အပူလုံးကြွပေမဲ့ ယူကျုံးမရမဖြစ်ရလေအောင်
လူ့ဘဝရယ်လို့ ရှိလာတဲ့အခါ ဝမ်းနည်းပူဆွေးမှုဆိုတာ ဒွန်တွဲပါနေတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဝမ်းနည်းပူဆွေးကြရတဲ့အထဲမှာ အခုခေတ်လို ထွေလီကာလီရှုပ်ပွနေတဲ့ခေတ်မှာ ပိုပြီးပူဆွေးဖို့ အကြောင်းများတတ်ကြပါတယ်။ ပျော်ရွှင်မှုကိုဖြတ်သန်းရတဲ့အခါ မသိလိုက်မသိဘာသာပေမဲ့ ဝမ်းနည်းမှုကိုကြုံရတဲ့အခါမှာတော့ ကာလရှည်လျားတတ်လေ့ရှိတာ သဘာဝတစ်ခုပါ။ ပျော်ရွှင်ဖို့ကို ဖြတ်သန်းရဲရင် ဝမ်းနည်းမှုကိုရော ဘယ်လိုဖြတ်သန်းရဲကြမလဲ။...
