Memories of a Poet

Hosted ByNyein Wai

နှစ်‌ပေါင်းများစွာ မြန်မာနိုင်ငံ၏ အတက်အကျ အစုန်အဆန် ခရီးရှည်ကြီးမှာ ပါဝင် ဖြတ်သန်းခဲ့သူတွေများစွာထဲမှာ တော်လှန်သော မြန်မာနိုင်ငံဖွား ကဗျာဆရာ တစ်ဦးဖြစ်တဲ့ ဦးငြိမ်းဝေ ဟာလည်းတစ်ဦး အပါဝင်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးကို ထင်ဟပ်ဖော်ပြနေသော ပြည်တွင်း ပြည်ပ ကဗျာများကို RFA မြန်မာပိုင်းမှာ "ကဗျာ့အိုးဝေ"ဆိုပြီး နှစ်အတော်ကြာ အသံလွှင့်ခဲ့သူ ဝါရင့် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ သူနှစ်ခြိုက်သော ကဗျာများကို "ကဗျာဆရာ၏ မှတ်ဉာဏ်များ" သို့မဟုတ် "Memories of a Poet" ဆိုတဲ့ Podcast နဲ့ သောတရှင်များဖို့ တစ်ဖန် ထုတ်လွှင့်လိုက်ရပါတယ်။ နားသောတဆင် ကြပါဦးခင်ဗျာ။

မွန်ဂိုကဗျာဆရာ ချိုအီဇင်စူရီရဲ့ “စစ်ပွဲ”

ဦးငြိမ်းဝေရဲ့ အတွေ့ကြုံများထဲက တစ်ခုဖြစ်တဲ့ တောတောင်အတွင်း ဖြတ်သန်းမှုများက စိတ်ထိခိုက်စရာ၊ မှင်သက်အံ့သြစရာ ကောင်းလှပါတယ်။ ၅ နှစ်အရွယ် ကရင်ကလေးငယ်နှင့်အတူ စစ်ပြေးကြရင်း အဖေနဲ့ဝေးရတဲ့ ကရင်ကလေးငယ်၊ တစ်ဦးတည်းသော သားငယ်ကို ထားခဲ့ရတဲ့ ကဗျာဆရာငြိမ်းဝေတို့ရဲ့ အဖြစ်အပျက် မှတ်ဉာဏ် တစ်ပိုင်းတစ်စကို မွန်ဂိုလီယား ကဗျာဆရာ ရဲ့ “စစ်ပွဲ” ဆိုတဲ့ ကဗျာနဲ့ ခံစား ဝေမျှထားပါတယ်။ နားဆင်ကြပါဦးဗျာ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်