Podcast: ဉာဏ်သူပုန်

တောထဲ တောင်ထဲမှာ ဆင်းရဲ ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာသည် ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဥာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက် ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှု နဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားသော ကွက်လပ်များအား ဝင်ရောက်ဖြည့်စွက် ဥာဏ်သူပုန် ထရခြင်းဖြစ်ပါတယ်။
မြန်မာပြည်ကြီး မှ ချစ်ခင်ရသော ဥာဏ်သူပုန် မိတ်ဆွေများ ရေဒီယို နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေ့နိုင်ကြပါစေဗျာ။

မိန်းမဆိုရင် ထမ်းပိုးနဲ့ရိုက်

မိန်းမတွေရဲ့ အခွင့်အရေးကို မသိအမှတ်မပြုတာဟာ မိန်းမတွေကို လူလို့အသိအမှတ်မပြုတဲ့ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုရေးရာ ကိစ္စတွေ အားလုံးဟာ မိန်းမတွေနဲ့လည်း အကျုံးဝင်တယ်လို့ မောင်ရင်က ဆိုထားပါတယ်။ တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရတဲ့ မီရာဘာညီအစ်မတွေအတွက် နိုဝင်ဘာလ (၂၅) ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။ကမ္ဘာတစ်ဝန်းမှာ ကျင်းပတဲ့ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာကာလလှုပ်ရှားမှုဟာ အဲ့ဒီနေ့ကစပါတယ်။ မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း အမျိုးသမီး (၁၂၀၀) ကျော် သေဆုံးခဲ့ရပါတယ်။ ဉာဏ်သူပုန်နဲ့ Burma Podcast Network မှ (၁၆) ရက်တာ ကာလလှုပ်ရှားမှုအတွင်း စနစ်ဆိုးတွေ ဓလေ့ဆိုးတွေကို အံတုနေကြသော အမေများ၊ ညီမများ၊ အဒေါ်များ…

Read More

သရော်တဲ့ ယဉ်ကျေးမှု

ဒီနှစ်ကတော့ ၂၀၂၄ ဖြစ်နေပါပြီ။ ၂၀၂၁ ရဲ့ အကျည်းတန် နေ့ရက်တွေထဲက ချစ်စရာလူထုလှုပ်ရှားမှုတွေ မှိုလိုပေါက်ခဲ့ပါတယ်။ Gen Z ဆိုတဲ့မျိုးဆက်ဟာ နှစ် ၇၀ Standard Army ဆိုတဲ့ ဖက်ဆစ် စစ်တပ်ကြီးကို တော်လှန်သရော်ခဲ့ကြသူများ ဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ်က လူရမ်းကားတွေကို “မင်းတို့ ကောင်တွေ လက်နက်ချ မဟုတ်ရင် မူစကူးဒူးတွေ ဖြစ်ကုန်မယ်” လို့ အော်ခဲ့ကြတဲ့ သရော်တတ်သော တိုင်းပြည်အတွက် ဘဝပေးနေကြတဲ့ လူငယ်တွေအကြောင်း နားဆင်ကြည့်ကြရအောင်။

Read More

ယာနားနီးချင်းဆွေမျိုးရင်း

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ မြန်မာနိုင်ငံနဲ့ လင်မယားလို ဖြစ်နေတာက မိတ်ဆွေတို့ သိကြတဲ့အတိုင်း နယ်နိမိတ်အရှည်ကြီး ထိစပ်နေတဲ့ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။ အခုချိန်မှာ ပြည်သူတွေက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဖက်ဖက်ရင်ဆိုင်နေရ၊ ရုန်းကန်နေရတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအပိုင်းမှာ မောင်ရင်က အရပ်သားတစ်ယောက်အနေနဲ့ ဘောင်တွေကို ဘယ်လိုကျော်ကြည့်ပြီး ဉာဏ်သူပုန်ထထားလဲဆိုတာ မိတ်ဆွေတို့ နားဆင်ကြည့်ပါဦး။ မိတ်ဆွေတို့ရဲ့ နိုင်ငံတကာအရေး အမြင်ကရော မောင်ရင့်အမြင်နဲ့ ထပ်တူကျနိုင်လောက်လားဆိုတာ မှတ်ချက်ပြုခဲ့ကြပါဦး။

Read More

သဘာဝဘေးမှတ်စု

ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာဟာ မူရင်းစွဲရှိတဲ့ ဒုက္ခတွေရဲ့ စံချိန်ကိုကျော်လွန်ပြီး လူဦးရေရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ ပြည်သူ ၁၈ သန်းကျော်က အကူအညီလိုအပ်နေတဲ့ ဘဝကို ရောက်နေပါတယ်။ ဒီလိုရေကြီး၊ မြေပြို၊ မုန်တိုင်းတိုက်၊ မိုးခေါင်၊ မိုးကြီး၊ အပူလိုင်းဖြတ် စတဲ့ဘေးတွေဟာ မောင်ရင်တို့ ခေတ်သစ်ကမ္ဘာရဲ့ သာမန်နေ့တွေပါပဲ All friend ဆိုတဲ့သဘောတွေ ဖြစ်လာမှာမို့ ဒါတွေနဲ့ လိုက်လျောညီထွေ နေသားကျအောင် ကြံဖန်အသက်ရှင်ကြရမယ့် အခြေအနေတစ်ခုဖြစ်နေပြီလို့ ပညာရှင်တွေက ပြောနေကြပြီ ဖြစ်ကြောင်း မောင်ရင်က “သဘာဝဘေးမှတ်စု” ဆိုပြီး ဉာဏ်သူပုန်ထထားပါတယ်။

Read More

သိုက်ကြိုးဖြတ်ရင် တကယ်ပြတ်လား။

မြန်မာ့လူ့အဖွဲ့စည်းမှာ “အောင် လံ ထူ စစ် သူ ကြီး ပွဲ” ဆိုပြီး တတွတ်တွတ်ရွတ်ကြတဲ့ မဟာဘုတ်ဗေဒင်အရ သိုက်ဖွားလို့ သတ်မှတ်ခံရသူ‌တွေကို သိုက်က လာခေါ်တတ်တယ်လို့ ပြောကြတယ်။ တကယ့်သိုက်ဖွားအဟောမှာ ဒါတွေမပါ‌‌ပေမဲ့ လုပ်စားတွေရဲ့ အဟောမှာ သိုက်ကလာမခေါ်ချင်ရင် သိုက်ကြိုးဖြတ်ပေးရတယ်လို့ ဆို‌ကြတယ်။ ဒီအပိုင်းမှာ သိုက်ကြိုးဖြတ်ဖူးတဲ့ မောင်ရင့် အတွေ့အကြုံတချို့ကို ဖောက်သည်ချထားပါတယ်။ ပြီးတော့ လူတကာသတ်မှတ်တဲ့ အနက်ရောင်ဟာ တကယ့် အမင်္ဂလာ အရောင်လားဆိုတဲ့ အကြောင်းလည်း ဆွေးနွေးတင်ပြ ဉာဏ်သူပုန်ထ ထားပါ‌သေးတယ်။

Read More

နှစ်ပြန်ကြော်သာ အမိ နှစ်ပြန်ကြော်သာ အဖ

ကိုယ့်လူတို့ရေ ဒီတိုင်းပြည်က လူငယ်မှန်ရင် နှစ်ပြန်ကြော်ကိုတော့ ဖြတ်သန်းဖူးတာပဲလို့ မောင်ရင်က ဆိုပါတယ်။ မိတ်ဆွေတို့ရော မောင်ရင်နဲ့ အတွေးသဘောထားချင်း ထပ်တူကျရဲ့လား။ လူငယ်တွေ၊ အခြေခံလူတန်းစားတွေအတွက် ပေါင်းကူးတံတားလို ဖြစ်နေတဲ့ နှစ်ပြန်ကြော်ဋီကာကို မောင်ရင်က ဉာဏ်သူပုန် ထ ထားပါတယ်။

Read More

ငါတို့ခေတ်ရဲ့ အစုအဖွဲ့

“တကယ်က အစုအဖွဲ့နဲ့ ဆောင်ရွက်ခြင်းဆိုတာ လူမှုရေးသာမက နိုင်ငံရေး ကိစ္စလည်း ဖြစ်ပါတယ်“ လို့ ဉာဏ်သူပုန်က မောင်ရင်က ဆိုထားပါတယ်။ တော်လှန်ရေးတစ်ရပ် ဆင်နွှဲနေကြတဲ့ ကာလမှာ အရင်ကတည်းက ဉာဏ်သူပုန်မထခဲ့ကြတဲ့၊ ဉာဏ်သူပုန် မထနိုင်ခဲ့ကြတဲ့ မျိုးဆက်တွေကိုလည်း တရားသံဝေဂယူပြီး သူတို့လိုစိတ်မျိုး မရှိကြဖို့၊ သူတို့လိုစိတ်မျိုး ရှိရင် တော်လှန်ရေးအရပ်ရပ်ဟာ လျှောကျပျက်စီးသွားဖို့ အင်မတန် လွယ်ကူကြောင်းကို မောင်ရင်တို့က ထောက်ပြပြောဆို ဉာဏ်သူပုန် ထထားပါတယ်။

Read More

အယ်ဖရက်နိုဘယ် မှသည် အောင်ဆန်းစုကြည်

၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာမြေမှာ နိုဘယ်ဆုရှင်တစ်ဦး မွေးဖွားခဲ့ပါတယ်။ အဆိုပါ ရှားရှားပါးပါး မြန်မာပြည်က အာဂအမျိုးသမီးကြီးတစ်ဦးရဲ့ (၇၉) နှစ်ပြည့်မွေးနေ့အကြောင်းပြုပြီး နိုဘယ်ဆုရှင်တွေအကြောင်းကို မောင်ရင်က ဉာဏ်သူပုန်ထလိုက်ရပါတယ်။

Read More

ဝါသနာကို ဖျာကာမရ

ဒီတစ်ခေါက်မှာတော့ လူငယ်တွေ ရှောင်လွှဲလို့မရတဲ့ ပြဿနာကြီးများထဲက တစ်ခုဖြစ်တဲ့ ဝါသနာ ဆိုတဲ့ကိစ္စကို မောင်ရင်က အကျယ်တဝင့် ဉာဏ်သူပုန်ထဖြစ်ခဲ့ပါတယ်။ အာကာသထဲ သွားချင်တဲ့မျိုးဆက်ဟာ စာပေးစာယူဆိုတဲ့ ဘာအဓိပ္ပါယ်မှန်းမသိတဲ့ ပညာရေးစနစ်ထဲနစ်မွန်းခဲ့ရတယ်။ တရားခံဟာ ဘယ်သူပါလဲ?

Read More

ဒစ်ဂျစ်တယ်လူ့အန္ဓများ

ဒီနေ့ကတော့ သိန်းဖေ သူပုန်ထမယ့် အလှည့်ဖြစ်ပါတယ်။ သိန်းဖေတို့လို ဝူခုန်းကားကို သူများအိမ်လှေကားခွင်မှာ တိုးဝှေ့ကြည့်ခဲ့ရတဲ့ မျိုးဆက်တွေဟာ အခုဆို ၂၉-၃၀ အရွယ်တွေ ဖြစ်လောက်ရောပေါ့။ ငါကြီးလာရင် တီဗီအပိုင်နဲ့ အဝကြည့်မယ်ဆိုတဲ့ အချိန်မှာ နိုင်ငံတော်ဆိုတာကြီးက မီးဖြတ်ချလိုက်တယ်။ လူတစ်ယောက် ဖုန်းတစ်လုံးကိုင်နိုင်ချိန်မှာ အင်တာနက်တွေ ဖြတ်တောက်ပစ်လိုက်တယ်။ လူငယ်တွေ တကယ် နှုတ်ဆိတ်သွားပြီလား? ရှေးရိုးစွဲနေကျ အမေတွေ၊ အဖွားတွေ၊ နဂါးတွေ၊ ကနားတွေ၊ ဘုရားတွေက နေရာယူလာကြပြီ မိတ်ဆွေ။ အစုအဖွဲ့လိုက် လူညွန့်တုံးသွားအောင် ဆယ်လီဘရစ်တီနဲ့ စစ်ဗိုလ်ချုပ် ကတိပြုခဲ့ကြတယ်။ အနာဂတ်ကို မြင်နေရဲ့သားနဲ့ ဆီဝင်တန်းစီနေရလို့ အရာရာ နောက်ကျကျန်ခဲ့ရတဲ့ မြန်မာနိုင်ငံလူငယ်များ ခင်ဗျာ..သိန်းဖေနှင့်အတူ ဉာဏ်သူပုန်ထရင်း အိပ်မက်များဆီ ဆက်လျှောက်လှမ်းနိုင်ကြပါစေ…။

Read More