ပဥ္စလက်ကျားဖြန့်
ခေတ်သစ်မှာ မာယာတစ်သိန်းအပလိန်းအနန္တနဲ့ ဒုဇရိုက်လောကတခွင် ကြီးစိုးမင်းမူနေတာကတော့ ကျားဖြန့်လို့ခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်အလုပ်တွေဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို ဒေသတွင်းရာဇဝတ်ဂိုဏ်းတွေ၊ လက်နက်ကိုင်တွေနဲ့ အစိုးရတွေကပါ ရည်ရွယ်ချက်ရှိရှိ နည်းလမ်းပေါင်းစုံ ချဉ်းကပ်ဆောင်ရွက်နေကြတယ်လို့ သတင်းမီဒီယာတွေက ထောက်ပြကြပါတယ်။ အဲ့တာကြောင့်လည်း မိုးဦးကျမှိုတွေလို ဟိုတစ်အုပ်ခူးလိုက် ဒီတစ်အုပ်ပေါ်လိုက်ဖြစ်နေတာဖြစ်ပါတယ်။ ပစ်မှတ်ထားခံရတဲ့ သားကောင်တွေမှာတော့ သမင်မွေးရင်းကျားစား နွံနစ်ပြီးရင်းနစ်ကြရတာပါပဲ။
အခုဖန်တီးထုတ်လုပ်ထားတဲ့ တခန်းရပ်ပေါ့ဒ်ကတ်စ်များ အပိုင်း ၃ မှာတော့ ရန်ကုန်မြို့တစ်နေရာက ကားဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒို့လှေ့အဖွဲ့သားတွေနဲ့ BPN တို့ ပူးပေါင်းစီစဉ်တဲ့ ဒီအပိုင်းလေးကို အားလုံးနားသောတဆင်ခြင်နိုင်ကြပါစေ။
ပါဝင်သူတွေအနေနဲ့
ဦးသိန်း – Aung Muu
အမျိုးသမီးကားငှားသူ – အမုန်း
အလုပ်လျှောက်သူ – မိုကီ
ဦးသိန်းသား – အက်စ်စီ
ဦးသိန်းသမီး – ရတနာ
ဦးသိန်းမိတ်ဆွေ – William Brenda
ဇာတ်ကြောင်းပြော – BPN
Produced by ©Burma Podcast Network In collaboration with Doh Hlay.
