assistant_bpn

ခေတ်သစ်ကမ္ဘာ့ပထမဆုံး ဓါတ်ပုံတစ်ပုံအကြောင်း

နက္ခတ္တသိပ္ပံပညာဟာ ၂၀ ရာစုကစပြီး အရှိန်ဟုန်နဲ့ တိုးတက်ခဲ့ပါတယ်။ ခေတ်ဟောင်း စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေမှာဆို ၂၀၀၀ ခုနှစ် အစောပိုင်းကာလကိုတောင် ခေတ်လွန်သိပ္ပံကမ္ဘာကြီးအဖြစ် ပုံဖော်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ရှိ ၂၀၂၆ ထိ လူတိုင်းမိုးပျံကားတွေစီး၊ စက်ရုပ်တွေနဲ့ ချနေတာမျိုး မလုပ်နိုင်ကြသေးပါဘူး။မဖြစ်နိုင်ဘူးထင်ရတဲ့ အယူအဆတွေလည်း ကမ္ဘေကမ္ဘာကျန်နေပါသေးတယ်။ ဒီအပိုင်းမှာ လူတွေက မဖြစ်နိုင်လောက်ဘူးလို့ သတ်မှတ်ထားတဲ့ သိပ္ပံဆိုင်ရာအယူဆတစ်ခုကို ရိုက်ချိုးပြနိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို နားဆင်ကြရမှာပါ။ ငွေကုန်ကြေးကျအလွန်များပြီး အခက်ခဲပေါင်းများစွာရှိလို့ နှစ်ပေါင်း‌ ၃/၄ ဆယ်ကျော် အချိန်ယူဆောင်ရွက်ခဲ့ကြတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဒီထဲကလူတွေဟာ အသက်ရှင်သန်နေဆဲဖြစ်တာမို့ ခေတ်သစ်သက်ရှိသမိုင်းမှာ အရေးပါတဲ့ ဖြစ်ရပ်တစ်ခုလို့ဆိုနိုင်ပါတယ်။ ဖုန်းမျက်နှာပြင်ပေါ်က သာမန်လို့ပဲထင်ရတဲ့ ပုံလေးတစ်ပုံတက်လာဖို့ ပညာရှင်တွေ ဘယ်လောက်ဆယ်စုနှစ်ချီ အားထုတ်ထားခဲ့ရလဲဆိုတဲ့ အဖြစ်ပျက်ကို နားဆင်ရမှာပါ။ ပြီးတော့ဇာတ်လမ်းမှာ အရေးကြီးတဲ့နေရာကပါဝင်ခဲ့တဲ့ အားကျဖွယ်ပညာရှင်အမျိုးသမီးတစ်ယောက်အကြောင်းလည်း ပါဝင်ပါတယ်။ ဒီအကြောင်း‌တွေကို…

Read More

ဝေမျှ၍အသက်ရှင်ခြင်း

အကြပ်တည်းကာလဟု မကြာခဏသုံးစွဲရသည်ကို ငြီးငွေ့လှပြီ။ သို့သော် ပကတိအခြေနေကိုလည်း မေ့ပစ်၍ မရနေကြ။ လူ့အဖွဲ့အစည်းသည် ဝေမျှ၍ ရှင်သန်၊ မျိုးဆက်တွေပွားစီး သယ်ဆောင်ကြသည်။ တစ်ဦးနှင့်တစ်ဦး စောင့်ရှောက်သောဗီဇက လူသားများကို အစာကွင်းဆက်ထိပ်ဆုံးကို ရောက်သွားစေခဲ့၏။ ထိုဗီဇသည် သမိုင်းဦးကတည်းက တိုးတက်မှုသဘောကိုဆောင်ကြောင်း အသက်နှင့်ရင်းပြီး သက်သေထူနိုင်သည်။ မိမိတို့အသက်သည်ပင် ထိုဗီဇ၏ အကျိုးကြောင့်ဖြစ်သည်။ သို့သော် လူ့အဖွဲ့အစည်းမှာ ဖျက်ဆီးတတ်သော ဉာဉ်ဆိုးကလည်း ရှိနေပြန်သည်။ ယခု‌ကာလများတွင် ဖျက်အားပိုလာသဖြင့် ဝေမျှခြင်းဖြင့် အသက်ရှင်သန်ဖို့က ပိုအရေးကြီးလာသည်။ ဝေမျှခြင်းသည် ခေတ်၏ ရှင်သန်နိုင်စွမ်းရည်တစ်ခု ဖြစ်လာကြောင်း ပိုသိသာလာသည်။ ဖျက်ဆီးရေးကာလများအတွင်းက မြေစာပင်ဖြစ်ရသူများ၊ ကူညီဝေမျှ ရှင်သန်နေကြသူများထဲမှ တချို့၏ ရင်တွင်းစကားများကို စုစည်းပြီး ယခုအပိုင်းကို ဖြန့်‌ချိလိုက်ပါသည်။ ယခုအပိုင်းကို နားဆင်ဝေမျှခြင်းဖြင့် လူ့အဖွဲ့စည်းတိုးတက်ကောင်းမွန်ရေးကို တစ်ဖက်တစ်လမ်းက ပါဝင်နိုင်ပါပြီ။ ဒီ့ထက်ပိုပြောရလျှင်…

Read More

ဟိုမီးရာ

“မိမိတို့ရဲ့ ရည်မှန်းချက်က လွတ်လပ်စွာဖော်ထုတ်ခွင့်နဲ့ အားလုံးလွှမ်းခြုံပါဝင်နိုင်မှုအပေါ် ခြေကုပ်ယူအခြေခံပြီး ဖန်တီးနိုင်စွမ်းရဲ့ ကမ္ဘာကြီးအပေါ် ပြောင်းလဲပုံသွင်းနိုင်မှုစွမ်းအားကို ယုံကြည်ပါတယ်”ဒီစကားဟာ ကမ္ဘာကျော်အစီစဉ်တစ်ခုဖြစ်တဲ့ International Writing Program (IWP) စာမျက်နှာမှာ ဖော်ပြထားတဲ့ ကောက်နုတ်ချက်တစ်ခုပါ။ IWP ဆိုတာ ကမ္ဘာ့စာပေကုလသမဂ္ဂလို့တောင် ထင်ရှားတင်စားကြပါတယ်။ လက်ရှိထိ နိုင်ငံပေါင်း ၁၆၀ က စာရေးသူအနုပညာရှင် ၁၆၀၀ ကျော်ကို အမေရိကန်နိုင်ငံ အိုင်အိုဝါမှာ‌‌ လေ့လာရေးအဖြစ် နေထိုင်စေပြီးတော့ အချင်းချင်းနှီးနှောဖလှယ်ကြဖို့ ထောက်ပံ့စုဖွဲ့ပေးခဲ့တဲ့ အစီစဉ်ပါ။ ကမ္ဘာ့စာပေယဉ်ကျေးမှုရဲ့ ပေါင်းကူးတံတားသဖွယ်ဖြစ်တဲ့အပြင် မြန်မာပြည်က ထင်ရှားတဲ့စာပေပညာရှင်‌တွေလည်း ရွေးချယ်တက်ရောက်ခွင့် ရဖူးပါတယ်။ အဲ့ဒီလူတချို့ထဲမှာ “ခံစားမှုအက်ဆေးများ”ကို တင်ဆက်နေတဲ့ စာရေးသူလည်းပါဝင်ပါတယ်။ ဒီအပိုင်းက စာရေးသူသွား‌ခဲ့တဲ့ခရီးကို အက်ဆေးအနေနဲ့ ပြန်လည်ရေးဖွဲ့ပြောပြထားတာပါ။ သူဆုံတွေ့ခဲ့ရတဲ့ အာဖဂန်နစ္စတန်က အကျော်အမော်စာရေးဆရာမတစ်ယောက်နဲ့ နေရာစိမ်း လူစိမ်း‌ ‌ဓလေ့စိမ်းတွေကြားက…

Read More

မွန်ဂိုကဗျာဆရာ ချိုအီဇင်စူရီရဲ့ “စစ်ပွဲ”

ဦးငြိမ်းဝေရဲ့ အတွေ့ကြုံများထဲက တစ်ခုဖြစ်တဲ့ တောတောင်အတွင်း ဖြတ်သန်းမှုများက စိတ်ထိခိုက်စရာ၊ မှင်သက်အံ့သြစရာ ကောင်းလှပါတယ်။ ၅ နှစ်အရွယ် ကရင်ကလေးငယ်နှင့်အတူ စစ်ပြေးကြရင်း အဖေနဲ့ဝေးရတဲ့ ကရင်ကလေးငယ်၊ တစ်ဦးတည်းသော သားငယ်ကို ထားခဲ့ရတဲ့ ကဗျာဆရာငြိမ်းဝေတို့ရဲ့ အဖြစ်အပျက် မှတ်ဉာဏ် တစ်ပိုင်းတစ်စကို မွန်ဂိုလီယား ကဗျာဆရာ ရဲ့ “စစ်ပွဲ” ဆိုတဲ့ ကဗျာနဲ့ ခံစား ဝေမျှထားပါတယ်။ နားဆင်ကြပါဦးဗျာ။

Read More

“The Morning Radio” by Yar Yar

Numun’s note: This is a blog post created by Burma Podcast Network, one of Numun’s nodes of organisers participating in Feminist Tech Playground 2.0 Connectivity & Crisis, to explore the question of how feminist networks, movements and communities can better prepare and care for ourselves in a context of multiple, interconnected  crises, especially when it comes…

Read More

အိမ်တွင်းပုန်းသင်္ကြန်

မြန်မာပြည်ဖွားတွေဟာ မြန်မာ့ဂီတနဲ့ ဘယ်လိုမှ မကင်းနိုင်ပါဘူး။ ပျင်းတွဲ့တွဲ့ကြီး မကြိုက်ဘူး၊ အိပ်ငိုက်တယ်၊ နားညည်းတယ်ဆိုရင်တောင် သူများဖွင့်ထားတာကနေ ကြားကြရပါတယ်။ ဒီလိုနဲ့ နားထဲမှာ လာစွဲနေတော့တာပါပဲ။ ဟိုးရှေးက မဟာဂီတသီချင်းတွေ၊ နှောင်းခေတ်ကာလပေါ်တေးတွေနဲ့ လက်ရှိ ရီမစ်၊ ဖြူးရှင်းတွေ လုပ်ကြတဲ့ ခေတ်တွေအထိ မြန်မာ့ဂီတသံမျိုးစုံက ဒီတိုင်းပြည်ထဲ မှီတင်းနေကြသူတွေအပေါ် လွှမ်းမိုးမှုရှိတယ်။ ဥပမာ မနက်ပိုင်းမင်္ဂလာယူဖွင့်တတ်တဲ့ မြန်မာတွေကြိုက်လှတဲ့ ကြည်နူးဖွယ်ရေကင်းသံ ဘုံဆောင်မြင့်သီချင်းဟာ မဟာဂီတအခြေခံကြိုးသီချင်းတွေထဲက တစ်ပုဒ်ပါ။ အဲ့ ခက်နေတာက မြန်မာသံတွေဆိုကြတော့မယ်ဆိုရင် မြန်မာသံတီးမှုတ်တတ်သူက မိတ်ဆွေအပေါင်းသင်းတွေထဲ ရှားပါးလေ့ရှိပါတယ်။ လူကြားထဲရှိနေတဲ့ ဂစ်တာတစ်လက်ကို လူတိုင်းကောက်တီးနိုင်ဖို့ဖြစ်နိုင်ပေမဲ့ မြန်မာသံတွေ၊ တူရိယာတွေကျတော့ နီးစပ်တဲ့သူတွေပဲ တီးတတ်မှုတ်တတ်တာ။ ဆိုင်ရာထွန်းကားတဲ့ ဒေသတွေမှာတော့ ပေါပါလိမ့်မယ်။ ဒါပေမဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆို ရှားတယ်လို့ဆိုနိုင်ပါတယ်။ အရင်ကတော့ ပြည်ပရောက်ဆရာကြီးတွေ၊ ပညာရှင်တွေ ဆုံရင်တီးခတ်ကြတာတွေရှိပေမဲ့…

Read More

ငွေငန်း၊ ရော့ခ်အင်ရိုးမှသည် အမှတ်တရသင်္ကြန်မိုးသို့

သင်္ကြန်တွင်းအထူးထုတ် နောက်တစ်ပုဒ်လာပါပြီ။ အလွမ်းဆိုတာ ဆွေးဆွေးမြေ့မြေ့ရှိလှပေမဲ့ အကြည်ဓါတ်တစ်မျိုးရှိပါတယ်။ အဲ့ဒီအရသာက ခံစားရနှစ်သက်မှုနဲ့ ဆန္ဒမကိုက်ညီမှုနှစ်ခု တွဲဖက်ပါမယ် ထင်ပါတယ်။ သင်္ကြန်အရသာကိုလည်း အလားတူ ရသပေါင်းစုံနဲ့ ချဉ်းကပ်ဆင်နွှဲရ၊ ဖြတ်သန်းရပေမဲ့ သင်္ကြန်ရေတစ်စက် တစ်ခွက်ဟာ စိတ်ကိုအများကြီး ထိခိုက်သက်ရောက်စေနိုင်ပါတယ်။ မိတ်ဆွေဟာ သင်္ကြန်ရေကိုရှောင်တိမ်းတတ်သူတစ်ဦးဖြစ်ပေမဲ့ မတော်တဆရေပက်ခံရတဲ့အခါ ဘယ်လိုခံစားရပါသလဲ။ အခုအပိုင်းမှာ ဒီအရသာကို ဖမ်းယူ frequency ညှိနိုင်ပါပြီ။ အကြောင်းမျိုးစုံကြောင့် သင်္ကြန်ရေစိုခွင့်မရှိတဲ့၊ မရတဲ့ ရင်နှစ်သည်းချာအပေါင်းကိုလည်း ဒီအပိုင်းလေးနဲ့ BPN က လက်တို့လိုက်ပါတယ်။

Read More

သင်္ကြန်တမ်းချင်း

မဟာသင်္ကြန်ကာလအတွင်းမှာ အပန်းအလွမ်းပြေ အနားယူနားဆင်နိုင်ဖို့ ခံစားမှုအက်ဆေးများထဲက သင်္ကြန်တမ်းချင်းဆိုတဲ့ အက်ဆေးတစ်ပုဒ်ကို BPN က ဖန်တီးထားပါတယ်။ ခေတ်သစ်သင်္ကြန်ရဲ့ အနှစ်သာရအသစ်တွေကို စာရေးဆရာက တစ်ကွက်ချင်း ခံစားနှိုက်ထုတ်ပြထားပါတယ်။ ၆ မိနစ်စွန်းလေးပဲရှိတဲ့ ဒီအပိုင်းဟာ မိတ်ဆွေတို့အားလုံးရဲ့ ရင်အစုံကို စူးစူးရှရှ ထိုးဖောက်ခံစားနိုင်စေလိမ့်မယ်လို့ အာမခံပါတယ်။ သင်္ကြန်ကိုယ်၌ကိုက ခေတ်အဆက်ဆက် ဒဏ္ဍာရီအဟောင်းအသစ်တို့ ပွားစီးရာပွဲတော်ကာလကြီး တစ်ခုမဟုတ်လား။ ဝေဒနာအဟောင်းအသစ်၊ သီချင်းဟောင်းအသစ်၊ ခေတ်အဟောင်းအသစ်တွေကို စာရေးသူကိုယ်တိုင် မိတ်ဆွေကိုတီးတိုးပြောပြသွားမှာပါ။ အကြိုနေ့မှာ ဒီအပုဒ်လေးနားအရသာခံပြီး မင်္ဂလာယူလိုက်ကြပါဦး။

Read More

Youth of Myanmar – A Conversation with the EU Head of Myanmar

မြန်မာနိုင်ငံဆိုင်ရာ EU အကြီးအကဲနှင့် လူငယ့်အရေး စကားဝိုင်း မြန်မာပြည်လူငယ်တွေဟာ စစ်မှုထမ်းလည်းကြောက်ရ၊ ယုံကြည်ရာအတွက် ရှေ့တန်းကတုတ်ကျင်းတွေမှာ ပေးဆပ်ရ၊ နိုင်ငံတကာမှာလည်း မြန်မာလူငယ်ဆို ဗီဇာသက်တန်းတိုးရင်း ဘဝအချိန်တွေ ကုန်နေကြရတဲ့အပေါ် ဥရောပသမဂ္ဂအနေနဲ့ ဘာအကူညီတွေပေးနိုင်ပါသလဲလို့ မေးဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအကြီးအကဲ မစ္စတာ Marc Fiedrich ရဲ့ အဖြေကိုတော့ မိတ်ဆွေတို့ပဲ Podcast မှာ နားထောင်ကြည့်ပြီး Comment မှာ ဝင်ရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။ Myanmar youth are facing serious pressures today. Fear of conscription, sacrifices on the frontlines, and long years spent abroad struggling with uncertain…

Read More

သိထားသင့်တဲ့ စိတ်ဖိစီးမှုကွင်းဆက်အမျိုးမျိုး

ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ဖိစီးနေသူတွေရှိရင် ဒီအပိုင်းကို နားထောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ကနေ့ခေတ်လူ့အဖွဲ့အစည်းရဲ့ အခြေခံစိတ်ဒုက္ခအမျိုးမျိုးကို ‌ဘဝတစ်ခုစကတည်းက‌ ကျော်ဖြတ်ကြရာမှာ ဘယ်လိုပုံစံ‌တွေ ရှိကြလဲ ဆွေးနွေးထားပါတယ်။ Bossa nova ငြိမ့်ငြိမ့်လေးတွေနောက်ခံနဲ့ ဆရာမရဲ့ စေတနာပါပါဆွေးနွေးပြောပြမှုတွေကို နားဆင်ကြရမှာပါ။ အားလုံး စိတ်ဖိစီးမှုကို ခြေခြေမြစ်မြစ်သိမြင်ပြီး တစ်ဆင့်ချင်းဖြေလျှော့ကျော်ဖြတ်နိုင်ကြပါစေကြောင်း မျှော်လင့်ထုတ်ဝေလိုက်ရပါတယ်။ Burma Podcast Network ရဲ့ “Podcast for Well Being” အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများတိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးနေတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ Disclaimer: နားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

Read More