သရော်လှောင်ပြောင်ခြင်း ( Trolling ၊ Memes ) အစရှိတဲ့ ဝေါဟာရကို မိတ်ဆွေတို့ ကြားဖူးကြပါသလား။ အသစ်အသစ် ဖြစ်ဖြစ်သမျှတော့ ဒုက္ခ ၊ သုခ ၊ လူ့အလွှာအစုံကဇာတ်လမ်းအထွေထွေကို အရွှန်းဖောက် Troll ခြင်း ၊ Memes ဗီဒီယိုတွေ ပုံတွေနဲ့ သရော်ခြင်း အစရှိတာတွေဟာ အင်တာနက်ပေါ်မှာ မွေ့လျှော်တဲ့ လူငယ်တွေကြား အရေးကြီးတဲ့ လုပ်ငန်းစဥ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလူငယ်တွေ လူထုလှုပ်ရှားမှုအတွက် လမ်းပေါ်ထွက်လာချိန်မှာ အင်တာနက်ယဥ်ကျေးမှုကို အိမ်မှာချန်မထားခဲ့ကြဘူးဆိုတာ မိတ်ဆွေတို့ မှတ်မိကြပါလိမ့်အုံးမယ်။ ဥာဏ်သူပုန် Podcast Show ရဲ့ ပင်တိုင်တင်ဆက်သူ မောင်ရင် က ၂၀၂၁ မြန်မာ့ နွေဦးတော်လှန်ရေးရဲ့ Memes ဆန်ဆန် မြင်ကွင်းဖြစ်ရပ်တွေနဲ့ လူထုလှုပ်ရှားမှုကို သရော်တဲ့ယဥ်ကျေးမှုဆိုပြီး အသံဇာတ်ညွှန်းတည် တင်ဆက်ခဲ့ပါတယ်။

လူထုလှုပ်ရှားမှုနဲ့ ယဥ်ကျေးမှုတွေအကြောင်းတင်ဆက်လိုတဲ့ မိတ်ဆွေများအတွက် ဆင့်ပွားဖန်တီးရာမှာ အထောက်အကူ တစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြီးအသံဇာတ်ညွှန်းဖိုင်ကို ဝေမျှထားခြင်းဖြစ်ပါသည်။ Script File _PDF version ကို Download ရယူနိုင်သည်။