Podcast Scripts

Podcast Scripts

ဉာဏ်သူပုန် Scripts

သရော်တဲ့ ယဉ်ကျေးမှု By Maung Yin & Thein Phay သရော်လှောင်ပြောင်ခြင်း ( Trolling ၊ Memes ) အစရှိတဲ့ ဝေါဟာရကို မိတ်ဆွေတို့ ကြားဖူးကြပါသလား။ အသစ်အသစ် ဖြစ်ဖြစ်သမျှတော့ ဒုက္ခ ၊ သုခ ၊ လူ့အလွှာအစုံကဇာတ်လမ်းအထွေထွေကို အရွှန်းဖောက် Troll ခြင်း ၊​ Memes ဗီဒီယိုတွေ ပုံတွေနဲ့ သရော်ခြင်း အစရှိတာတွေဟာ အင်တာနက်ပေါ်မှာ မွေ့လျှော်တဲ့ လူငယ်တွေကြား အရေးကြီးတဲ့ လုပ်ငန်းစဥ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလူငယ်တွေ လူထုလှုပ်ရှားမှုအတွက် လမ်းပေါ်ထွက်လာချိန်မှာ အင်တာနက်ယဥ်ကျေးမှုကို အိမ်မှာချန်မထားခဲ့ကြဘူးဆိုတာ မိတ်ဆွေတို့ မှတ်မိကြပါလိမ့်အုံးမယ်။ ဥာဏ်သူပုန် Podcast Show ရဲ့ ပင်တိုင်တင်ဆက်သူ မောင်ရင် က ၂၀၂၁…

Read More

အထက်ဆင် Scripts

လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို လက်ခံလား By Nyein Chan May အမျိုးသမီး Podcast ထုတ်လုပ်သူတွေနဲ့ အမျိုးသား Podcast ထုတ်လုပ်သူ ဦးရေခြင်း နှိုင်ယှဥ်မယ်ဆိုရင် မြန်မာပြည်မှာရော ၊ ကမ္ဘာ့အရေအတွက်မှာပါ ကွာဟချက်ရှိပါတယ်။ အမျိုးသမီး Podcaster ဦးရေ အနည်းအများဟာ အမျိုးသမီးတွေရဲ့ ယုံကြည်ချက် ၊​ ခံစားချက် ၊ တွေးခေါ်တင်ပြချက်တွေ အင်တာနက်ပလက်ဖောင်းတွေပေါ်မှာ ဘယ်လောက်နေရာယူနိုင်လဲဆိုတာကိုပါ သက်ရောက်မှုရှိနိုင်ပါတယ်။ မငြိမ်းချမ်းမေ ရဲ့ ” အထက်ဆင်” Podcast ဟာ အမျိုးသမီးတွေအားလုံးရဲ့ စကားသံတွေ ၊ အတွေ့အကြုံတွေ၊​ တွေးခေါ်ခံစားမှုတွေ အပြည့်အစုံ ကိုယ်စားပြုနိုင်မှာမဟုတ်ပါဘူး။ သို့သော် ထိရှလွယ်တဲ့ Gender အရေး တက်ဆက်သူ Podcaster တစ်ယောက်ရဲ့ Episode ဖြစ်လာဖို့ နောက်ကွယ်က…

Read More

လူမှုအပြောင်းအလဲအတွက် Podcast Script များ

ထူးမခြားနားတဲ့ ထူးခြားဖြစ်စဉ် Burma Podcast Network နဲ့ အတူ လူထုအသိပညာပေး လှုပ်ရှားမှုတွေဆောင်ရွက်ဖို့အတွက် မြေမြုပ်မိုင်းအန္တရာယ် အသိပညာပေးအဖွဲ့တစ်ခုနဲ့ ပူးပေါင်းဆောက်ရွက်ခဲ့သော လူထုပညာပေး ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကမ္ဘာကျော် နှစ် ၆၀ ကျော်ပြည်တွင်းစစ်နဲ့ တစ်ကျော့ပြန် အာဏာသိမ်းမှုကြောင့် မြေမြုပ်မိုင်းအန္တရာယ်ဟာ ရှင်းလင်းဖို့မဖြစ်နိုင်ပဲ ရှောင်ကွင်းသွားဖို့သာ တတ်နိုင်တဲ့အနေအထားဖြစ်နေတာ မြန်မာနိုင်ငံ မြေထုပေါ်အခြေချတဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် အင်မတန် ကြေကွဲစရာ ပကတိဘဝတွေပဲဖြစ်ပါတယ်။ စစ်ရှောင်ဒေသတွေမှာ ကြုံတွေခံစားနေရတဲ့ မြေမြုပ်မိုင်းဖြစ်စဥ်တွေကို အများပြည်သူ သတိထား ဆင်ခြင်နိုင်ဖို့ ၊ ကိုယ်ချင်းစာ ဖေးမ နိုင်ဖို့ ရည်ရွယ်ပြီး ” ၁၂ အရွယ် ကလေးတစ်ဦး ချောင်းစပ်မှာ မိုင်းထိတဲ့ ဇာတ်လမ်းကို ပြန်ပြောင်းပြောတဲ့ အသံဇာတ်လမ်းတင်ဆက်မှုဖြစ်ပါတယ်”။ The Way of…

Read More

Memories of a Poet Scripts

ကဗျာဆိုတာဘာလဲ? RFA မှာ ကဗျာ့အိုးဝေ အစီစဥ်ကို နှစ်ပေါင်းများစွာ တင်ဆက်ခဲ့သူ _ ဦးငြိမ်းဝေရဲ့ ကဗျာ အခြေပြု တင်ဆက်မှုအစီစဥ်တစ်ခုဖြစ်ပါတယ််။ ဦးငြိမ်းဝေရဲ့ Podcast တွေမှာ ရေဒီယိုအစီစဥ် တင်ဆက်သူတွေရဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ တင်ဆက်နိုင်မှု ၊ ဇာတ်ညွှန်းရေးသားမှု အနုပညာ ၊ ကဗျာနဲ့ စကားပြေ ၊​စကားပြော ချိတ်ဆက် တင်ဆက်မှု ၊ သတင်းတက်ဆက်ပုံနဲ့ အသံဇာတ်လမ်းတင်ဆက်ပုံ ကွာခြားချက်တွေကို အတူယူလေ့လာနိုင်တဲ့အတွက် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။ ကဗျာ အနုပညာ Podcast. ဖန်တီးလိုသူ မိတ်ဆွေများအတွက် ဆင့်ပွားဖန်တီးရာမှာ အထောက်အကူ တစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြီးအသံဇာတ်ညွှန်းဖိုင်ကို ဝေမျှထားခြင်းဖြစ်ပါသည်။ Script File _PDF version ကို Download ရယူနိုင်သည်။​

Read More