iann Typhoon

အထက်ဆင် အစကနဦး

မငြိမ်းချမ်းမေကို သိပါသလား မိတ်ဆွေ? နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းကို စိတ်ဝင်စားသူ မြန်မာအမျိုးသမီးတစ်ဦးရဲ့ ဖြတ်သန်းမှု၊ သင်ယူမှုနဲ့ ဓာတ်ပြုမှုတွေဟာ မငြိမ်းချမ်းမေရဲ့ “အထက်ဆင် Podcast” ဖြစ်လာပါတယ်။ အထက်ဆင် လို့ ကြားလိုက်တာနဲ့ “ဟ အမျိုးသမီးကိစ္စတွေ တော်ကီဖုတ်ကြတော့မယ် ထင်သဟ” လို့ မိတ်ဆွေတို့ ထင်မြင်မိကြမှာပါပဲ။ မှန်ပါတယ်။ မငြိမ်းချမ်းမေစကားယူပြောရရင်တော့ “အထက်ဆင်ဟာ သေးပေမဲ့လည်း ထမိန်လောက်နီးနီး ကွန်ဆာဘေးတိုက်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေမှာပါတဲ့” ။ ကဲ နားဆင်ကြည့်ကြပါတော့ဗျို့။

Read More

ဗိုလ်နေဝင်းကို ကလိတဲ့ မျက်လှည့်ဆရာကြီးရဲ့ မယားကဗျာ

ကဗျာဆရာတွေဟာ ဘယ်အခန်းကဏ္ဍကနေပြီး ပြည်သူ့ဘက်က ရပ်နေကြသလဲ? အာဏာရှင်ရဲ့ စာပေစိစစ်ရေး အမှောင်ခန်းကို ပရိယာယ်ဝင်္ကဝုတ် နဲ့ ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာ သက်သေပြခဲ့တဲ့ ပထမဆုံးကဗျာတစ်ပုဒ်အကြောင်းကို (ဦး) ငြိမ်းဝေက ဒီအပိုင်းမှာ တင်ဆက်ထားပါတယ်။ နားသောတဆင်ကြပါဦး။

Read More

အဟောင်းတွေကိုပယ်ပါ၊ အကောင်းတွေကိုမပယ်ပါနဲ့။

ဉာဏ်သူပုန်က မိတ်ဆွေများဟာ လူငယ်ဆိုတဲ့ ဖြစ်တည်မှုကို အလေးထားပါတယ်။ဒီ Podcast တွေကို ရင်ဘတ်ချင်းတူတဲ့ မိတ်ဆွေတွေစုစည်းပြီး ကိုယ့်လူတို့ အချင်းချင်းကြားထဲမှာ ဆွေးနွေးစရာလေးတွေ ဆွေးနွေးကြဖို့ တိုင်ပင်ရင်း လုပ်ဖြစ်တာပါ။ လက်ရှိအသက်အထိ ဖြတ်သန်းလာကြတဲ့အခါမှာ မောင်ရင်တို့မျိုးဆက် အဆက်ဆက်ကြုံခဲ့ရတဲ့ ယဥ်ကျေးမှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ၊ ဓလေ့ထုံးတမ်းဆိုင်ရာ ဖိနှိပ်ခံရမှုတွေကို လူငယ်အချင်းချင်း နှီးနှောဖလှယ်ပြီး အမြင်တွေတိုက်ကြည့်ကြဖို့ ရည်ရွယ်ချက်ထားပါတယ်။ဉာဏ်သူပုန်ရဲ့ Host တစ်ယောက်ဖြစ်တဲ့ မောင်ရင်က “အဟောင်းတွေကိုပယ်ပါ၊ အကောင်းတွေကို မပယ်ပါနဲ့။” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဉာဏ်သူပုန် ထ ပါတယ်။

Read More