Podcast for Well Being

Hosted ByAgnes

Burma Podcast Network ရဲ့ "Podcast for Wellbeing" အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများ တိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြု အဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးမယ့် ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။

Disclaimer
နားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သော အဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

ကိုယ့်ကိုယ်ကို အလေးဂရုပြုခြင်း

မိတ်ဆွေတို့ရေ မာလာရှမ်းကောစားပြီး Self Care လုပ်၍ သူငယ်ချင်းတစ်စု အစာအိမ်နာသွားခြင်း၊ အရမ်းတော်သောကြောင့် မိမိကိုယ်ကို ဖုန်းအသစ် လက်ဆောင်ဝယ်ပေးလိုက်ရာ အိမ်လခ ပေးစရာမရှိတော့ခြင်း ဆိုတာမျိုးတွေရော ကြုံဖူးကြလား?

မိမိရဲ့ စိတ်/ရုပ် ကျန်းမာခြင်းကို အချိန်ပေး ဂရုစိုက်ခြင်းဆိုတာ အရေးကြီးတဲ့ကိစ္စပါ။ ဒါလုပ်သင့်ပါတယ်။ ဒါပေမဲ့ ဘယ်လို စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မလဲ သိထားမှ ကောင်းမွန်တဲ့ ရလဒ်တွေထွက်မယ်၊ ပိုကောင်းတဲ့အနာဂတ်ကို တည်ဆောက်ဖို့ စိတ်ခွန်အား၊ ရုပ်ခွန်အား ရှိကြမှာပါ။

စိတ်ဖိစီးနေသော BPN ပရိသတ်များ Podcast နားထောင်ခြင်းဖြင့် အကျိုးများစေဖို့ ရည်ရွယ်ပြီး BPN ဝိုင်းတော်သားတွေက Serenity Counseling & Mental Health Service အဖွဲ့ရဲ့ တည်ထောင်သူ အတွေ့အကြုံရင့် Counselling Psychologist ဆရာမ Agnes ရဲ့ ” ကိုယ့်ကိုယ်ကို အလေးဂရုပြုခြင်း – Self Care ” ဆိုတဲ့ အပိုင်းကို Podcast for Wellbeing ကဏ္ဍ ရဲ့ Episode (1) အနေနဲ့ တင်ဆက်ပေးသွားမှာပါ။

Burma Podcast Network ရဲ့ “Podcast for Wellbeing” အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများတိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးမယ့် ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။

Disclaimer

နားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း BPN ဝိုင်းတော်သားများမှ ထပ်လောင်းပြောကြားလိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *