Podcast For Change

Hosted ByBPN

Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ ​နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားသူတွေရဲ့ အကူညီကို ရယူပြီး ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။

အခု Podcast For Change ဆိုတဲ့အစီအစဥ်က တင်ဆက်မယ့်အကြောင်းအရာတွေက Entertainment ဆိုတဲ့ ဖျော်ဖြေရေးသဘောထက် လူမှုရေးနီတိအရ လိုအပ်နေတဲ့ တာဝန်ထမ်းပိုးဖို့ ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ နားဆင်သူများရဲ့ လူမှုဘဝ နိမ့်ပါးယုတ်လျော့လာခြင်း ကပ်ဘေးကို ကျော်လွှားနိုင်ဖို့ တစ်စိတ်တစ်ဒေသ အထောက်ကူပြုနိုင်ရန် BPN က ရည်ရွယ်ထုတ်လွှင့်တာပါ။

ဝေမျှ၍အသက်ရှင်ခြင်း

အကြပ်တည်းကာလဟု မကြာခဏသုံးစွဲရသည်ကို ငြီးငွေ့လှပြီ။ သို့သော် ပကတိအခြေနေကိုလည်း မေ့ပစ်၍ မရနေကြ။ လူ့အဖွဲ့အစည်းသည် ဝေမျှ၍ ရှင်သန်၊ မျိုးဆက်တွေပွားစီး သယ်ဆောင်ကြသည်။ တစ်ဦးနှင့်တစ်ဦး စောင့်ရှောက်သောဗီဇက လူသားများကို အစာကွင်းဆက်ထိပ်ဆုံးကို ရောက်သွားစေခဲ့၏။ ထိုဗီဇသည် သမိုင်းဦးကတည်းက တိုးတက်မှုသဘောကိုဆောင်ကြောင်း အသက်နှင့်ရင်းပြီး သက်သေထူနိုင်သည်။ မိမိတို့အသက်သည်ပင် ထိုဗီဇ၏ အကျိုးကြောင့်ဖြစ်သည်။

သို့သော် လူ့အဖွဲ့အစည်းမှာ ဖျက်ဆီးတတ်သော ဉာဉ်ဆိုးကလည်း ရှိနေပြန်သည်။ ယခု‌ကာလများတွင် ဖျက်အားပိုလာသဖြင့် ဝေမျှခြင်းဖြင့် အသက်ရှင်သန်ဖို့က ပိုအရေးကြီးလာသည်။ ဝေမျှခြင်းသည် ခေတ်၏ ရှင်သန်နိုင်စွမ်းရည်တစ်ခု ဖြစ်လာကြောင်း ပိုသိသာလာသည်။

ဖျက်ဆီးရေးကာလများအတွင်းက မြေစာပင်ဖြစ်ရသူများ၊ ကူညီဝေမျှ ရှင်သန်နေကြသူများထဲမှ တချို့၏ ရင်တွင်းစကားများကို စုစည်းပြီး ယခုအပိုင်းကို ဖြန့်‌ချိလိုက်ပါသည်။ ယခုအပိုင်းကို နားဆင်ဝေမျှခြင်းဖြင့် လူ့အဖွဲ့စည်းတိုးတက်ကောင်းမွန်ရေးကို တစ်ဖက်တစ်လမ်းက ပါဝင်နိုင်ပါပြီ။ ဒီ့ထက်ပိုပြောရလျှင် ဝေမျှခြင်းဖြင့် လူ့အသက်တွေကယ်တင်‌ဖို့ ဆော်ဩနိုင်ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *