အရင်းစစ်တော့ အမြစ်ဘယ်က
ဉာဏ်သူပုန် အပိုင်းသစ်
ဉာဏ်သူပုန်ရဲ့ ဖေဖော်ဝါရီအမီတင်ဆက်တဲ့အပိုင်း ဖြစ်ပါတယ်။ နှစ်ကူးမှာ မင်္ဂလာယူဆဲဆဲလူထုကို အမင်္ဂလာနဲ့အနိဌာရုံတွေပဲ ဖြစ်စေခဲ့တဲ့ကာလအစကို စပ်စုလှတဲ့မောင်ရင်က တစ်စွန်းတစ်စ လှစ်ဟပြမှာပါ။ တကယ်လို့သင်ဟာ မှန်စီရွှေချထားတဲ့နံရံကြီးတစ်ခုကို မျက်နှာမူနေရင် ကွဲပြားလှတဲ့ ဘဝမှန်ကူကွက်တွေထဲက ကိုယ်စိုက်ကြည့်လိုက်တဲ့မှန်ကွက်ကိုပဲ မြင်ရသလိုမျိုး မောင်ရင်မြင်ခဲ့ရတဲ့ ဇာတ်ကွက်တစ်ချို့ကို ထုံးစံအတိုင်း ဥပမာဥပမေယျတွေနဲ့ နှိုင်းယှဉ်ပြောပြထားပါတယ်။
အဆွေတို့အားလုံး နားသောတဆင်ခြင်ပြီး ဒီနှစ်ဖေဖော်ဝါရီရဲ့နောက်ဆုံးနေ့မှာ ချမ်းမြေ့အားယူနိုင်ကြပါစေ၊ အကြပ်အတည်းကာလမှာ တဒင်္ဂဂယ်ပေါက်တွေ တွေ့ရှိခံစားနိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက်လိုက်ပါတယ်။
