ညိုကီ FM အပိုင်း-၄ လာပါပြီခင်ဗျာ။ တကူးတက မမျှော်နေကြပေမဲ့လည်း တာဝန်သိစွာ တင်ဆက်လိုက်ပါတယ်။ Brad က စာကို မဖြစ်မနေ ဖတ်နေရပြီး အားကစားလုပ်ရတာ ခုံမင်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ Sammy က တောထဲရောက်လိုက် မြို့ပေါ်ရောက်လိုက်နဲ့ နောက်ဆုံးအိမ်ထောင်ကျသွားတဲ့ တံငါသည်တစ်ပိုင်း Podcaster၊ Frankie ကတော့ ကျန်းမာရေးလိုက်စားတာနဲ့ ညီမျှအောင် ပြန်သောင်းကျန်းတတ်တဲ့ ဘဝအတွေ့ကြုံများတဲ့ လူလတ်ပိုင်းမိတ်ဆွေတစ်ယောက်ပေါ့။ ဒီလူသုံးယောက်ဆုံပြီဆိုရင် စကားဝိုင်းတစ်ခုက မနက် ၃ နာရီအထိ ပြောကြဆိုကြ၊ ထောက်ခံကြ၊ ငြင်းခုန်ကြ၊ နားထောင်ကြနဲ့ နောက်တစ်နေ့ မိုးလင်းမှ အမှားပါရင် စိတ်မရှိဖို့ ဖုန်းဆက်ပြီး တောင်းပန်ကြတာက ဖြစ်ရိုးဖြစ်စဥ် တစ်ခုလိုပါပဲ။ နှစ်သစ်ကူး Jan မှာ Brad က Happy Old Year…
Read More