Podcast For Change

Hosted ByBPN

Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ ​နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားသူတွေရဲ့ အကူညီကို ရယူပြီး ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။

အခု Podcast For Change ဆိုတဲ့အစီအစဥ်က တင်ဆက်မယ့်အကြောင်းအရာတွေက Entertainment ဆိုတဲ့ ဖျော်ဖြေရေးသဘောထက် လူမှုရေးနီတိအရ လိုအပ်နေတဲ့ တာဝန်ထမ်းပိုးဖို့ ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ နားဆင်သူများရဲ့ လူမှုဘဝ နိမ့်ပါးယုတ်လျော့လာခြင်း ကပ်ဘေးကို ကျော်လွှားနိုင်ဖို့ တစ်စိတ်တစ်ဒေသ အထောက်ကူပြုနိုင်ရန် BPN က ရည်ရွယ်ထုတ်လွှင့်တာပါ။

ပြောပြီးရင်းပြောနေရမယ့် အကြောင်းတစ်ခု

လူမျိုးနွယ်တွေဟာ ဗြောက်အိုးကနေ အနုမြူဗုံးထိ ကောင်းနိုးရာရာ ရည်ရွယ်ချက်တွေနဲ့ တီထွင်ဖန်တီးခဲ့ကြပါတယ်။ ဒါပေမဲ့ လူမျိုးနွယ်ရဲ့ အမွေဆိုးဖြစ်တဲ့ စစ်ပွဲတွေမှာ၊ တစ်ဖက်နဲ့တစ်ဖက် သေကြေပျက်စီးကြတဲ့ ပဋိပက္ခတွေမှာသာ ဒီတီထွင်မှုတွေကို အသုံးချခဲ့ကြတဲ့အတွက် တီထွင်သူတွေမှာလည်း စိတ်ဒဏ်ရာကြီးတွေနဲ့ ကွယ်လွန်ခဲ့ကြရရှာပါတယ်။ နှစ်ပေါင်းများစွာကြာခဲ့ မျိုးဆက်တွေပြောင်းခဲ့ပေမဲ့ စစ်ပွဲတွေဟာ မပြီးနိုင် မစီးနိုင်သေးပါဘူး။ စစ်ပွဲမပြီးတော့ လူသတ်လက်နက်တွေဟာလည်း အသီးသီးခေတ်နဲ့ညီအောင် ဖန်တီးထုတ်လုပ်နေကြဆဲပါပဲ။ လူသားတွေကလည်း ဒီအန္တရာယ်ရှိ လူသတ်လက်နက်တွေနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် သမိုင်းပေးအရ သတိပေးပြောနေကြရဆဲဖြစ်ပါတယ်။

ဒီအပိုင်းက လူသားတာဝန်ထမ်းရွက်ဖို့ BPN ကတင်ဆက်နေတဲ့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေအကြောင်း နောက်ထပ်တစ်ပုဒ်ဖြစ်ပါတယ်။ ကိုလက်ဝဲ ကပြောပြမှာပါ။ ဇာတ်ညွှန်းဆရာက နားဆင်သူတွေအားလုံးအတွက် ကဗျာလေးတစ်ပုဒ်လည်းလက်ဆောင်ပါးထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *