ဒီဂျစ်တယ်လုံခြုံရေးနှင့်မိဘအုပ်ထိန်းမှု
ဖုန်းကို ကလေးက သုံးနေတာလား၊ ဖုန်းက ကလေးကို သုံးနေတာလား?
ဒီနေ့ခေတ်မှာ မိဘတွေအများစု ကြုံတွေ့နေရတာကတော့ ကလေးတွေက မနက်အိပ်ရာနိုးတာနဲ့ ဖုန်းရှာတာ၊ ထမင်းစားရင်း YouTube ကြည့်တာ၊ Game ဆော့ရင်း အချိန်ကုန်သွားတာပါ။
ဒါဆို ကလေးတွေကို ဖုန်းလုံးဝမသုံးခိုင်းသင့်ဘူးလား၊ ဒါမှမဟုတ် နည်းပညာကို ဘေးကင်းပြီး တာဝန်ယူမှုရှိရှိ အသုံးပြုတတ်အောင် ဘယ်လိုလမ်းညွှန်ပေးကြမလဲ စတာတွေကိုအခု Podcast မှာ ဆွေးနွေးထားပါတယ်။
