ညိုကီFM

Hosted BySammy

လွတ်လပ်စွာ နှီးနှောဖလှယ်ခွင့်၊ ​စကားပြောခွင့်များ ထွန်းကားခဲ့တဲ့ မြန်မာပြည်ရဲ့ ရှားပါး ခုနှစ်တွေကို ပြန်တမ်းတပြီး ဒီ Podcast ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်၊​ ဘီယာဆိုင်၊ ​ညကြီးပိုင်းထမင်းကြော်ဆိုင်တွေမှာ၊ နောက်ဆုံး တက္ကစီစီးရင်း ကားပိတ်တုန်း အာထုကြတဲ့ မမောတမ်း အဖြေရှာနေကြတဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေဟာ ညိုကီတွေပါပဲ။

ညိုကီ FM ကနေ မိတ်ဆွေတို့ ဘာရမလဲ​? ဘီယာဆိုင်အခြေပြု စကားဝိုင်းတွေရဲ့ အရသာ ဒါမှမဟုတ်လည်း ​သူငယ်ချင်းဓာတ် ရပါလိမ့်မယ်။ အထူးသဖြင့် နယ်ပယ်အစုံက အမျိုးသားတွေစုပြီး ပြောကြတဲ့ စကားဝိုင်းဖြစ်လို့ ညီကို/ညိုကီတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံ၊ ပျော်စရာ၊ ​လွမ်းစရာ၊ ​စိတ်ညစ်စရာ ပြဿနာအထွေထွေအဖုံဖုံတို့ကို နိစ္စဓူဝ စကားဝိုင်းပမာ တင်ဆက်သွားမှာဖြစ်လို့ နားဆင်ကြပါဦးခင်ဗျာ။

ပွဲတိုင်းမပါမဖြစ်တဲ့ စီနီယာ အကိုကြီး ဖရန်ကီ၊ ရခိုင်ပြည်ဖွား ဂျစ်ကန်ကန် ပညာတတ် မိတ်ဆွေ ဘရက်ဒလေ၊ မြောက်ဥက္ကလာသား ဂျလေဘီ မောင်ဆန်မီ တို့က အဓိကပါဝင်ပြီး အခြားအခြားသော ခင်မင် အတုယူဖွယ် ညိုကီများကို ဖိတ်ခေါ်တင်ဆက်သွားမှာ ဖြစ်တဲ့အကြောင်းလဲ ကြိုတင်မိတ်ဆက်လိုက်ရပါတယ်ဗျို့။

Burma Podcast Network ရဲ့ Podcast Show အသစ် “ညိုကီ FM” ဖြစ်ပါတယ်။

လူအများစုမသိတဲ့ ၂၀၂၅ အတွက် စိန်ခေါ်မှုများ

သမိုင်းသုတေသီ ဒေါက်တာသန်းထွန်းက ပြောတယ် “သမိုင်းကိုသင်တာ မအ အောင်လို့တဲ့”။

ဒါဆို သမိုင်းကိုပြန်ကြည့်ရအောင်..
သမိုင်းမှာ လူသန်းပေါင်းများစွာ စက်မှုတော်လှန်ရေးအလွန် ဆင့်ကဲနည်းပညာတိုးတက်လာမှုကြောင့် အလုပ်လက်မဲ့ပြဿနာ ရင်ဆိုင်ခဲ့ရတယ်။ အမှီလိုက်နိုင်သူတွေအတွက် အလုပ်အကိုင်အသစ်တွေပေါ်လာပြီး ဘဝပြောင်း ချမ်းသာခဲ့ကြတယ်။ ဥပမာ – ATM စက်တွေပေါ်လာပြီး ကမ္ဘာအရပ်ရပ်က ဘဏ်ဝန်ထမ်းတွေအများပြား အလုပ်ဆုံးရှုံးခဲ့ကြသလို၊ Grab တို့ Uber တို့ကြောင့် လမ်းထိပ်က အငှားယာဥ်ဂိတ်တွေ ပျောက်ဆုံးသွားသလိုပေါ့။

ညိုကီအက်ဖ်အမ် အပိုင်း (၈) မှာ ဘဟိန်းနဲ့ အီရံက ၂၀၂၅ အလွန် AI ခရီးမှာ လှည်းပေါ်တင်ကျန်မယ့်သူ၊ လှည်းအောက် ကျကျန်ရစ်ခဲ့မယ့်သူတွေအကြောင်း​၊ သတိလွတ်ရင် ဘဝပျက်သွားနိုင်တဲ့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေကို အများနားလည်အောင် ကြိုးစားတင်ဆက်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *