Podcast: ညိုကီFM

လွတ်လပ်စွာ နှီးနှောဖလှယ်ခွင့်၊ ​စကားပြောခွင့်များ ထွန်းကားခဲ့တဲ့ မြန်မာပြည်ရဲ့ ရှားပါး ခုနှစ်တွေကို ပြန်တမ်းတပြီး ဒီ Podcast ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်၊​ ဘီယာဆိုင်၊ ​ညကြီးပိုင်းထမင်းကြော်ဆိုင်တွေမှာ၊ နောက်ဆုံး တက္ကစီစီးရင်း ကားပိတ်တုန်း အာထုကြတဲ့ မမောတမ်း အဖြေရှာနေကြတဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေဟာ ညိုကီတွေပါပဲ။

ညိုကီ FM ကနေ မိတ်ဆွေတို့ ဘာရမလဲ​? ဘီယာဆိုင်အခြေပြု စကားဝိုင်းတွေရဲ့ အရသာ ဒါမှမဟုတ်လည်း ​သူငယ်ချင်းဓာတ် ရပါလိမ့်မယ်။ အထူးသဖြင့် နယ်ပယ်အစုံက အမျိုးသားတွေစုပြီး ပြောကြတဲ့ စကားဝိုင်းဖြစ်လို့ ညီကို/ညိုကီတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံ၊ ပျော်စရာ၊ ​လွမ်းစရာ၊ ​စိတ်ညစ်စရာ ပြဿနာအထွေထွေအဖုံဖုံတို့ကို နိစ္စဓူဝ စကားဝိုင်းပမာ တင်ဆက်သွားမှာဖြစ်လို့ နားဆင်ကြပါအုံးခင်ဗျာ။

ပွဲတိုင်းမပါမဖြစ်တဲ့ စီနီယာ အကိုကြီး ဖရန်ကီ၊ ရခိုင်ပြည်ဖွား ဂျစ်ကန်ကန် ပညာတတ် မိတ်ဆွေ ဘရက်ဒလေ၊ မြောက်ဥက္ကလာသား ဂျလေဘီ မောင်ဆန်မီ တို့က အဓိကပါဝင်ပြီး အခြားအခြားသော ခင်မင် အတုယူဖွယ် ညိုကီများကို ဖိတ်ခေါ်တင်ဆက်သွားမှာ ဖြစ်တဲ့အကြောင်းလဲ ကြိုတင်မိတ်ဆက်လိုက်ရပါတယ်ဗျို့။

Burma Podcast Network ရဲ့ Podcast Show အသစ် “ညိုကီ FM” ဖြစ်ပါတယ်။

ယုံလွန်းတတ်သူကြီး (သို့မဟုတ်) ညိုကီ ဝီရ

Oldies Classic လူငယ် ဂီတသမား – ဝီရမိုးနေနဲ့ တွေ့ဆုံခြင်း တစ်နေ့တစ်နေ့ Facebook ပေါ်မှာ အမောတွေ၊ သောက၊ ပူလောင်စရာချည်းပဲလို့ ခံစားမိနိုင်ပါတယ်။​ ဒါပေမဲ့ စိတ်သက်သာစရာ အကြောင်းတရားလေးတွေ၊ ကြည်နူးစရာ အခိုက်တွေလဲ ရှိနိုင်ပါသေးတယ်။ အဲ့တာကတော့ အခု ညိုကီ FM ရဲ့ Episode 12 ဖြစ်ပါတယ်။ ကလေးဘဝထဲက ဂစ်တာတူရိယာအပေါ်ထားတဲ့ သံယောဇဥ်နဲ့ Oldies Classic ဂီတတွေအပေါ် မြတ်နိုးငြိတွယ်ခြင်းကနေ ပေါက်ဖွားလာတဲ့ Album အသစ်တစ်ခုကို ညိုကီ FM နားဆင်သူတွေဆီ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ လူငယ်ဂီတသမားတစ်ဦးရဲ့ ရုန်းကန်မှုတွေနဲ့အတူ Blues, Rock & Roll နဲ့ Jazz သီချင်းအသစ်တွေကို ခံစားနားဆင်ရမှာဖြစ်ပါတယ်။ ပျော်ရွှင်စရာ ဂီတညချမ်းအဖြစ် ခံစားနိုင်ကြပါစေ။

Read More

ညိုကီဆက်လျှောက်

“ညိုကီ x ဆက်လျှောက်” လာပါပြီ။ “ကျွန်တော့်ခြေထောက်က ညာဘက်ပြတ်တာ “ဆက်လျှောက်” Logo က ဘယ်ခြေတုပုံ…ကျွန်တော့် တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ အခြား ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရတဲ့ ရဲဘော်တွေအားလုံးကိုကိုယ်စားပြုတယ်။” လေးနက်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဆက်လျှောက်နေတဲ့ ညိုကီ ကျီးကန်း အကြောင်းကို Burma Podcast Network ရဲ့ Platform များမှာ နားဆင်နိုင်ပါပြီ။ Disclaimer: ယခုအပိုင်းတွင် Suicide နှင့်ပတ်သက်သည့် ကိစ္စရပ်များ ပါဝင်ပါသည်။

Read More

အသည်းနုတဲ့ ညိုကီဘဲဥ

ဒီအပိုင်းဟာ ရုပ်ရှင်လောကသားတစ်ယောက်ရဲ့ အကြောင်းပါ။ အင်းစိန်သား၊ BARS ကျောင်းထွက်၊ ယုံကြည်ရာ အနုပညာအတွက် ရုန်းကန်နေတဲ့ အသက် (၃၀) ကျော် ညိုကီတစ်ယောက်။ မီးထိုး/မှန်ထိုး၊ ဖြတ်လျှောက်၊ Crew၊ အဲ့ကနေမှ ရိုက်ကူးရေးမန်နေဂျာ၊ ပရိုဂျူဆာက စလို့ Series, Short Film နဲ့ ရုပ်ရှင်ကြီးတွေမှာပါ မင်းသားအ‌ဖြစ် အောက်သက်ကြေတဲ့ ညိုကီ။ မောက်ခမ်းဝါ ရဲ့ The Unknown Infinity ဆိုတဲ့ Short Film မှာ “ဘဲဥ” ဆိုတဲ့ သူ့ဇာတ်ကောင်က အမျိုးသမီးတစ်ဦးအပေါ် အင်မတန် စွဲလမ်းတဲ့ အသည်းနုတဲ့ ညိုကီတစ်ယောက်အဖြစ် သရုပ်ဆောင်ချက်မှာ BPN ဝိုင်းတော်သားတွေရော၊ အခြားရုပ်ရှင်ချစ်သူတွေပါ ကြွေခဲ့ရ၊ ကြည့်ရှုသူတွေဆီကနေ ကောင်းတဲ့ ဝေဖန်ချက်တွေ ရလာခဲ့တဲ့ ညိုကီ။…

Read More

သီချင်းများနှင့်ညိုကီ

အခုအလှည့်ကျသူကတော့ သီချင်းဆိုတဲ့ ညိုကီတစ်ယောက်ပါ။ အပြည့်အစုံမိတ်ဆက်ရရင် Born in Burma Art ရဲ့ Vocalist တစ်ယောက်လည်းဖြစ်၊ “နှစ်ချို့မှာတမ်း” Music Album ဖန်တီးထားသူ ကိုဂါဖြစ်ပါတယ်။ ဒီညိုကီက စကားပြောအေးသလို အင်မတန် သဘောကောင်းပါတယ်။ သီချင်းနဲ့ပတ်သက်ရင်တော့ သူသဘောမကောင်းဘူးလို့ ထင်တယ်။ အထူးသဖြင့် သူ့သီချင်းတွေကို ကော့်ဒ် ၄ ကွက်သိပြီး ဂစ်တာတီးတတ်တယ် ထင်နေတဲ့ ကျွန်တော့်လိုကောင်တွေ လက်ကမြင်းမှာ စိုးရိမ်ပုံရပါတယ်။ သူ့ရဲ့ Defense System က လှတယ်၊ သူ့ကိုယ်ပိုင် သီချင်းတွေကို ကာရာအိုကေ ဗားရှင်းထုတ်ထားပြီးတော့ သူငယ်ချင်းတွေ စကားဝိုင်း၊ အရက်ဝိုင်းသီချင်းတောင်းပြီဆို မတောက်တခေါက် ဂစ်တာသမားဆို လက်ကာပြပြီးတော့ စပီကာနဲ့ ချိတ်ပြီးဆိုတတ်တယ်။ သူ့အမူအကျင့်ကို နှစ်သက်လို့ တကူးတက ဖော်ပြတာပါ။ နားထောင်သူတွေလည်း…

Read More

လူအများစုမသိတဲ့ ၂၀၂၅ အတွက် စိန်ခေါ်မှုများ

သမိုင်းသုတေသီ ဒေါက်တာသန်းထွန်းက ပြောတယ် “သမိုင်းကိုသင်တာ မအ အောင်လို့တဲ့”။ ဒါဆို သမိုင်းကိုပြန်ကြည့်ရအောင်..သမိုင်းမှာ လူသန်းပေါင်းများစွာ စက်မှုတော်လှန်ရေးအလွန် ဆင့်ကဲနည်းပညာတိုးတက်လာမှုကြောင့် အလုပ်လက်မဲ့ပြဿနာ ရင်ဆိုင်ခဲ့ရတယ်။ အမှီလိုက်နိုင်သူတွေအတွက် အလုပ်အကိုင်အသစ်တွေပေါ်လာပြီး ဘဝပြောင်း ချမ်းသာခဲ့ကြတယ်။ ဥပမာ – ATM စက်တွေပေါ်လာပြီး ကမ္ဘာအရပ်ရပ်က ဘဏ်ဝန်ထမ်းတွေအများပြား အလုပ်ဆုံးရှုံးခဲ့ကြသလို၊ Grab တို့ Uber တို့ကြောင့် လမ်းထိပ်က အငှားယာဥ်ဂိတ်တွေ ပျောက်ဆုံးသွားသလိုပေါ့။ ညိုကီအက်ဖ်အမ် အပိုင်း (၈) မှာ ဘဟိန်းနဲ့ အီရံက ၂၀၂၅ အလွန် AI ခရီးမှာ လှည်းပေါ်တင်ကျန်မယ့်သူ၊ လှည်းအောက် ကျကျန်ရစ်ခဲ့မယ့်သူတွေအကြောင်း​၊ သတိလွတ်ရင် ဘဝပျက်သွားနိုင်တဲ့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေကို အများနားလည်အောင် ကြိုးစားတင်ဆက်ထားပါတယ်။

Read More

ကျောင်းမှာမသင်သော လိင်မှုဘဝ သင်ခန်းစာများ

ကျောင်းမှာ မသင်ခဲ့ရတဲ့ Sexual Health နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒီအပတ် Nyo Kyi FM မှ ကိုဘဟိန်းက ဒေါက်တာဖြိုးသီဟနဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။ ဒီ Podcast မှာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ဘာကြောင့် တစ်ခေတ်ပြန်စားလာလဲ၊ Sex Education နဲ့ ပတ်သက်တဲ့ ရှေးရိုးစွဲ အယူအဆတွေ၊ Pornography စွဲလမ်းမှု အစရှိတဲ့ Sexual Health နဲ့ ပတ်သက်တဲ့ လူငယ်တွေ သိသင့်သိထိုက်တာတွေကို ဆွေးနွေးထားပါတယ်။

Read More

အိမ်ပြန်ခရီး နီးစပ်နေပြီလား?

ညိုကီ FM ရဲ့ တော်လှန်ရေးထဲက ညိုကီတစ်ဦးနဲ့ Special အပိုင်းသစ် လာပါပြီ။ ကျွန်တော်တို့ ချစ်ခင်ရတဲ့ မြန်မာပြည်အနှံ့က ချစ်မိတ်ဆွေ သူရဲကောင်းတွေရဲ့ အိမ်ပြန်ခရီး နီးစပ်နေပြီလား။ အိမ်ပြန်လာကြတဲ့ မိတ်ဆွေတွေကို ဘယ်လို ကြိုဆိုသင့်ကြသလဲ။ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေး မတိုင်ခင်နှစ်များထဲက မြန်မာလူငယ်ကျောင်းသားလှုပ်ရှားမှုများနဲ့ လူသိများတဲ့ ညိုကီတစ်ဦး မြို့ပြကို ခေတ္တရောက်ချိန် ဖိတ်ခေါ်စကားပြောဖြစ်ခဲ့ပါတယ်။ အဆိုပါ ညိုကီကတော့ 96 soldiers တာဝန်ခံ ဇေယျာလွင်ပဲ ဖြစ်ပါတယ်။ ဇေယျာလွင် ကို Burma Podcast Network က ဘဟိန်းက မေးမြန်းထားပါတယ်။ မိတ်ဆွေတို့မှာလည်း အိမ်ပြန်လာမယ့်အချိန် မျှော်နေသူတစ်ယောက် ဒါမှမဟုတ် ကိုယ်တိုင် အိမ်ပြန်ဖို့ တိုက်ပွဲဝင်နေသူတစ်ဦးဆိုရင် ဒီအပိုင်းကို နှစ်ခြိုက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Read More

ဂြိုဟ်သား၊ ဝိပသနာနှင့် သရဲများ အကြောင်း ငြင်းခုန်ခြင်း

စံနှုန်းတွေ မချည်နှောင်ဘဲ ပြောတဲ့ စကားဝိုင်းတွေကို ကြိုက်နှစ်သက်တဲ့ မိတ်ဆွေတို့အတွက်တေ့ာ အကြည်ဓာတ်လေး ကျန်ခဲ့မှာ သေချာပါတယ်။ ဒီအပိုင်း နားထောင်ပြီး မိတ်ဆွေရင်ထဲ ကျန်ခဲ့မှာကတော့ ငါ့အချိန်တွေ နှမြောလိုက်တာဆိုတဲ့ ခံစားချက်ကြီးလည်း ဖြစ်နိုင်သလို သရဲတွေက ဂြိုဟ်သားတွေများလားဆိုတဲ့ မေးခွန်းကြီးနဲ့ ညသန်းခေါင် သေးထမပေါက်ရဲတော့တာလည်း ဖြစ်နိုင်ပါတယ်။ BPN မှ ကြည့်ရှုသူများကို အရက်သေစာ​၊ မူးယစ်ဆေးဝါးနှင့် Conspiracy Theory များကို Promote လုပ်လိုခြင်း စေတနာ မရှိကြောင်းနှင့် နားထောင်သူတို့ အသံမသွင်းမိသော မနက်လင်းသွားတတ်သည့် တောရောက်တောင်ရောက် စကားဝိုင်းယဥ်ကျေးမှုကို ပြန်လည် ခံစားတင်ဆက်ထားခြင်းသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Read More

Happy Old Years

ညိုကီ FM အပိုင်း-၄ လာပါပြီခင်ဗျာ။ တကူးတက မမျှော်နေကြပေမဲ့လည်း တာဝန်သိစွာ တင်ဆက်လိုက်ပါတယ်။ Brad က စာကို မဖြစ်မနေ ဖတ်နေရပြီး အားကစားလုပ်ရတာ ခုံမင်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ Sammy က တောထဲရောက်လိုက် မြို့ပေါ်ရောက်လိုက်နဲ့ နောက်ဆုံးအိမ်ထောင်ကျသွားတဲ့ တံငါသည်တစ်ပိုင်း Podcaster၊ Frankie ကတော့ ကျန်းမာရေးလိုက်စားတာနဲ့ ညီမျှအောင် ပြန်သောင်းကျန်းတတ်တဲ့ ဘဝအတွေ့ကြုံများတဲ့ လူလတ်ပိုင်းမိတ်ဆွေတစ်ယောက်ပေါ့။ ဒီလူသုံးယောက်ဆုံပြီဆိုရင် စကားဝိုင်းတစ်ခုက မနက် ၃ နာရီအထိ ပြောကြဆိုကြ၊​ ထောက်ခံကြ၊ ငြင်းခုန်ကြ၊ နားထောင်ကြနဲ့ နောက်တစ်နေ့ မိုးလင်းမှ အမှားပါရင် စိတ်မရှိဖို့ ဖုန်းဆက်ပြီး တောင်းပန်ကြတာက ဖြစ်ရိုးဖြစ်စဥ် တစ်ခုလိုပါပဲ။ နှစ်သစ်ကူး Jan မှာ Brad က Happy Old Year…

Read More

ဖက်ရှင်မိ၏၊ မမိ၏

ဒီအပိုင်းလေးက သွင်းထားတာကြာပါပြီဗျာ။ အချို့ Spotify က မိတ်ဆွေတွေတောင်မှ နားထောင်ပြီးလောက်ပါပြီ။ ဆယ်ကျော်သက်အရွယ်ထဲက အိမ်က ဆင်ပေးတဲ့ အဝတ်အစားတွေကနေ တော်လှန်ပြီး စိတ်ကြိုက် ဖက်ရှင်တွေ၊​ ဆံပင်ကေတွေ၊ နားကွင်းတွေ အစရှိသဖြင့် ကိုယ်ဘာကောင်လဲ ဖော်ပြနိုင်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ကြသော၊ ​ကြိုးစားနေကြဆဲဖြစ်သော၊ ကြိုးစားခဲ့ပြီးသော ပုရိသယောကျ်ားများအတွက် ညိုကီ FM က မိတ်ဆွေတွေက တော်ကီဖုတ်ခဲ့ကြပါတယ်။ အမျိုးသမီးများလည်း ဘာဝတ်ရမှန်းမသိနေသော၊ အမြဲတမ်းဖက်ရှင်အဂွမ်းနဲ့ ပေါ်ပေါ်လာတတ်သော အမျိုးသားများကို ကရုဏာပွားနိုင်ဖို့ တင်ဆက်လိုက်ရပါတယ်။ နားဆင်ကြပါအုံးခင်ဗျာ။

Read More