iann Typhoon

ဓါတ်ပုံဆရာဘဝနောက်ခံ

ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပြီဆိုရင် ကိုယ်က အဲ့ဓါတ်ပုံအပေါ် ဘယ်လိုသဘောနဲ့ရိုက်လဲ မေးခွန်းထုတ်ဖူးကြလား။ လူတွေရဲ့ အပြုအမူလေးတစ်ခုက ကမ္ဘာတည်မယ့် မှတ်တမ်းမျိုးလည်း မဖြစ်သွားနိုင်ဘူးလို့ ပြောလို့ရလား။ ကိုယ့်ဓါတ်ပုံကိုယ် ဘယ်လောက်စေတနာရှိလဲ၊ ရိုးသားမှုရှိလဲ…? အထက်ပါ မေးခွန်းတွေရဲ့ ဂယက်အနက်တွေအပြင် သတင်းမှတ်တမ်း ဓါတ်ပုံဆရာ ကိုရဲအောင်သူရဲ့ ဘဝအချိုးအဆစ်တချို့ကိုလည်း ဒီအစီအစဉ်မှာ ကြားသိကြရမှာ ဖြစ်ပါတယ်။ ဒီအစီစဉ်ကို နှောင်းလူတွေအတွက် ဓါတ်ပုံပညာဆိုင်ရာ မှတ်တမ်းမှတ်ရာ တစ်ခုအနေနဲ့ ကျန်ရှိနေအောင် BPN ဝိုင်းတော်သားတွေနဲ့ ကိုရဲအောင်သူတို့ ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။

Read More

ဉာဏ်သူပုန်ရဲ့ နှစ်ဦးဂီတလက်ဆောင်

Season 2 သင်္ကြန်ယဥ်ကျေးမှု၊ ဂီတ၊ သံချပ်နဲ့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွေအထိ နားထောင်သူတွေ လိုက်ပါခံစားနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေတို့ သင်္ကြန်မှာ ရေကစားဖို့ အခွင့်မသာရင်တောင် သင်္ကြန်အငွေ့အသက်လေး ရနိုင်ဖို့ ဉာဏ်သူပုန် နဲ့ Fmaj 7 တို့ကနေ သင်္ကြန် Podcast အထူးထုတ် နှစ်ပုဒ်ကို ကိုယ်တိုင်လည်း နားဆင်၊ မိတ်ဆွေများနဲ့လည်း ဝေမျှနိုင်ကြဖို့ Burma Podcast Network က ချစ်ခင်လေးစားစွာ တင်ဆက်လိုက်ရပါတယ်။

Read More

ဂျာမနီသို့ ရွေ့ပြောင်းနေထိုင်ခြင်းနှင့် မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူတို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများ

မိတ်ဆွေတွေအားလုံးစောင့်မျှော်နေတဲ့ အထက်ဆင် Podcast ယခုတစ်ပတ်မှာပြန်လာပါပြီ။ ဒီတစ်ပတ်မှာတော့ ဂျာမနီမှ ရွေ့ပြောင်းနေထိုင်မှု နှင့် နိုင်ငံရေးခိုလှုံခွင့်ဥပဒေဆိုင်ရာ ကျွမ်းကျင် ရှေ့နေ Mr. Christopher Wohnig နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီ Podcast မှာ.. ဂျာမနီရဲ့ နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာမူဝါဒက ဘယ်လိုရှိလဲ? ဂျာမနီကို ခိုလှုံခွင့်လျှောက်ထားသူ မြန်မာနိုင်ငံသားတွေထဲမှာ ဘယ်လိုလူမျိုးတွေပါဝင်လဲ? မအလနဲ့အပေါင်းအပါတွေက နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုတွေကို ဂျာမနီနိုင်ငံမှာရော ဘယ်လိုလုပ်နေလဲ? လိင်အကြမ်းဖက်ခံရသူ၊ လူမဆန်စွာဆက်ဆံခံရသူ၊ နှိပ်စက်ညှင်းဆဲခံရသူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ LGBTIQA+ တွေ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတဲ့အမှုတွေမှာ ဘာတွေကို ထည့်သွင်းစဉ်းစားဖို့လိုသလဲ? နိုင်ငံရေးခိုလှုံခွင့်ရှာဖွေကြတဲ့အခါမှာ အထူးသဖြင့် အမျိုးသမီးနဲ့ LGBTIQA+ တွေအနေနဲ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ? စသဖြင့် အကြောင်းအရာတွေ ပါဝင်ပါတယ်။

Read More

စာကြည့်တိုက်နဲ့ AI

ဉာဏ်သူပုန်မိတ်ဆွေတွေအားလုံး အကြပ်အတည်းကာလမှာ တဒင်္ဂဂယ်ပေါက်တွေတွေ့ပြီး ဖြေသာနိုင်ကြပါစေလို့ မောင်ရင်က နှုတ်ခွန်းဆက်လိုက်ပါတယ်။ “သိပ္ပံကို စိတ်ဝင်စားတဲ့ ကလေးတွေဟာ လက်တွေ့ဘဝစာသင်ခန်းထဲ မှာတော့ အဲ့လိုမဟုတ်နေပါဘူး။ မောင်ရင်တို့ လီပေါင်းတွေကို ဘုန်းကြီးစာကျက်သလိုကျက်ခဲ့ရတာ။ ပြီးတော့ ၁၁ ၁၁ လီနဲ့ ၁၁ ၁၂ လီဆို ဝါးတားတားပဲ။ ခုနေခါ လီပေါင်းဖြောင့်အောင်ဆိုတတ်တာတောင် ကိုယ့်ကိုယ်ကိုကျေးဇူးတင်နေရတဲ့ မဟာသိပ္ပံပညာရှင်ကြီးတွေပေါ့ဗျာ။ အဟုတ်ကို ဘွဲ့ရစာမတတ်ခေတ်။ မောင်ရင်တို့မျိုးဆက်ဟာ ခင်ညွန့်ထရိန်းဆိုပြီးတောင် စကြသေးတယ်။ ခုခေတ်မျိုးဆက်ဆို မင်းအောင်လှိုင်ထရိန်းပေါ့ AI ဆိုတာပေါ်လာတော့ အာဏာနဲ့ နည်းပညာဆိုတာ ပေါင်းစပ်ပြီး စိတ်ကူးယဉ်သိပ္ပံကား မပြောနဲ့ လက်တွေ့ဘဝမှာ နှစ်ခုပေါင်းစပ်ပြီး ပြဿနာပိုကြီးလာပါတယ်။ “ဥပမာပြောရရင် စကစရဲ့ တန်ပြန်ဒရုန်းနဲ့ ထောက်လှမ်းရေးကိရိယာ တွေဟာ အခုတဖန် ခေါင်းပြန်ထောင်လာတာကို ကိုယ့်လူတို့မြင်ကြရမှာပါ။ တစ်ဖက်မှာလည်း ကိုယ်တင်လိုက်တဲ့ ပုံတစ်ပုံကြောင့်…

Read More

သီချင်းများနှင့်ညိုကီ

အခုအလှည့်ကျသူကတော့ သီချင်းဆိုတဲ့ ညိုကီတစ်ယောက်ပါ။ အပြည့်အစုံမိတ်ဆက်ရရင် Born in Burma Art ရဲ့ Vocalist တစ်ယောက်လည်းဖြစ်၊ “နှစ်ချို့မှာတမ်း” Music Album ဖန်တီးထားသူ ကိုဂါဖြစ်ပါတယ်။ ဒီညိုကီက စကားပြောအေးသလို အင်မတန် သဘောကောင်းပါတယ်။ သီချင်းနဲ့ပတ်သက်ရင်တော့ သူသဘောမကောင်းဘူးလို့ ထင်တယ်။ အထူးသဖြင့် သူ့သီချင်းတွေကို ကော့်ဒ် ၄ ကွက်သိပြီး ဂစ်တာတီးတတ်တယ် ထင်နေတဲ့ ကျွန်တော့်လိုကောင်တွေ လက်ကမြင်းမှာ စိုးရိမ်ပုံရပါတယ်။ သူ့ရဲ့ Defense System က လှတယ်၊ သူ့ကိုယ်ပိုင် သီချင်းတွေကို ကာရာအိုကေ ဗားရှင်းထုတ်ထားပြီးတော့ သူငယ်ချင်းတွေ စကားဝိုင်း၊ အရက်ဝိုင်းသီချင်းတောင်းပြီဆို မတောက်တခေါက် ဂစ်တာသမားဆို လက်ကာပြပြီးတော့ စပီကာနဲ့ ချိတ်ပြီးဆိုတတ်တယ်။ သူ့အမူအကျင့်ကို နှစ်သက်လို့ တကူးတက ဖော်ပြတာပါ။ နားထောင်သူတွေလည်း…

Read More

အထက်ဆင်နဲ့ဖက်ရှင်

ဘတ်စ်ကားပေါ် ဖင်နှိုက်ခံရပါတယ်ဆိုမှ ဘာဝတ်ထားလို့လဲ မမေးကြပါနဲ့ ကိုကို မမ ဦးဦး ဒေါ်ဒေါ်တို့ရေ…“တောင်းမှာ အကွပ် လူမှာအဝတ်” ဆိုတာ ရှိသည်မှန်သော်လည်း ကျွန်မတို့ရဲ့ အဝတ်အစားရွေးချယ်မှုက နှာဘူးများအတွက် ကျူးလွန်ခွင့်လက်မှတ်လား? တော်တို့ပဲ စဥ်းစားကြပါလေ။ စဥ်းစားရခက်ရင်တော့ “အထက်ဆင်နဲ့ဖက်ရှင်” ဆိုတဲ့မငြိမ်းချမ်းမေနဲ့ တော်လှန်သော ဖက်ရှင်ဒီဇိုင်နာ Nico တို့ အကြိတ်အနယ် ဆွေးနွေးတင်ဆက်ထားတဲ့ အပိုင်းလေး နားဆင်ကြည့်ပါဦး။

Read More

သက်ရှိဉာဏ်သူပုန် ဗားရှင်း ၂၀၂၄

“ဒီအာဏာသိမ်းမှု ၄ နှစ်ရှိသွားတဲ့ကိစ္စကို ဘယ်လိုခေါင်းစဉ်တပ်မလဲ စဉ်းစားရတာ အတော်ခွကျတဲ့ကိစ္စပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့ ရောက်တိုင်း စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စည်းရုံးဆော်ဩတာတွေ လုပ်တဲ့အခါ ဘယ်လို ခေါင်းစဉ်တပ်ရမလဲ စဉ်းစားရတာက အလွန်ခွကျကြောင်း ဒီထဲမှာ ပါဝင်နေသူတိုင်း ကြုံကြရပါတယ်။ ဟုတ်တယ်လေ… အာဏာသိမ်း ၄ နှစ်ပြည့်လား၊ အာဏာသိမ်း နှစ်ပတ်လည်လား၊ အာဏာသိမ်း ရတုလား ဘာလား၊ ဒီကိစ္စဟာအနိဌာရုံကိစ္စကြီးဗျာ။ ဘယ်သူက မင်္ဂလာခေါင်းစဉ်တပ်ချင်မလဲ။ တပ်ရင် ကိုယ့်လူတို့လည်း ကြံ့ခိုင်ရေးက ခင်ရီတို့၊ မဘသက ဝီရသူတို့၊ ပျူစောထီးခေါင်း ဝါသဝတို့ စစ်တပ်လော်ဘီအောက်တန်းစား တစ်အုပ်တို့နဲ့ တန်းညီသွားမှာ။” အပေါ်ကစကားက စစ်အာဏာသိမ်း ၄ နှစ်ပြည့် အတွက် မောင်ရင်ရဲ့ “ဉာဏ်သူပုန်ဗားရှင်း ၂၀၂၄” ပေါ့ဒ်ကတ်စ်ထဲက ဉာဏ်သူပုန်ထမှု အချို့…

Read More

လူအများစုမသိတဲ့ ၂၀၂၅ အတွက် စိန်ခေါ်မှုများ

သမိုင်းသုတေသီ ဒေါက်တာသန်းထွန်းက ပြောတယ် “သမိုင်းကိုသင်တာ မအ အောင်လို့တဲ့”။ ဒါဆို သမိုင်းကိုပြန်ကြည့်ရအောင်..သမိုင်းမှာ လူသန်းပေါင်းများစွာ စက်မှုတော်လှန်ရေးအလွန် ဆင့်ကဲနည်းပညာတိုးတက်လာမှုကြောင့် အလုပ်လက်မဲ့ပြဿနာ ရင်ဆိုင်ခဲ့ရတယ်။ အမှီလိုက်နိုင်သူတွေအတွက် အလုပ်အကိုင်အသစ်တွေပေါ်လာပြီး ဘဝပြောင်း ချမ်းသာခဲ့ကြတယ်။ ဥပမာ – ATM စက်တွေပေါ်လာပြီး ကမ္ဘာအရပ်ရပ်က ဘဏ်ဝန်ထမ်းတွေအများပြား အလုပ်ဆုံးရှုံးခဲ့ကြသလို၊ Grab တို့ Uber တို့ကြောင့် လမ်းထိပ်က အငှားယာဥ်ဂိတ်တွေ ပျောက်ဆုံးသွားသလိုပေါ့။ ညိုကီအက်ဖ်အမ် အပိုင်း (၈) မှာ ဘဟိန်းနဲ့ အီရံက ၂၀၂၅ အလွန် AI ခရီးမှာ လှည်းပေါ်တင်ကျန်မယ့်သူ၊ လှည်းအောက် ကျကျန်ရစ်ခဲ့မယ့်သူတွေအကြောင်း​၊ သတိလွတ်ရင် ဘဝပျက်သွားနိုင်တဲ့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေကို အများနားလည်အောင် ကြိုးစားတင်ဆက်ထားပါတယ်။

Read More

ဖိုဝါဒကြီးစိုးတဲ့ တော်လှန်ရေးကြီးတော့ မဖြစ်စေလိုပါဘူး

တစ်ဦးတစ်ယောက်ချင်းကြုံရတဲ့ ပြဿနာမဟုတ်တဲ့ ဖိုဝါဒကို ဘယ်လိုတိုက်ထုတ်ကြမလဲ? တရားမျှတမှုကို ရှာဖွေဖော်ဆောင်ဖို့အတွက် ဘာတွေလုပ်လို့ရနိုင်လဲ? ပြီးခဲ့တဲ့ ရက်အနည်းငယ်က တော်လှန်ရေးနယ်မြေထဲမှာ သတင်းသမားတစ်ဦးဖြစ်တဲ့ မငြိမ်းချမ်းစုကြည်နဲ့ သူမရဲ့ ပါတနာတို့ကို အမျိုးသားတစ်ဦးက ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းကို ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်အပေါ်မှာ ကာယကံရှင်နဲ့အတူ အထက်ဆင်က ငြိမ်းချမ်းမေက တွေ့ဆုံဆွေးနွေးထားပါတယ်။

Read More

မိန်းမဆိုရင် ထမ်းပိုးနဲ့ရိုက်

မိန်းမတွေရဲ့ အခွင့်အရေးကို မသိအမှတ်မပြုတာဟာ မိန်းမတွေကို လူလို့အသိအမှတ်မပြုတဲ့ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုရေးရာ ကိစ္စတွေ အားလုံးဟာ မိန်းမတွေနဲ့လည်း အကျုံးဝင်တယ်လို့ မောင်ရင်က ဆိုထားပါတယ်။ တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရတဲ့ မီရာဘာညီအစ်မတွေအတွက် နိုဝင်ဘာလ (၂၅) ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။ကမ္ဘာတစ်ဝန်းမှာ ကျင်းပတဲ့ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာကာလလှုပ်ရှားမှုဟာ အဲ့ဒီနေ့ကစပါတယ်။ မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း အမျိုးသမီး (၁၂၀၀) ကျော် သေဆုံးခဲ့ရပါတယ်။ ဉာဏ်သူပုန်နဲ့ Burma Podcast Network မှ (၁၆) ရက်တာ ကာလလှုပ်ရှားမှုအတွင်း စနစ်ဆိုးတွေ ဓလေ့ဆိုးတွေကို အံတုနေကြသော အမေများ၊ ညီမများ၊ အဒေါ်များ…

Read More