ခေတ်သစ်ကမ္ဘာထဲ စိတ်ကြည်စေ
Social media သုံးပြီး ဝမ်းသာတာ၊ စိတ်မကောင်းဖြစ်တာ၊ ပျော်တာ၊ ဒေါသထွက်တာ စသဖြင့် စိတ်ခံစားချက်မျိုးစုံကို မိတ်ဆွေတို့ရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေကြရပါတယ်။ အခုလို ခံစားချက်တွေ တက်လိုက် ကျလိုက်နဲ့ ရှုပ်ထွေးနေတာက မိတ်ဆွေတို့ သတိမထားမိလိုက်ချိန်မှာပဲ မိတ်ဆွေတို့ရဲ့ စိတ်ကျန်းမာရေးအပေါ်ကို အကျိုးသက်ရောက်မှုတွေ ရှိလာစေပါတယ်။
မိတ်ဆွေတို့ ကျန်းမာ အကျိုးများစေရန် ရည်ရွယ်ပြီး BPN က ထုတ်လုပ်ထားတဲ့ Podcast for Well Being ကဏ္ဍရဲ့ အပိုင်း (၂) မှာ သတင်းအချက်အလက်တွေကို ဘယ်လိုစစ်ထုတ်ကန့်သတ်ကြမလဲ ဆိုတာကို Serenity Counseling & Mental Health Service အဖွဲ့ရဲ့ တည်ထောင်သူ အတွေ့အကြုံရင့် Counselling Psychologist ဆရာမ Agnes က မျှဝေထားပါတယ်။ ဆရာမ ပြောပြသွားတဲ့ နည်းလမ်းတွေအပြင် မိတ်ဆွေတို့ ကျင့်သုံးနေတဲ့ နည်းလမ်းလေးတွေရှိရင်လည်း Comment မှာ ပြောသွားပေးလို့ရပါတယ်။
Burma Podcast Network ရဲ့ “Podcast for Well Being” အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများတိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးမယ့် ကဏ္ဍတစ်ရပ် ဖြစ်ပါတယ်။
Disclaimer
နားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သော အဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။
