Ball Cast

9 Episodes | Limited Podcast Series
Hosted By ကိုညို & ကိုစနေ

ကိုညိုနဲ့ ကိုစနေက မိတ်ဆွေတို့လိုပဲ ဘောလုံးပွဲ သရဲတွေဖြစ်ပါတယ်။ သူတို့နှစ်ဦး ဆုံတိုင်းကြုံတိုင်း ဘောလုံးပွဲရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ရေပက်မဝင်ပြောကြလွန်းလို့ BPN ဝိုင်းတော်သားများက မိုက်ကရိုဖုန်း တစ်လုံး ထောင်ပေးလိုက်ရာမှာတော့ Ball Cast ဖြစ်လာပါတော့တာပါပဲ ⚽️ ဒီပရိုဂရမ်က အင်တာနက်အခက်အခဲဖြစ်နေတဲ့ ဘောလုံးအားကစားကို နှစ်သက်သော ချစ်မိတ်ဆွေတွေအတွက် ဘောလုံးသမိုင်းကြောင်း၊​ နောက်ခံစီးပွားရေး အရှုပ်တော်ပုံ နဲ့ ခေတ်မှီနည်းပညာရဲ့ အားကစားပေါ်လွှမ်းမိုးမှုအစရှိတာတွေကို လက်ဖက်ရည်ဆိုင် စကားဝိုင်းများ ပမာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နားဆင်ကြပါဦးဗျို့! ⚽️


All Episodes

မြန်မာပြည်ဘောလုံးလောက မတိုးတက်တာ ဘာကြောင့်လဲ

မြန်မာပြည်ဘောလုံးလောက မတိုးတက်တာ ဘာကြောင့်လဲ။ မိတ်ဆွေတို့ အကြိုက်ဆုံး နည်းပြက ဘယ်သူလဲ။ ဘောလုံးပွဲတစ်ခုမှာ နည်းပြက ဘယ်လောက်ထိ အသင်းတစ်သင်း အောင်မြင်ဖို့အတွက် အရေးပါလဲ၊ မြန်မာပြည်ဘောလုံးလောက မတိုးတက်တာ ဘယ်လို နည်းစနစ်တွေကြောင့်လဲ ဆိုတာကို ကိုညိုနဲ့...

ဘောလုံးအသင်းပိုင်ရှင်က ဘာတွေပိုင်ဆိုင်လဲ။

ကမ္ဘာပေါ်မှာ Follower အများဆုံးတွေထဲက ဘောလုံးအသင်းတစ်ခုဖြစ်တဲ့ မန်ယူအသင်းလို တခြား နာမည်ကြီး ဘောလုံးအသင်းတွေရဲ့ ပိုင်ရှင်တွေအကြောင်း၊ ဘောလုံးလောကမှာ အသင်းပိုင်ရှင်တွေက ဘယ်လိုအနေအထားတစ်ခုမှာ ရှိနေလဲ။ Ballcast က podcasters တွေကတော့ ဒီအပတ် ဘောလုံးအသင်းပိုင်ရှင်တွေအကြောင်းကို...

မြန်မာပြည်က အကောင်းဆုံးဘောလုံးကွင်းမှာ ဘောလုံး ကန်ဖူးလား။

ဘောလုံးကွင်းအမျိုးအစား အများကြီးထဲကမှ ဘယ်လိုကွင်းမျိုးကို ကန်ရတာ ကြိုက်လဲ။ မြန်မာနိုင်ငံ နဲ့ နိုင်ငံတကာမှာရော ဘယ်လိုဘောလုံးကွင်းမျိုးတွေကို ကြိုက်နှစ်သက်ကြလဲ။ ကိုညို၊ ကိုစနေ နဲ့ ကိုသက်တို့က ငယ်ငယ်တုန်းက ကန်ခဲ့ရတဲ့ ဘောလုံးကွင်းတွေအကြောင်း၊ နိုင်ငံတကာ အဆင့်မီ...

လတ်ဆက်မှုမရှိတော့တဲ့ Euro 2024

လတ်ဆက်မှုမရှိတော့တဲ့ Euro 2024 Euro ၂၀၂၄ ပွဲစဉ်တွေမှာ မိတ်ဆွေတို့ကရော ဘယ်အသင်းတွေကို အားပေးခဲ့လဲ။အားပေးခဲ့တဲ့ အသင်းနဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်း ထပ်တူကျရဲ့လား။ဘယ်လို ကစားသမားတွေကို အားအရဆုံးလဲ၊ အားမရဆုံးလဲ။ ဇွန်လ ၁၄...

ဘောလုံးပွဲတစ်ပွဲမှာ တာဝန်ကြီးတာ ဘယ်သူလဲ။

ဘောလုံးပွဲတစ်ပွဲမှာ တာဝန်ကြီးတာ ဘယ်သူလဲ။ BPN ဝိုင်းတော်သားများဖြစ်တဲ့ ကိုညိုနဲ့ ကိုမောင်တို့က ပါးစပ်နဲ့ ဘောလုံးကန်ပြီး ဘောလုံးပွဲ တစ်ပွဲရဲ့ တာဝန်အရှိဆုံး၊ တာဝန်အယူရဆုံး ပုဂ္ဂိုလ်အကြောင်း အားပါးတရ တင်ဆက် ဆွေးနွေးထားပါတယ်။

ဘာလို့ဘောလုံးလဲ? ၊ ဘောလုံးကရော ဘယ်လို ဖျော်ဖြေပြီး ဘယ်လို ရသတွေ ပေးစွမ်းနိုင်သလဲ။

ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကနေ ခေတ္တလွတ်မြောက်ဖို့ ဖျော်ဖြေရေးကဏ္ဍဟာ မရှိမဖြစ်လိုအပ်ပြီး အဲ့ဒီထဲမှာမှ အားကစားလည်းဖြစ် ဖျော်ဖြေရေးလည်းဖြစ်တဲ့ ဘောလုံးကရော ကျွန်တော်တို့ကို ဘာတွေ ဘယ်လို ဖျော်ဖြေပြီး ဘယ်လို ရသတွေ ပေးစွမ်းနိုင်သလဲ။ ကျွန်တော်တို့တွေ ဘောလုံးဆိုတာကို...

တောက်မဲ့ မီးခဲ တရဲရဲ မျက်စိကျမိတဲ့ လူငယ်ကစားသမားလေးတွေ အကြောင်း

Goat ကြီးနှစ်ယောက်ရဲ့ နေဝင်ချိန် တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ လူငယ်ကစားသမားတွေထဲက ဘယ်သူတွေက သူတို့နေရာကို ဆက်ခံနိုင်မလဲဆိုတာ ဘောလုံးပရိတ်သတ်တိုင်း တွေးတောလေ့ရှိတဲ့ အရာတစ်ခုလို ဖြစ်နေပါပြီ။ ဒီတစ်ခါတော့ နုပျိုမှုနဲ့ ခွန်အားသစ် ပေါင်းစပ်ထားတဲ့ မျိုးဆက်သစ်တွေထဲက မျက်စိကျမိတဲ့...

ဘောလုံးနဲ့ စီးပွားရေး ဘယ်လိုချိတ်ဆက်နေသလဲ?

Ballcast ပေါ့ဒ်ကတ်စ်ဟာ အင်တာနက် အခက်အခဲဖြစ်နေတဲ့ နေရာတွေမှာ ရောက်ရှိနေတဲ့ ဘောလုံးအားကစားကို နှစ်သက်ကြတဲ့ ချစ်မိတ်ဆွေတွေအတွက် BPN က ရည်ရွယ်တင်ဆက်ပေးတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ ပါးစပ်နဲ့ ဘောလုံးကန်ကြတဲ့ ကိုစနေနဲ့ ကိုညိုတို့နှစ်ယောက် ဒီအပိုင်းမှာ ဘောလုံးစီးပွားရေး...

ကိုညိုနဲ့ ကိုစနေကို BPN ဝိုင်းတော်သားများက မိုက်ကရိုဖုန်းထောင်ပေးလိုက်ရာမှာတော့

ကိုညိုနဲ့ ကိုစနေက မိတ်ဆွေတို့လိုပဲ ဘောလုံးပွဲ သရဲတွေဖြစ်ပါတယ်။ သူတို့နှစ်ဦး ဆုံတိုင်းကြုံတိုင်း ဘောလုံးပွဲရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ရေပက်မဝင်ပြောကြလွန်းလို့ BPN ဝိုင်းတော်သားများက မိုက်ကရိုဖုန်း တစ်လုံး ထောင်ပေးလိုက်ရာမှာတော့ Ballcast ဖြစ်လာပါတော့တာပါပဲ ⚽️...