အထက်ဆင်

12 Episodes | Ongoing
Hosted By Nyein Chan May

ဂလိုဘယ်လိုက်ဇေးရှင်း (သို့) ကမ္ဘာကြီးရဲ့ နယ်ပယ်မျိုးစုံ အရွေ့မှာ ကျွန်မတို့ရဲ့ မြန်မာပြည်ကြီးကျန်ခဲ့ပါတယ်။ ငါတော့ဖြင့် နောက်ကျမကျန်ခဲ့နိုင်ဘူးဆိုတဲ့ ဒရွတ်တိုက် ဆွဲပါသွားတဲ့ မြန်မာလူငယ်တွေက မြန်မာပြည်နဲ့ ကမ္ဘာကြီးကြား ပေါင်းကူးတံတားတွေပါပဲ။

ဒီလို ပေါင်းကူးနှီးနှောမှုတွေမှတစ်ဆင့် အင်တာနက်တောင် နပ်မမှန်တဲ့ နိုင်ငံကြီးရဲ့ လူငယ်တွေဟာ ကမ္ဘာကြည့် ကြည့်နိုင်၊ ပြောနိုင်၊ မြင်နိုင်မလား?
အမျိုးသမီးအခွင့်အရေး၊ တန်းတူညီမျှရေးကို အိပ်မက်ခွင့်ရှိကြဦးမလား?
လက်ရှိ ပြည်တွင်းရဲ့ နိုင်ငံရေး လူမှုရေးတွေမှာ ဖိုဝါဒီကြီးတဲ့ ကွန်ဆာဘေးတိုက်တွေရဲ့ အိုကြီးအိုမမျက်နှာတွေကို " အထက်ဆင်" Podcast က ငိုမဲ့မဲ့များဖြစ်သွားစေမလား?

မြန်ပြည်တလွှား Feminism လှုပ်ရှားမှုတွေရဲ့ ဦးစီးဦးဆောင်တွေကများ မျက်ခုံးပင့်ကြည့်ကြမလား? ဒါတော့ မိတ်ဆွေတို့ပဲ နားဆင်ကြည့်ကြပါတော့ရှင်။


All Episodes

ငရဲခွေးကြီးများ လွတ်နေသည်။

ကျွန်မတို့ ငယ်ငယ်ကတည်းက “ဒါကတော့ဖြင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားတာဟဲ့”လို့ မိဘ အသိုင်းအဝိုင်း၊ မိသားစုအသိုင်းအဝိုင်းထဲမှာ သေချာ ခွဲခြမ်းစိတ်ဖြာ ပြောဆိုပြတာ ရှားပါတယ်။ တစ်ခုခုဆို “ဟယ် စတာ နေမှာပါ။ သည်းခံလိုက်” “ဒါလေးများဟယ် အသားပဲ့ပါသွားတာမှ...

ဂျာမနီသို့ ရွေ့ပြောင်းနေထိုင်ခြင်းနှင့် မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူတို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများ

မိတ်ဆွေတွေအားလုံးစောင့်မျှော်နေတဲ့ အထက်ဆင် Podcast ယခုတစ်ပတ်မှာပြန်လာပါပြီ ဒီတစ်ပတ်မှာတော့ ဂျာမနီမှ ရွေ့ပြောင်းနေထိုင်မှု နှင့် နိုင်ငံရေးခိုလှုံခွင့်ဥပဒေဆိုင်ရာ ကျွမ်းကျင် ရှေ့နေ Mr. Christopher Wohnig နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီ Podcast မှာ.....

အထက်ဆင်နဲ့ဖက်ရှင်

ဘတ်စ်ကားပေါ် ဖင်နှိုက်ခံရပါတယ်ဆိုမှ ဘာဝတ်ထားလို့လဲ မမေးကြပါနဲ့ ကိုကို မမ ဦးဦး ဒေါ်ဒေါ်တို့ရေ…“တောင်းမှာ အကွပ် လူမှာအဝတ်” ဆိုတာ ရှိသည်မှန်သော်လည်း ကျွန်မတို့ရဲ့ အဝတ်အစားရွေးချယ်မှုက နှာဘူးများအတွက် ကျူးလွန်ခွင့်လက်မှတ်လား? တော်တို့ပဲ စဥ်းစားကြပါလေ။ စဥ်းစားရခက်ရင်တော့...

ဖိုဝါဒကြီးစိုးတဲ့ တော်လှန်ရေးကြီးတော့ မဖြစ်စေလိုပါဘူး

တစ်ဦးတစ်ယောက်ချင်းကြုံရတဲ့ ပြဿနာမဟုတ်တဲ့ ဖိုဝါဒကို ဘယ်လိုတိုက်ထုတ်ကြမလဲ? တရားမျှတမှုကို ရှာဖွေဖော်ဆောင်ဖို့အတွက် ဘာတွေလုပ်လို့ရနိုင်လဲ? ပြီးခဲ့တဲ့ ရက်အနည်းငယ်က တော်လှန်ရေးနယ်မြေထဲမှာ သတင်းသမားတစ်ဦးဖြစ်တဲ့ မငြိမ်းချမ်းစုကြည်နဲ့ သူမရဲ့ ပါတနာတို့ကို အမျိုးသားတစ်ဦးက ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းကို ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်အပေါ်မှာ...

စွတ်ချစ်တဲ့သူနဲ့ စွတ်မုန်းတဲ့သူ နှစ်မျိုးပဲရှိတဲ့ ဖိမနစ် နိုင်ငံခြားရေးဝါဒ

အထက်ဆင် မိတ်ဆွေတို့ရေ နိုင်ငံခြားရေးမူဝါဒ ဘယ်ကစလဲ၊ မြန်မာလို ဘယ်လိုဘာသာပြန်ဆိုထားလဲဆိုတာကို ငြိမ်းချမ်းမေက ဒီအပိုင်းမှာ တင်ဆက်ဆွေးနွေးထားပါတယ်။ မိတ်ဆွေတို့ရဲ့ သဘောထားက ဘယ်လိုရှိလဲ နားဆင်ပြီး လွတ်လပ်စွာဖြင့် မျှဝေပေးကြပါဦးနော်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို လက်ခံလား

အထက်ဆင် Podcast က ငြိမ်းချမ်းမေ က “Sexual harassment” ဆိုတဲ့ စကားလုံးကို “လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားအနှောင့်အယှက်ပေးခြင်း” လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကား နှောင့်ယှက်မှုတွေဟာ စနစ်တကျ တိုက်ဖျက်ရမယ့် မှုခင်း၊...

အထက်ဆင် ပျံ/ပြန်လာပြီ

ပြောစရာတွေက များလွန်းလို့ အပိုင်းတွေ ခွဲပြောမယ့် အထက်ဆင်က ငြိမ်းချမ်းမေ ပြန်လာပါပြီ။ လက်နက်ကိုင်ဆွဲမှ လမ်းပေါ်ထွက်မှ ထင်သာမြင်သာအောင် တစ်ခုခုလုပ်ပြမှ ရန်လိုနေမှ အော်ပြနေမှ တိုက်ပွဲရယ်လို့ အမည်မြောက်တာ မဟုတ်ပါဘူး တဲ့။ အပြည်ပြည်ဆိုင်ရာ တိုက်ပွဲဝင်နေ့အကြောင်းကို...

မိန်းမဖြစ်ခြင်းနှင့် အကြမ်းဖက်မှု အထွေထွေ အပိုင်း (၂)

မနက်ဖြန်မှာ ကျရောက်မယ့် နိုင်ငံတကာအမျိုးသမီးများနေ့ကို BPN ဝိုင်းတော်သားများက လေးစားဂုဏ်ပြုသောအားဖြင့် “အထက်ဆင်” ပေါ့ဒ်ကတ်စ် ရဲ့ Host ဖြစ်တဲ့ မငြိမ်းချမ်းမေက “မိန်းမဖြစ်ခြင်းနှင့် အကြမ်းဖက်မှု အထွေထွေ အပိုင်း (၂)” ကို တင်ဆက်ထားပါတယ်။...

Myanmar in 2021 and 2024: Resilience and Voice of People

ဒီနေ့ဟာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုရဲ့ ၃ နှစ်ပြည့်နေ့ ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်ကို တွန်းလှန်နေကြတဲ့ ဒီတော်လှန်ရေးကြီးထဲမှာ နယ်ပယ်အသီးသီးက လူကြီး၊ လူငယ်များဟာ တတ်စွမ်းသမျှ တစ်ရက်မှ မနားဘဲ ပါဝင်နေကြပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို နိုင်ငံတကာမိတ်ဆွေတွေနဲ့...

အထက်ဆင် x ငါတို့လုံချည် ငါတို့အောင်ပွဲ

အထက်ဆင် | Special Episode ၂၀၂၁ မတ်လ ဝန်းကျင်က စလို့ အမျိုးသမီးများရဲ့ ထမီကို လေပေါ်လွှင့်တင်ပြီး သပိတ်ထွက်လာတော့ စစ်မိစ္ဆာတွေကြောက်တယ်၊ ရှေးရိုးစွဲတွေက ခပ်တွန့်တွန့်လုပ်တယ်၊ ဘာသာရေးအစွန်းရောက်တွေ လန့်ကုန်ကြတယ်။ ထမီလောက်မကြီးပေမဲ့ သူ့ထက်တော့...