အိမ်တွင်းပုန်းသင်္ကြန်
မြန်မာပြည်ဖွားတွေဟာ မြန်မာ့ဂီတနဲ့ ဘယ်လိုမှ မကင်းနိုင်ပါဘူး။ ပျင်းတွဲ့တွဲ့ကြီး မကြိုက်ဘူး၊ အိပ်ငိုက်တယ်၊ နားညည်းတယ်ဆိုရင်တောင် သူများဖွင့်ထားတာကနေ ကြားကြရပါတယ်။ ဒီလိုနဲ့ နားထဲမှာ လာစွဲနေတော့တာပါပဲ။ ဟိုးရှေးက မဟာဂီတသီချင်းတွေ၊ နှောင်းခေတ်ကာလပေါ်တေးတွေနဲ့ လက်ရှိ ရီမစ်၊ ဖြူးရှင်းတွေ လုပ်ကြတဲ့ ခေတ်တွေအထိ မြန်မာ့ဂီတသံမျိုးစုံက ဒီတိုင်းပြည်ထဲ မှီတင်းနေကြသူတွေအပေါ် လွှမ်းမိုးမှုရှိတယ်။ ဥပမာ မနက်ပိုင်းမင်္ဂလာယူဖွင့်တတ်တဲ့ မြန်မာတွေကြိုက်လှတဲ့ ကြည်နူးဖွယ်ရေကင်းသံ ဘုံဆောင်မြင့်သီချင်းဟာ မဟာဂီတအခြေခံကြိုးသီချင်းတွေထဲက တစ်ပုဒ်ပါ။ အဲ့ ခက်နေတာက မြန်မာသံတွေဆိုကြတော့မယ်ဆိုရင် မြန်မာသံတီးမှုတ်တတ်သူက မိတ်ဆွေအပေါင်းသင်းတွေထဲ ရှားပါးလေ့ရှိပါတယ်။ လူကြားထဲရှိနေတဲ့ ဂစ်တာတစ်လက်ကို လူတိုင်းကောက်တီးနိုင်ဖို့ဖြစ်နိုင်ပေမဲ့ မြန်မာသံတွေ၊ တူရိယာတွေကျတော့ နီးစပ်တဲ့သူတွေပဲ တီးတတ်မှုတ်တတ်တာ။ ဆိုင်ရာထွန်းကားတဲ့ ဒေသတွေမှာတော့ ပေါပါလိမ့်မယ်။ ဒါပေမဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆို ရှားတယ်လို့ဆိုနိုင်ပါတယ်။ အရင်ကတော့ ပြည်ပရောက်ဆရာကြီးတွေ၊ ပညာရှင်တွေ ဆုံရင်တီးခတ်ကြတာတွေရှိပေမဲ့…
Read More