ဂျာမနီသို့ ရွေ့ပြောင်းနေထိုင်ခြင်းနှင့် မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူတို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများ
မိတ်ဆွေတွေအားလုံးစောင့်မျှော်နေတဲ့ အထက်ဆင် Podcast ယခုတစ်ပတ်မှာပြန်လာပါပြီ။
ဒီတစ်ပတ်မှာတော့ ဂျာမနီမှ ရွေ့ပြောင်းနေထိုင်မှု နှင့် နိုင်ငံရေးခိုလှုံခွင့်ဥပဒေဆိုင်ရာ ကျွမ်းကျင် ရှေ့နေ Mr. Christopher Wohnig နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီ Podcast မှာ..
ဂျာမနီရဲ့ နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာမူဝါဒက ဘယ်လိုရှိလဲ?
ဂျာမနီကို ခိုလှုံခွင့်လျှောက်ထားသူ မြန်မာနိုင်ငံသားတွေထဲမှာ ဘယ်လိုလူမျိုးတွေပါဝင်လဲ?
မအလနဲ့အပေါင်းအပါတွေက နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုတွေကို ဂျာမနီနိုင်ငံမှာရော ဘယ်လိုလုပ်နေလဲ?
လိင်အကြမ်းဖက်ခံရသူ၊ လူမဆန်စွာဆက်ဆံခံရသူ၊ နှိပ်စက်ညှင်းဆဲခံရသူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ LGBTIQA+ တွေ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတဲ့အမှုတွေမှာ ဘာတွေကို ထည့်သွင်းစဉ်းစားဖို့လိုသလဲ?
နိုင်ငံရေးခိုလှုံခွင့်ရှာဖွေကြတဲ့အခါမှာ အထူးသဖြင့် အမျိုးသမီးနဲ့ LGBTIQA+ တွေအနေနဲ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ? စသဖြင့် အကြောင်းအရာတွေ ပါဝင်ပါတယ်။
