လူမှုအပြောင်းအလဲအတွက် Podcast Script များ

ထူးမခြားနားတဲ့ ထူးခြားဖြစ်စဉ်

Burma Podcast Network နဲ့ အတူ လူထုအသိပညာပေး လှုပ်ရှားမှုတွေဆောင်ရွက်ဖို့အတွက် မြေမြုပ်မိုင်းအန္တရာယ် အသိပညာပေးအဖွဲ့တစ်ခုနဲ့ ပူးပေါင်းဆောက်ရွက်ခဲ့သော လူထုပညာပေး ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကမ္ဘာကျော် နှစ် ၆၀ ကျော်ပြည်တွင်းစစ်နဲ့ တစ်ကျော့ပြန် အာဏာသိမ်းမှုကြောင့် မြေမြုပ်မိုင်းအန္တရာယ်ဟာ ရှင်းလင်းဖို့မဖြစ်နိုင်ပဲ ရှောင်ကွင်းသွားဖို့သာ တတ်နိုင်တဲ့အနေအထားဖြစ်နေတာ မြန်မာနိုင်ငံ မြေထုပေါ်အခြေချတဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် အင်မတန် ကြေကွဲစရာ ပကတိဘဝတွေပဲဖြစ်ပါတယ်။ စစ်ရှောင်ဒေသတွေမှာ ကြုံတွေခံစားနေရတဲ့ မြေမြုပ်မိုင်းဖြစ်စဥ်တွေကို အများပြည်သူ သတိထား ဆင်ခြင်နိုင်ဖို့ ၊ ကိုယ်ချင်းစာ ဖေးမ နိုင်ဖို့ ရည်ရွယ်ပြီး ” ၁၂ အရွယ် ကလေးတစ်ဦး ချောင်းစပ်မှာ မိုင်းထိတဲ့ ဇာတ်လမ်းကို ပြန်ပြောင်းပြောတဲ့ အသံဇာတ်လမ်းတင်ဆက်မှုဖြစ်ပါတယ်”။


The Way of Bonobo

အင်တာနက် စာမျက်နှာနဲ့ လူမှုကွန်ရက်မှာ နားထောင်သူ ၃ သိန်းကျော် ရှိခဲ့တဲ့ Podcast တစ်ခုဖြစ်ပါတယ်။ ကွန်ဂိုနိုင်ငံ တောအုပ်ထဲက ဘိုနိုဘိုလို့ခေါ်တဲ့ မျောက်မတွေရဲ့ အကြမ်းမဖက်သော ခေါင်းဆောင်မှုနဲ့ စုပေါင်းခေါင်းဆောင်တတ်သော ဓလေ့ယဥ်ကျေးမှုကို လက်ရှိ လူ့အဖွဲ့အစည်းနဲ့ ချိန်ထိုး တင်ဆက်ထားတာကြောင့် နားထောင်သူတွေ သည်းခြေကြိုက်ဖြစ်ခဲ့ကြပါတယ်။ လူထုအသိပညာပေးဇာတ်လမ်းတွေ ၊ ကျားမ တန်းတူညီမျှမှုတွေအကြောင်း တင်ဆက်တဲ့အခါမှာ လူထုကြားရောက်ရှိနိုင်ဖို့ ဖြော်ဖြေရေးရသ နဲ့ လူထုနားလည်တဲ့ ဝေါဟာရ နဲ့ ဥပမာ ရွေးချယ်မှုဟာ အရေးပါကြောင်း သတိပေးနေတဲ့ Episode တစ်ခုဖြစ်တာကြောင့် ဖြော်ဖြေရေးနဲ့ လူထုပညာပေး မျှတအောင် ဖန်တီးချင်သူ မိတ်ဆွေများအတွက် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။

လူထု အသိပညာပေး Podcast များ ဖန်တီးတင်ဆက်လိုသူ မိတ်ဆွေများအတွက် ဆင့်ပွားဖန်တီးရာမှာ အထောက်အကူ တစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြီးအသံဇာတ်ညွှန်းဖိုင်ကို ဝေမျှထားခြင်းဖြစ်ပါသည်။ Script File _PDF version ကို Download ရယူနိုင်သည်။​