assistant_bpn

ထောင်တွင်းမျက်တောင်တုတိုက်ပွဲ

မြန်မာနိုင်ငံမှာ စနစ်ဆိုးတွေကြောင့် နိုင်ငံရေးအကျဉ်းကျ ထောင်ဇာတ်လမ်းတွေဟာ ခေတ်အဆက်ဆက် မပြီးမစီးနိုင်ရှိနေတယ်။ စာအုပ်စာပေ၊ အသံစာအုပ်၊ ဇာတ်ကား၊ မှတ်တမ်းရုပ်ရှင် စသဖြင့် နယ်ပယ်စုံကလည်း နည်းအမျိုးမျိုးနဲ့ မှတ်တမ်းပြုကြတယ်။ ထောင်ဆိုတာ အပြစ်ကြွေးဆပ်ရာနေရာ၊ ဘဝတက္ကသိုလ် စသဖြင့် တင်စားကြတယ်ဆိုပေမဲ့ မတရားသဖြင့် အကျဉ်းကျရသူများအတွက်ကတော့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ငရဲခံကြရပါတယ်။ ကိုယ်တစ်သက်လုံး သတိကြီးကြီးထား ရှောင်ရှားလာခဲ့တဲ့၊ ကိုယ်မဖြစ်ချင်တဲ့ ဇာတ်ကောင်တစ်ကောင်အဖြစ် ကိုယ့်ကိုယ်ကိုမွေးမြူပြီး ရှင်သန်ရေးအတွက် မာန်သွင်းရပုံတွေဟာ သူတို့ရဲ့နဂိုစိတ်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေပါတယ်။ မြန်မာနိုင်ငံအကျဉ်းထောင်စနစ်လိုမျိုး မတရားမှုကိုတွန်းလွန်သူတွေကို ဖိနှိပ်ကွပ်ညှပ်ဖို့ ရည်ရွယ်ချက်ရှိရှိ ယန္တရားတစ်ခုအဖြစ် အသုံးချရာနေရာတွေဆိုရင် အဝီစိရဲ့အောက်ထပ်လိုပါပဲ။ ဒါပေမဲ့ ဖိနှိပ်ခံတွေမှာလည်း တိုက်ပွဲပုံစံမျိုးစုံရှိပြန်တယ်။ ငရဲကိုအံတုတာပေါ့။ ဒီအပိုင်းဟာ အဲ့လိုအဖြစ်ပျက်တွေထဲက ပုံစံတစ်ခုကို တင်ဆက်ထားတာဖြစ်ပါတယ်။ အခုကြားကြရမှာ ၁၄၅/ ၅၀၅ ထောင်မှတ်စု အပိုင်း ၃…

Read More

Alternative ကိုယ်ပိုင်သံစဉ်

ငါတို့ခေတ်ရဲ့မဟာဂီတ အပိုင်း (၂) Alternative ကိုယ်ပိုင်သံစဉ် ဂီတဆိုင်ရာအစီစဉ်တစ်ခုဖြစ်တဲ့ “ငါတို့ခေတ်ရဲ့မဟာဂီတ” နောက်တစ်ပိုင်းလာပါပြီ။ ဒီနေရာမှာ နားစိုက်ကြသူ ဂီတမိတ်အပေါင်းကို BPN က အလေးအနက် တောင်းပန်စရာတစ်ခုရှိပါတယ်။ လိုတိုရှင်းပြောရရင် အခုအစီစဉ်ကို တစ်ပိုင်းပြီးတစ်ပိုင်း ခပ်စိပ်စိပ်မတင်ဆက်နိုင်တဲ့ကိစ္စပါ။ BPN အနေနဲ့ အပတ်စဉ်ထုတ်လွှင့်နေကျ အစီစဉ်တွေကိုရေးဆွဲကြရာမှာ အနည်းဆုံး နှစ်လသုံးလခန့် ကြိုတင်ပြင်ဆင်ကြရပါတယ်။ ဒါ့ပြင် တစ်ပတ် တစ်ပုဒ်သာ ထုတ်လုပ်ဖြန့်ချိကြတဲ့အတွက် ဂီတအပိုင်းတွေဟာလည်း အပတ်စဉ်အလှည့်ကျဇယားအတိုင်းသာ တင်ဆက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ထုတ်လုပ်ဖြန့်ချိရေးဇယားမှာ ဂီတအပိုင်းတွေကို ပိုမိုအလှည့်ပေးနိုင်အောင် ရှေ့ကအားနည်းချက်တွေကို မွမ်းမံပြင်ဆင်ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။ နောက်တစ်ချက်က ဒီအပိုင်းတွေထဲမှာ အစီစဉ်တင်ဆက်သူပြောတဲ့အတိုင်း နောက်ခံသီချင်းတွေကို တစ်ခုချင်းစီထည့်ထားတာမျိုးမဟုတ်ကြောင်း အသိပေးပြောကြားလိုတာဖြစ်ပါတယ်။ သီချင်းတွေထည့်ရာမှာ တင်ဆက်သူပြောတဲ့ ဂီတအမျိုးအစားတိုင်းလိုက်ပြီးထည့်ရင် ပြွတ်သိပ်ကြပ်ပြီး သီချင်းတွေချည်း အာရုံရောက်သွားနိုင်တာမို့ သတိထားရှောင်ကြဉ်ထားတာဖြစ်ပါတယ်။…

Read More

ပဥ္စလက်ကျားဖြန့်

ခေတ်သစ်မှာ မာယာတစ်သိန်းအပလိန်းအနန္တနဲ့ ဒုဇရိုက်လောကတခွင် ကြီးစိုးမင်းမူနေတာကတော့ ကျားဖြန့်လို့ခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်အလုပ်တွေဖြစ်ပါတယ်။ ဒီလုပ်ငန်း‌တွေကို ဒေသတွင်းရာဇဝတ်ဂိုဏ်း‌တွေ၊ လက်နက်ကိုင်တွေနဲ့ အစိုးရတွေကပါ ရည်ရွယ်ချက်ရှိရှိ နည်းလမ်းပေါင်းစုံ ချဉ်းကပ်ဆောင်ရွက်နေကြတယ်လို့ သတင်းမီဒီယာတွေက ထောက်ပြကြပါတယ်။ အဲ့တာကြောင့်လည်း မိုးဦးကျ‌မှိုတွေလို ဟိုတစ်အုပ်ခူးလိုက် ဒီတစ်အုပ်ပေါ်လိုက်ဖြစ်နေတာဖြစ်ပါတယ်။ ပစ်မှတ်ထားခံရတဲ့ သားကောင်တွေမှာတော့ သမင်မွေးရင်းကျားစား နွံနစ်ပြီးရင်းနစ်ကြရတာပါပဲ။ အခုဖန်တီးထုတ်လုပ်ထားတဲ့ တခန်းရပ်ပေါ့ဒ်ကတ်စ်များ အပိုင်း ၃ မှာတော့ ရန်ကုန်မြို့တစ်နေရာက ကားဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒို့လှေ့အဖွဲ့သားတွေနဲ့ BPN တို့ ပူးပေါင်းစီစဉ်တဲ့ ဒီအပိုင်းလေးကို အားလုံးနားသောတဆင်ခြင်နိုင်ကြပါစေ။ ပါဝင်သူတွေအနေနဲ့ဦးသိန်း – Aung Muuအမျိုးသမီးကားငှားသူ – အမုန်းအလုပ်လျှောက်သူ – မိုကီဦးသိန်းသား – အက်စ်စီဦးသိန်းသမီး – ရတနာဦးသိန်းမိတ်ဆွေ – William Brendaဇာတ်ကြောင်းပြော – BPN Produced…

Read More

အရင်းစစ်တော့ အမြစ်ဘယ်က

ဉာဏ်သူပုန် အပိုင်းသစ် ဉာဏ်သူပုန်ရဲ့ ဖေဖော်ဝါရီအမီတင်ဆက်တဲ့အပိုင်း ဖြစ်ပါတယ်။ နှစ်ကူးမှာ မင်္ဂလာယူဆဲဆဲလူထုကို အမင်္ဂလာနဲ့အနိဌာရုံတွေပဲ ဖြစ်စေခဲ့တဲ့ကာလအစကို စပ်စုလှတဲ့မောင်ရင်က တစ်စွန်းတစ်စ လှစ်ဟပြမှာပါ။ တကယ်လို့သင်ဟာ မှန်စီရွှေချထားတဲ့နံရံကြီးတစ်ခုကို မျက်နှာမူနေရင် ကွဲပြားလှတဲ့ ဘဝမှန်ကူကွက်တွေထဲက ကိုယ်စိုက်ကြည့်လိုက်တဲ့မှန်ကွက်ကိုပဲ မြင်ရသလိုမျိုး မောင်ရင်မြင်ခဲ့ရတဲ့ ဇာတ်ကွက်တစ်ချို့ကို ထုံးစံအတိုင်း ဥပမာဥပမေယျတွေနဲ့ နှိုင်းယှဉ်ပြောပြထားပါတယ်။ အဆွေတို့အားလုံး နားသောတဆင်ခြင်ပြီး ဒီနှစ်ဖေဖော်ဝါရီရဲ့နောက်ဆုံးနေ့မှာ ချမ်းမြေ့အားယူနိုင်ကြပါစေ၊ အကြပ်အတည်းကာလမှာ တဒင်္ဂဂယ်ပေါက်တွေ တွေ့ရှိခံစားနိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက်လိုက်ပါတယ်။

Read More

သဘာဝဘေးနဲ့ လူလုပ်ဘေး

အာကာသပုံရိပ်တွေမှာ ဆန်းကြယ်လှပစွာမြင်ရတဲ့ ကမ္ဘာဂြိုလ်ပြာလေးဟာ ရွေ့လျားနေတဲ့အရာတစ်ခုပါပဲ။ အဲ့ဒီရွေ့နေတဲ့ အလုံးကြီးမျက်နှာပြင်မှာ ရွေ့နေတဲ့ကျောက်ပြားတွေရှိပြီး ကျောက်ပြားတွေအပေါ်မှာတစ်ခါ ထပ်ရွေ့နေတဲ့ သက်ရှိတွေကလည်းရှိပြန်ပါတယ်။ ဘဝဆိုတာကိုက ရွေ့လျားမှုဖြစ်စဉ်ကြီးတစ်ခုပဲမလား။ ကမ္ဘာ့ရာသီဥတုအခင်းအကျင်းက ငြိမ်သက်အေးဆေးခဲ့တာတော့မဟုတ်ပါဘူး။ တောက်လျှောက် သဘာဝဘေးတွေနဲ့ ယှဉ်တွဲနေခဲ့ရတယ်။ ကမ္ဘာကြီးဖြစ်ပေါ်လာပုံကိုက သဘာဝဘေးတွေ အဆင့်ဆင့်ဖြတ်သန်းလို့ လာခဲ့ရတဲ့ သမိုင်းနောက်ခံရှိကြောင်း ပညာရှင်တွေ သက်သေပြကြတယ်။ အခုဆို သဘာဝဘေးတွေက အကြိမ်ရေပိုစိပ်လာတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဒီကြားထဲ လူသားတွေဖန်တီးလို့ဖြစ်ရတဲ့ လူလုပ်ဘေးတွေက မြွေပူရာကင်းမှောင့်ဖြစ်စေပါတယ်။ သဘာဝကိုပိတ်ဆို့၊ တူးဖော်၊ ပြုပြင်၊ ဖျက်ဆီးကြတဲ့ လူလုပ်ဘေးတွေအပြင် နောက်ထပ်ဘေးတစ်ခုကတော့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲပစ္စည်းတွေရဲ့ဘေး ဖြစ်ပါတယ်။ အခုအပိုင်းမှာ လူလုပ်ဘေးနဲ့ သဘာဝဘေးတို့ ကြုံဆုံလာခဲ့ရင် ဖြစ်နိုင်တဲ့ အကြောင်းအရာတွေကို နားဆင်ကြရမှာပါ။ နဂိုကမှ ဘယ်မှာမြှုပ်ထားမှန်း ရေရေရာရာမသိနိုင်တဲ့ ပေါက်ကွဲပစ္စည်းတွေဟာ ရေဘေး၊ ငလျင်ဘေးတွေကြုံရတဲ့အခါ ပဟေဠိအစစ်ဖြစ်သွားတတ်ပုံနဲ့…

Read More

မှတ်စုဟောင်းထဲက ဗန်ဂိုး ထူးအိမ်သင်သမား

ခံစားမှုအက်ဆေးများ အပိုင်း (၁) မှတ်စုဟောင်းထဲက ဗန်ဂိုး ထူးအိမ်သင်သမား ရေးဖွဲ့ပြောပြသူ MYP ကမ္ဘာ့အခင်းကျင်းက တစ်နေ့အမျိုးမျိုး မရိုးရတဲ့ အချက်အလက်တွေ၊ လူ့အဖွဲ့အစည်းရဲ့ အရှုပ်တော်ပုံတွေနဲ့ ငြီးငွေနောက်ကျိစရာကောင်းလှပါတယ်။ ခေတ်ရေစီးကိုက ဒီလိုမျိုးဆိုတော့ အလုံးစုံမစီးမျှောနိုင်ရင်တောင် လိုအပ်ချက်အရ လိုက်ပါစီးမျှောကြရတယ်။ ရသပိုင်းဆိုရင်လည်း တစ်ကမ္ဘာလုံးပေါကားရိုက်နေကြတဲ့ အနေအထားပါ။ အဲ့ဒီလိုပေါပေါတွေများများရှိလာတဲ့ လောကဓံကြီးမှာ တစ်ကွက်ဆို တစ်ကွက်ကြုံရတဲ့ စိတ်လက်အေးချမ်းခံစားရမှုတွေဟာ လူတွေ အားဆက်ရှင်သန်စရာ အတွေ့ကြုံတွေဖြစ်ပါတယ်။ အဲ့ဒီ အခိုက်အတန့်တွေက အရမ်းရှားပါးသွားတာတော့မဟုတ်ပါဘူး။ ပေါပေါလောလောမျှောနေတဲ့ အိုးခြမ်းပဲ့တွေရဲ့အောက်မှာ မြုပ်နေတဲ့အမြိုက်အိုးတွေလည်း အစီအရီ ရှိပါသေးတယ်။ အခုထုတ်လုပ်တင်ဆက်တဲ့ အစီအစဉ်ဟာ အိုးကောင်းများစွာထဲမှာ BPN ကတူးဖော်ခွင့်ရလိုက်တဲ့ နှစ်ချို့ရသာအိုးတစ်လုံးပါပဲ။ ဒါ့ပြင် စာရေးသူနဲ့ တင်ဆက်သူမတူတဲ့အစီစဉ်တွေထဲကမှ ထူးထူးခြားခြား စာရေးသူကိုယ်တိုင်ခံစားပြောပြထားတဲ့ အစီစဉ်လည်းဖြစ်ပါတယ်။ အက်ဆေးတွေဆိုတာ စာရေးသူရဲ့ ကျင်လည်နှံ့စပ်ပုံ၊ အတွေ့အကြုံ၊…

Read More

မစ်ရှဲလ်နဲ့ အိမ်ထောင်မှုသဟဇာတ

“ကျရှုံးမှုဆိုတာ ခံစားချက်တစ်ခုပါပဲ” ဒီစကားဟာ အောင်မြင်သူဌေးဖြစ်ရေးကျမ်းတစ်ခုထဲက စကားတစ်ခုနဲ့ ဆင်တူပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ လက်တွေ့မပါတဲ့ စိတ်ကူးယဉ်အကောင်းမြင်မှုတွေသိုင်းဝိုင်းပြီး ပျားရည်နဲ့ဝမ်းချနေတဲ့လောကကြီးမှာ ကိုယ့်ဘဝကို လက်တွေ့ကျကျ ဖြတ်သန်းခဲ့တဲ့သူတစ်ယောက်ရဲ့ စကားဖြစ်ပါတယ်။ သူက ခွဲခြားဆက်ဆံမှုတွေပြည့်နေတဲ့ ကမ္ဘာဂြိုလ်ပေါ်က အမျိုးသမီးတစ်ယောက်။ သည့်ပြင် အာဖရိကန်နွယ်ဖွား တစ်ခါဖြစ်နေပြန်ပါတယ်။ ကြပ်တည်းတဲ့ မိသားစုနောက်ခံနဲ့ ပတ်ဝန်းကျင်အခြေအနေတွေမှာ သူ့ဖြစ်တည်မှုဟာ စီးပွားရေး၊ လူမျိုးရေး၊ ပညာရေး အဖက်ဖက်က လက်ညှိုးထိုးလှောင်ပြောင်ခံခဲ့ရပေမဲ့ သူဟာ အိမ်ထောင်သည်ကောင်း၊ မိခင်ကောင်း၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဘဝဆိုးကြီးကို ကျော်လွှားအောင်မြင် အောင်ပန်းဆင်နိုင်ဖို့ သူစောင့်ထိန်းရတာတွေ၊ ခံယူရပ်တည်ရတာတွေလည်း ရှိတာပေါ့။ အခုအပိုင်းဟာ မစ်ရှဲလ်အိုဘားမားရဲ့ ဘုန်းတော်ဘွဲ့မဟုတ်ဘူး။ လူသားတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ စွမ်းအားကို အခန်းဆက်ပြီး လှစ်ခနဲလှစ်ခနဲ ကောက်နုတ်ပြောပြမှုသာဖြစ်ပါတယ်။ မစ်ရှဲလ်က အခုဆိုရင် အသက် ၆၀ စွန်းနေပြီ။…

Read More

အွန်လိုင်း အော်ပရာ

ထမင်းစား My Day တင်၊ ခြင်ကိုက်တဲ့အကြောင်း ပို့စ်အရှည်ကြီးတင်၊ အိပ်မပျော် Live လွှင့် ဆိုတဲ့ မိတ်ဆွေတွေရှိသလို ပါရဂူဘွဲ့ရရ၊ ဟိမဝန္တာတောင်တက်တက်၊ ဂင်္ဂါမြစ်ထဲဖုန်းပြုတ်ပဲကျကျ ဘယ်သူမှသိစရာမလိုဘူးဆိုတဲ့ မိတ်ဆွေတွေလည်း အများကြီးရှိပါတယ်။ အခု အွန်လိုင်းအော်ပရာ ဆိုတဲ့ Radio အသံဇာတ်လမ်းက Social Media ပေါ်ငွေကြေးနဲ့ လူမှုသြဇာတည်ဆောက်တဲ့ ရေစီးကြောင်းမှာ အလုံးစုံ စီးမြောသူတွေနဲ့ ချင့်ချိန်သူတွေကြား အတွန်းအတိုက်ဖြစ်စဥ်တွေကို စိတ်ကူးပုံဖော်တင်ဆက်ထားခြင်းဖြစ်ပါတယ်။ မဝါဆိုအဖြစ် မြတ် ကြေးမုံအဖြစ် Tohn နောက်ခံစကားပြောသူ BPN ဝိုင်းတော်သား တစ်ဦး Produced by ©Burma Podcast Network In collaboration with Doh Hlay.

Read More

၂၀၂၁ ရဲ့မတ်လမှာ

၁၄၅/၅၀၅ ထောင်မှတ်စု အပိုင်း ၂ – ၂၀၂၁ ရဲ့မတ်လမှာ အဲ့ဒီနှစ်ရဲ့ အစောပိုင်းလတွေမှာ လူတွေဟာ လမ်းပေါ်မှာတရုန်းရုန်းနဲ့ ရာဘာကျည်ကနေ ဗုံးသီးတွေအထိ ကြံ့ကြံ့ခံခဲ့ကြတယ်။ တောင့်ခံနေရင်းနဲ့ ခုမြင် ခုပျောက် ဖြစ်သွားသူတွေ၊ ဘယ်တော့မှ ပြန်မဆုံတော့မယ့် အထိအတွေ့ အမူအရာတွေ၊ လွင့်စင်သွားတဲ့ ဘဝတွေများခဲ့တယ်။ ဒီဘဝတွေထဲမှာ စာရေးဆရာရဲ့ ဘဝခဏခဏ‌တွေထဲက ကိုယ်ပိုင်ဖြစ်တည်မှုတစ်ခုလည်း ပါသွားတယ်။ မတရားမှုကို ရှိသမျှအားနဲ့ ကန်ဖြိုရင်း အဖမ်းခံလိုက်ရတဲ့ ဘဝဖြစ်ရပ်တစ်ခု။ ၂၀၂၁ ရဲ့မတ်လမှာ သူ့ဘဝက သီချင်းစာသားတစ်ခုထဲကလိုမျိုး ရာဇဝင်ပြောင်းခဲ့ပြီပေါ့။ အနုပညာသမားတစ်ယောက်ရဲ့ အဖမ်းခံရတဲ့အခန်းနဲ့ စစ်ကြောရေးငရဲခန်းကအသံတွေကို အခုအပိုင်းမှာ အကြမ်း အလွမ်း အ‌တွေးများစွာနဲ့ ခံစားကြားသိကြရမှာဖြစ်ပါတယ်။ ဇာတ်ညွှန်း – MYP ဇာတ်ကြောင်းပြော – မင်းခေါင် Illustration by…

Read More

ကြင်နာတဲ့အိပ်ဆေးပေးရပါရင်

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုလို့ရှိရင် လာဘ်ရဖို့အတွက် အဓိက မောင်းနှင်အားတစ်ခုက “အိပ်စက်ခြင်း” ဆိုတဲ့ ဇာတ်လိုက်ကျော်ကြီးပါပဲ။ မိတ်ပေါင်းဆွေသဟာတို့ရဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာဖို့ဆိုရင် အိပ်ပျော်ဖို့က အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ လူမှုစီးပွား၊ နိုင်ငံရေး၊ စစ်ရေးအရှုပ်ထွေးတွေ၊ မချစ်သူနဲ့ပေါင်း၊ ချစ်သူနဲ့ကွဲ၊ ချစ်သူကိုမရသေးသူအပေါင်းရဲ့ ဒုက္ခတွေကိုလည်း အိပ်စက်ခြင်းနဲ့ ခဏတဖြုတ် စိတ်ပြောင်းအားဖြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစိတ်တွေဖြစ်နေရင် ဘယ်အိပ်လို့ပျော်ပါ့မလဲ။ အဲ့တာဆို ဒီအပိုင်းကို နားထောင်လိုက်ပါ။ ဒီအပိုင်းမှာ အိပ်မပျော်တဲ့ကိစ္စကို ကျော်လွှားအောင်မြင်နည်းအမျိုးမျိုးကို နားထောင်ကြရမှာဖြစ်ပါတယ်။ ဆရာမ Agnes နဲ့ Serenity ရဲ့ စေတနာပါပါ လက်တွေ့ကျကျအကြံပြုချက်တွေ၊ ကိုယ်တိုင်အိပ်စက်ခြင်းကိစ္စကို ကျော်ဖြတ်ပုံတွေကို ပြောပြထားပါတယ်။ အားလုံးအိပ်ပျော်ညတွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ။ Burma Podcast Network ရဲ့ “Podcast for Well Being” အစီအစဥ်ဟာ အများပြည်သူများအတွက်…

Read More