။...

သင်္ကြန်တမ်းချင်း

မဟာသင်္ကြန်ကာလအတွင်းမှာ အပန်းအလွမ်းပြေ အနားယူနားဆင်နိုင်ဖို့ ခံစားမှုအက်ဆေးများထဲက သင်္ကြန်တမ်းချင်းဆိုတဲ့ အက်ဆေးတစ်ပုဒ်ကို BPN က ဖန်တီးထားပါတယ်။ ခေတ်သစ်သင်္ကြန်ရဲ့ အနှစ်သာရအသစ်တွေကို စာရေးဆရာက တစ်ကွက်ချင်း ခံစားနှိုက်ထုတ်ပြထားပါတယ်။ ၆ မိနစ်စွန်းလေးပဲရှိတဲ့ ဒီအပိုင်းဟာ မိတ်ဆွေတို့အားလုံးရဲ့ ရင်အစုံကို...

မှတ်စုဟောင်းထဲက ဗန်ဂိုး ထူးအိမ်သင်သမား

ခံစားမှုအက်ဆေးများ အပိုင်း (၁) မှတ်စုဟောင်းထဲက ဗန်ဂိုး ထူးအိမ်သင်သမား ရေးဖွဲ့ပြောပြသူ MYP ကမ္ဘာ့အခင်းကျင်းက တစ်နေ့အမျိုးမျိုး မရိုးရတဲ့ အချက်အလက်တွေ၊ လူ့အဖွဲ့အစည်းရဲ့ အရှုပ်တော်ပုံတွေနဲ့ ငြီးငွေနောက်ကျိစရာကောင်းလှပါတယ်။ ခေတ်ရေစီးကိုက ဒီလိုမျိုးဆိုတော့ အလုံးစုံမစီးမျှောနိုင်ရင်တောင် လိုအပ်ချက်အရ...