ဘေထုပ်တန်း
ဗဟုစုံတဲ့ရန်ကုန်၊ အခုတော့ မှောင်အတိမှာပဲ လူတွေတရုန်းရုန်းနဲ့။ တကယ်လို့ တည်ထားတဲ့ဘုရားတွေရဲ့ အံ့ဖွယ်တွေထဲမှာ အမြဲတမ်းလူစည်ကားခြင်းဆိုတာပါခဲ့ရင် ရန်ကုန်ကိုက အဲ့လိုအံ့ဖွယ်ရှိတဲ့မြို့။ ရေကြည်ရာ မြက်နုရာအမှတ်နဲ့ ရန်ကုန်ရောက်ကြသူတွေဟာ အခက်ခဲဆုံးဖြတ်သန်းပြီးမှ ရေကြည်တစ်ပေါက် သောက်ခွင့်ရတဲ့မြို့။ ကြယ်ငါးလုံးဟိုတယ်အပေါ်ဆုံးထပ်ကနေ လမ်းဘေးပလက်ဖောင်းထိ လောကဓံအစုံရှိရာမြို့ပေါ့။
“Memory comes when memory’s old
I am never the first to know
Following the stream up North
Where do people like us float”
Lyrics – Fever Ray – “Keep the Streets Empty for Me” (2009)
သိပ်သိပ်သည်းသည်း အမှောင်ဆန်လှတဲ့ ကမ္ဘာကျော် Fever Ray ခွေက ၂၀၀၉ မှာထွက်တယ်။ အဲ့ဒီနောက် ၁၀ နှစ်အကြာမှာ စာရေးဆရာလည်း ရန်ကုန်က သူခေတ္တငှားရမ်းနေထိုင်ရာ မြို့နယ်နောက်တစ်ခုရဲ့ ဘေထုပ်တန်းကို ထွက်ခဲ့တယ်။ ပတ်လျှောက်ကြည့်ရင်း အတွေးစဉ်မှာမြောနေရင်း Fever Ray ရဲ့ “Keep the Streets Empty for Me” သီချင်းဟာ စာရေးသူရဲ့ ခေါင်းထဲမှာ အော်တိုပဲ့တင်ထပ်ပြီးပွင့်နေပါလိမ့်မယ်။ သီချင်းရဲ့ခြောက်ခြားမှု၊ လူ့အဖွဲ့အစည်းရဲ့ ခွဲခြားမှုတွေကြားထဲက အနုပညာသမားတစ်ယောက်ရဲ့ လွင့်နေတဲ့အတွေး၊ လွင့်နေတဲ့အသံတွေ နားဆင်ပြီး လွင့်လိုက်ကြပါဦး။
ပင်လယ်မချေ – ခိုင်ကျော်လင်း + ဆြာစော
ဘုံကထိန် – လင်းခေးလုလင်
