Podcast for Well Being

Hosted ByAgnes

Burma Podcast Network ရဲ့ "Podcast for Wellbeing" အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများ တိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြု အဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးမယ့် ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။

Disclaimer
နားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သော အဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

ကြင်နာတဲ့အိပ်ဆေးပေးရပါရင်

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုလို့ရှိရင် လာဘ်ရဖို့အတွက် အဓိက မောင်းနှင်အားတစ်ခုက “အိပ်စက်ခြင်း” ဆိုတဲ့ ဇာတ်လိုက်ကျော်ကြီးပါပဲ။ မိတ်ပေါင်းဆွေသဟာတို့ရဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာဖို့ဆိုရင် အိပ်ပျော်ဖို့က အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ လူမှုစီးပွား၊ နိုင်ငံရေး၊ စစ်ရေးအရှုပ်ထွေးတွေ၊ မချစ်သူနဲ့ပေါင်း၊ ချစ်သူနဲ့ကွဲ၊ ချစ်သူကိုမရသေးသူအပေါင်းရဲ့ ဒုက္ခတွေကိုလည်း အိပ်စက်ခြင်းနဲ့ ခဏတဖြုတ် စိတ်ပြောင်းအားဖြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစိတ်တွေဖြစ်နေရင် ဘယ်အိပ်လို့ပျော်ပါ့မလဲ။ အဲ့တာဆို ဒီအပိုင်းကို နားထောင်လိုက်ပါ။

ဒီအပိုင်းမှာ အိပ်မပျော်တဲ့ကိစ္စကို ကျော်လွှားအောင်မြင်နည်းအမျိုးမျိုးကို နားထောင်ကြရမှာဖြစ်ပါတယ်။ ဆရာမ Agnes နဲ့ Serenity ရဲ့ စေတနာပါပါ လက်တွေ့ကျကျအကြံပြုချက်တွေ၊ ကိုယ်တိုင်အိပ်စက်ခြင်းကိစ္စကို ကျော်ဖြတ်ပုံတွေကို ပြောပြထားပါတယ်။ အားလုံးအိပ်ပျော်ညတွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ။

Burma Podcast Network ရဲ့ “Podcast for Well Being” အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများတိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးနေတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။

Disclaimer
နားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *