လူလည် စစ်ကြီးကြောင့် ကမ္ဘာကြီး ပျက်နေတာ ကြာပြီ
ပျက်နေတဲ့ကမ္ဘာကြီးကို ဘယ်သူတွေဖန်တီးပြီး ဘယ်သူတွေကယ်တင်ကြမလဲဆိုတာ ငြိမ်းဝေရဲ့ စေ့စပ်လှတဲ့ ကဗျာသုတေသနတွေနဲ့ အတွေးအမြင်တွေ ဖလှယ်ထားတာ နားဆင်ကြရမှာ ဖြစ်ပါတယ်။
Read Moreပျက်နေတဲ့ကမ္ဘာကြီးကို ဘယ်သူတွေဖန်တီးပြီး ဘယ်သူတွေကယ်တင်ကြမလဲဆိုတာ ငြိမ်းဝေရဲ့ စေ့စပ်လှတဲ့ ကဗျာသုတေသနတွေနဲ့ အတွေးအမြင်တွေ ဖလှယ်ထားတာ နားဆင်ကြရမှာ ဖြစ်ပါတယ်။
Read Moreမြန်မာ့လူ့အဖွဲ့စည်းမှာ “အောင် လံ ထူ စစ် သူ ကြီး ပွဲ” ဆိုပြီး တတွတ်တွတ်ရွတ်ကြတဲ့ မဟာဘုတ်ဗေဒင်အရ သိုက်ဖွားလို့ သတ်မှတ်ခံရသူတွေကို သိုက်က လာခေါ်တတ်တယ်လို့ ပြောကြတယ်။ တကယ့်သိုက်ဖွားအဟောမှာ ဒါတွေမပါပေမဲ့ လုပ်စားတွေရဲ့ အဟောမှာ သိုက်ကလာမခေါ်ချင်ရင် သိုက်ကြိုးဖြတ်ပေးရတယ်လို့ ဆိုကြတယ်။ ဒီအပိုင်းမှာ သိုက်ကြိုးဖြတ်ဖူးတဲ့ မောင်ရင့် အတွေ့အကြုံတချို့ကို ဖောက်သည်ချထားပါတယ်။ ပြီးတော့ လူတကာသတ်မှတ်တဲ့ အနက်ရောင်ဟာ တကယ့် အမင်္ဂလာ အရောင်လားဆိုတဲ့ အကြောင်းလည်း ဆွေးနွေးတင်ပြ ဉာဏ်သူပုန်ထ ထားပါသေးတယ်။
Read Moreဘောလုံးကွင်းအမျိုးအစား အများကြီးထဲကမှ ဘယ်လိုကွင်းမျိုးကို ကန်ရတာ ကြိုက်လဲ။ မြန်မာနိုင်ငံ နဲ့ နိုင်ငံတကာမှာရော ဘယ်လိုဘောလုံးကွင်းမျိုးတွေကို ကြိုက်နှစ်သက်ကြလဲ။ ကိုညို၊ ကိုစနေ နဲ့ ကိုသက်တို့က ငယ်ငယ်တုန်းက ကန်ခဲ့ရတဲ့ ဘောလုံးကွင်းတွေအကြောင်း၊ နိုင်ငံတကာ အဆင့်မီ ဘောလုံးကွင်းတွေအကြောင်းကို ဆွေးနွေးထားကြပါတယ်။မိတ်ဆွေတို့နဲ့ရော အကြိုက်တူကြလား၊ မိတ်ဆွေတို့ကရော ဘယ်လို ဘောလုံးကွင်းတွေမှာကန်လေ့ရှိလဲ၊ ဘယ်လို ဘောလုံးကွင်းတွေကိုမှ အကြိုက်တွေ့လဲဆိုတာ ဆွေးနွေးခဲ့ပါဦးနော်။
Read Moreအထက်ဆင် Podcast က ငြိမ်းချမ်းမေ က “Sexual harassment” ဆိုတဲ့ စကားလုံးကို “လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားအနှောင့်အယှက်ပေးခြင်း” လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကား နှောင့်ယှက်မှုတွေဟာ စနစ်တကျ တိုက်ဖျက်ရမယ့် မှုခင်း၊ လူယဉ်ကျေးတွေနေတဲ့ လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာမှာ မရှိသင့်တဲ့ အလေ့အထ အဖြစ်အပျက် လို့ဆိုပါတယ်။မိတ်ဆွေတို့ကရော ငြိမ်းချမ်းမေနဲ့ သဘောထားတိုက်ဆိုင်ရဲ့လား။
Read Moreကိုယ့်လူတို့ရေ ဒီတိုင်းပြည်က လူငယ်မှန်ရင် နှစ်ပြန်ကြော်ကိုတော့ ဖြတ်သန်းဖူးတာပဲလို့ မောင်ရင်က ဆိုပါတယ်။ မိတ်ဆွေတို့ရော မောင်ရင်နဲ့ အတွေးသဘောထားချင်း ထပ်တူကျရဲ့လား။ လူငယ်တွေ၊ အခြေခံလူတန်းစားတွေအတွက် ပေါင်းကူးတံတားလို ဖြစ်နေတဲ့ နှစ်ပြန်ကြော်ဋီကာကို မောင်ရင်က ဉာဏ်သူပုန် ထ ထားပါတယ်။
Read Moreလတ်ဆက်မှုမရှိတော့တဲ့ Euro 2024 Euro ၂၀၂၄ ပွဲစဉ်တွေမှာ မိတ်ဆွေတို့ကရော ဘယ်အသင်းတွေကို အားပေးခဲ့လဲ။အားပေးခဲ့တဲ့ အသင်းနဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်း ထပ်တူကျရဲ့လား။ဘယ်လို ကစားသမားတွေကို အားအရဆုံးလဲ၊ အားမရဆုံးလဲ။ ဇွန်လ ၁၄ ရက်ကနေ ဇူလိုင်လ ၁၄ ရက်နေ့ အထိ ကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အမှတ်တရများစွာကို BPN ဝိုင်းတော်သားများဖြစ်တဲ့ ကိုညို၊ ကိုစနေ နဲ့ ကိုသက်တို့က အားပါးတရ ဆွေးနွေးထားလို့ သူတို့နဲ့ သဘောထား တူမတူ နားဆင်ကြည့်ကြပါဦး။ အမြင်လေးတွေလည်း မျှဝေပေးခဲ့ပါဦး။
Read Moreခေတ်တစ်ခေတ်အကြောင်းကို သိချင်တဲ့အခါမှာ ကဗျာတွေထဲမှာ ပြန်ရှာကြည့်လို့ ဆိုကြပါတယ်။ စစ်ဖိနပ်အောက်က ရုန်းကန်သံတွေဟာ ဒီနေ့ဒီအချိန်အထိ သောင်ရင်းမြစ်တစ်လျှောက် ပဲ့တင်ထပ်နေခဲ့တာ နှစ်ခုနှစ်ဆယ် ကျော်ခဲ့ပါပြီ။ “မိုးပြိုည”ဆိုတဲ့ ဒီကဗျာတစ်ပုဒ်ကလည်း ခေတ်ပျက်ကြီးထဲက မှတ်တမ်းတစ်စောင်ပါပဲ။ နားဆင်ကြပါဦးဗျာ။
Read More“တကယ်က အစုအဖွဲ့နဲ့ ဆောင်ရွက်ခြင်းဆိုတာ လူမှုရေးသာမက နိုင်ငံရေး ကိစ္စလည်း ဖြစ်ပါတယ်“ လို့ ဉာဏ်သူပုန်က မောင်ရင်က ဆိုထားပါတယ်။ တော်လှန်ရေးတစ်ရပ် ဆင်နွှဲနေကြတဲ့ ကာလမှာ အရင်ကတည်းက ဉာဏ်သူပုန်မထခဲ့ကြတဲ့၊ ဉာဏ်သူပုန် မထနိုင်ခဲ့ကြတဲ့ မျိုးဆက်တွေကိုလည်း တရားသံဝေဂယူပြီး သူတို့လိုစိတ်မျိုး မရှိကြဖို့၊ သူတို့လိုစိတ်မျိုး ရှိရင် တော်လှန်ရေးအရပ်ရပ်ဟာ လျှောကျပျက်စီးသွားဖို့ အင်မတန် လွယ်ကူကြောင်းကို မောင်ရင်တို့က ထောက်ပြပြောဆို ဉာဏ်သူပုန် ထထားပါတယ်။
Read Moreဘောလုံးပွဲတစ်ပွဲမှာ တာဝန်ကြီးတာ ဘယ်သူလဲ။ BPN ဝိုင်းတော်သားများဖြစ်တဲ့ ကိုညိုနဲ့ ကိုမောင်တို့က ပါးစပ်နဲ့ ဘောလုံးကန်ပြီး ဘောလုံးပွဲ တစ်ပွဲရဲ့ တာဝန်အရှိဆုံး၊ တာဝန်အယူရဆုံး ပုဂ္ဂိုလ်အကြောင်း အားပါးတရ တင်ဆက် ဆွေးနွေးထားပါတယ်။
Read Moreပြောစရာတွေက များလွန်းလို့ အပိုင်းတွေ ခွဲပြောမယ့် အထက်ဆင်က ငြိမ်းချမ်းမေ ပြန်လာပါပြီ။ လက်နက်ကိုင်ဆွဲမှ လမ်းပေါ်ထွက်မှ ထင်သာမြင်သာအောင် တစ်ခုခုလုပ်ပြမှ ရန်လိုနေမှ အော်ပြနေမှ တိုက်ပွဲရယ်လို့ အမည်မြောက်တာ မဟုတ်ပါဘူး တဲ့။ အပြည်ပြည်ဆိုင်ရာ တိုက်ပွဲဝင်နေ့အကြောင်းကို ငြိမ်းချမ်းမေက သူ့အယူအဆ နဲ့ ရှုမြင်တင်ဆက်ပုံနဲ့ တင်ဆက်ထားပါတယ်။မိတ်ဆွေတို့ကို တစ်ခုခု ပြောင်းလဲစေပါလိမ့်မယ်။ နားသောတဆင်ကြည့်ကြပါ။ ငြိမ်းချမ်းမေက မြန်မာနိုင်ငံရဲ့ မိန်းမ (သို့) အမျိုးသမီးများအပေါ်ထားရှိတဲ့ ခေါက်ရိုးကျိုးနေတဲ့ ရှုထောင့်/ပုံသေနည်းများကို အရွေ့တစ်ခုဖြစ်ဖို့ အားထုတ်နေကြတဲ့ မိတ်ဆွေများထဲက တစ်ယောက်ဖြစ်ပါတယ်။
Read More