iann Typhoon

ဘောလုံးနဲ့ စီးပွားရေး ဘယ်လိုချိတ်ဆက်နေသလဲ?

Ballcast ပေါ့ဒ်ကတ်စ်ဟာ အင်တာနက် အခက်အခဲဖြစ်နေတဲ့ နေရာတွေမှာ ရောက်ရှိနေတဲ့ ဘောလုံးအားကစားကို နှစ်သက်ကြတဲ့ ချစ်မိတ်ဆွေတွေအတွက် BPN က ရည်ရွယ်တင်ဆက်ပေးတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ ပါးစပ်နဲ့ ဘောလုံးကန်ကြတဲ့ ကိုစနေနဲ့ ကိုညိုတို့နှစ်ယောက် ဒီအပိုင်းမှာ ဘောလုံးစီးပွားရေး ဘယ်လိုလည်ပတ်နေသလဲ ဆိုတာနဲ့ နောက်ကွယ်က အရှုပ်တော်ပုံတွေအကြောင်း တင်ဆက်ပေးထားပါတယ်။ နားသောတဆင်ကြပါဦး…။

Read More

Myanmar in 2021 and 2024: Resilience and Voice of People

ဒီနေ့ဟာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုရဲ့ ၃ နှစ်ပြည့်နေ့ ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်ကို တွန်းလှန်နေကြတဲ့ ဒီတော်လှန်ရေးကြီးထဲမှာ နယ်ပယ်အသီးသီးက လူကြီး၊ လူငယ်များဟာ တတ်စွမ်းသမျှ တစ်ရက်မှ မနားဘဲ ပါဝင်နေကြပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို နိုင်ငံတကာမိတ်ဆွေတွေနဲ့ အဖွဲ့အစည်းတွေ သိရှိနိုင်ဖို့ Burma Podcast Network မှ အထက်ဆင် Podcast ရဲ့ Host မငြိမ်းချမ်းမေနဲ့အတူ Stiftung Asienhaus Germany မှ မြန်မာ့အရေးလေ့လာသူ Mr. Majid တို့ ဆွေးနွေးထားတဲ့ အထူး Episode ” Myanmar in 2021 and 2024: Resilience and Voice of People” Podcast ကို နားဆင်ကြည့်နိုင်ပါတယ်။…

Read More

နယ်စပ်ကို ဖြတ်ကျော်၍

တော်လှန်သော ကဗျာဆရာ (ဦး)ငြိမ်းဝေဟာ လွန်ခဲ့တဲ့ နှစ် (၃၀) က သူကြုံဆုံခဲ့ရတဲ့ စစ်ဘေးဒဏ်သင့် ကရင်ပြည်နယ် ကြုံစိန်ရွာမှ ငယ်ရွယ်စွာ အသက်ဆုံးပါးခဲ့ရတဲ့ ကရင်သူနာပြုဆရာမလေး နော်ဖောကေနဲ့ ဘဝနောက်ခံတူ နိုဘယ်ဆုရှင် စစ်ပြေးကဗျာဆရာမ “မင်ချူးရာ” ရဲ့ “နယ်စပ်ကိုဖြတ်ကျော်၍”ဆိုတဲ့ ကဗျာကို ရွတ်ဆိုမျှဝေထားပါတယ်။ နားသောတဆင် ခံစားကြပါဦး။

Read More

ဒစ်ဂျစ်တယ်လူ့အန္ဓများ

ဒီနေ့ကတော့ သိန်းဖေ သူပုန်ထမယ့် အလှည့်ဖြစ်ပါတယ်။ သိန်းဖေတို့လို ဝူခုန်းကားကို သူများအိမ်လှေကားခွင်မှာ တိုးဝှေ့ကြည့်ခဲ့ရတဲ့ မျိုးဆက်တွေဟာ အခုဆို ၂၉-၃၀ အရွယ်တွေ ဖြစ်လောက်ရောပေါ့။ ငါကြီးလာရင် တီဗီအပိုင်နဲ့ အဝကြည့်မယ်ဆိုတဲ့ အချိန်မှာ နိုင်ငံတော်ဆိုတာကြီးက မီးဖြတ်ချလိုက်တယ်။ လူတစ်ယောက် ဖုန်းတစ်လုံးကိုင်နိုင်ချိန်မှာ အင်တာနက်တွေ ဖြတ်တောက်ပစ်လိုက်တယ်။ လူငယ်တွေ တကယ် နှုတ်ဆိတ်သွားပြီလား? ရှေးရိုးစွဲနေကျ အမေတွေ၊ အဖွားတွေ၊ နဂါးတွေ၊ ကနားတွေ၊ ဘုရားတွေက နေရာယူလာကြပြီ မိတ်ဆွေ။ အစုအဖွဲ့လိုက် လူညွန့်တုံးသွားအောင် ဆယ်လီဘရစ်တီနဲ့ စစ်ဗိုလ်ချုပ် ကတိပြုခဲ့ကြတယ်။ အနာဂတ်ကို မြင်နေရဲ့သားနဲ့ ဆီဝင်တန်းစီနေရလို့ အရာရာ နောက်ကျကျန်ခဲ့ရတဲ့ မြန်မာနိုင်ငံလူငယ်များ ခင်ဗျာ..သိန်းဖေနှင့်အတူ ဉာဏ်သူပုန်ထရင်း အိပ်မက်များဆီ ဆက်လျှောက်လှမ်းနိုင်ကြပါစေ…။

Read More

ငယ်ဘဝပညာရပ်ဝန်း

ဉာဏ်သူပုန်မိတ်ဆွေတို့ရေ..ခင်ဗျားတို့ ကျုပ်တို့ စာတတ်၊ ပညာတတ်ကြီးဖြစ်ဖို့ ကျောင်းမှာဘာတွေသင်ခဲ့ကြရလဲ? မောင်ရင်ပြောတဲ့ ငယ်ဘဝပညာရပ်ဝန်းအကြောင်း နားသောတ ဆင်ကြည့်ကြရအောင်ဗျို့!

Read More

အထက်ဆင် x ငါတို့လုံချည် ငါတို့အောင်ပွဲ

အထက်ဆင် | Special Episode ၂၀၂၁ မတ်လ ဝန်းကျင်ကစလို့ အမျိုးသမီးများရဲ့ ထမီကို လေပေါ်လွှင့်တင်ပြီး သပိတ်ထွက်လာတော့ စစ်မိစ္ဆာတွေကြောက်တယ်၊ ရှေးရိုးစွဲတွေက ခပ်တွန့်တွန့်လုပ်တယ်၊ ဘာသာရေးအစွန်းရောက်တွေ လန့်ကုန်ကြတယ်။ ထမီလောက်မကြီးပေမဲ့ သူ့ထက်တော့ ကွန်ဆာဗေးတိုက်တွေကို စိတ်ဒုက္ခပေးဖို့ မလျော့ပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ အထက်ဆင် ပေါ့ဒ်ကတ်စ်က မငြိမ်းချမ်းမေက “ငါတို့လုံချည် ငါတို့အောင်ပွဲ” လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ မသဇင်ညွန့်အောင် နဲ့ Burma Podcast Network ရဲ့အထက်ဆင် Podcast မှာ စကားပြောဖြစ်ခဲ့ကြပါတယ်။ မြန်မာပြည်တော်လှန်ရေးခရီးမှာ အမျိုးသမီးများရဲ့ ပါဝါ၊ အသိဉာဏ်နဲ့ အခန်းကဏ္ဍကို ပညာရပ်စကားလုံးတွေနဲ့ အနောက်တိုင်းဆန်ဖို့ မကြိုးစားဘဲ မြန်မာဟန်နဲ့ပဲ အနှီအမျိုးသမီးနှစ်ဦး ထိထိမိမိပြောချသွားလိုက်တာ စစ်တပ်ကို ထိတယ်၊ ဒီမိုကရေစီသူရဲကောင်းဇာတ်ရုပ်နဲ့ အမျိုးသမီးများကို ထိကပါးရိကပါး လုပ်ချင်တဲ့…

Read More

ညိုကီမိတ်ဆက်

လွတ်လပ်စွာ နှီးနှောဖလှယ်ခွင့်၊ ​စကားပြောခွင့်များ ထွန်းကားခဲ့တဲ့ မြန်မာပြည်ရဲ့ ရှားပါး ခုနှစ်တွေကို ပြန်တမ်းတပြီး ဒီ Podcast ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်၊​ ဘီယာဆိုင်၊ ​ညကြီးပိုင်းထမင်းကြော်ဆိုင်တွေမှာ၊ နောက်ဆုံး တက္ကစီစီးရင်း ကားပိတ်တုန်း အာထုကြတဲ့ မမောတမ်း အဖြေရှာနေကြတဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေဟာ ညိုကီတွေပါပဲ။ ညိုကီ FM ကနေ မိတ်ဆွေတို့ ဘာရမလဲ​? ဘီယာဆိုင်အခြေပြု စကားဝိုင်းတွေရဲ့ အရသာ ဒါမှမဟုတ်လည်း ​သူငယ်ချင်းဓာတ် ရပါလိမ့်မယ်။ အထူးသဖြင့် နယ်ပယ်အစုံက အမျိုးသားတွေစုပြီး ပြောကြတဲ့ စကားဝိုင်းဖြစ်လို့ ညီကို/ညိုကီတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံ၊ ပျော်စရာ၊ ​လွမ်းစရာ၊ ​စိတ်ညစ်စရာ ပြဿနာအထွေထွေအဖုံဖုံတို့ကို နိစ္စဓူဝ စကားဝိုင်းပမာ တင်ဆက်သွားမှာဖြစ်လို့ နားဆင်ကြပါအုံးခင်ဗျာ။ ပွဲတိုင်းမပါမဖြစ်တဲ့ စီနီယာ အကိုကြီး ဖရန်ကီ၊…

Read More

မိန်းမဖြစ်ခြင်းနှင့် အကြမ်းဖက်မှု အထွေထွေ အပိုင်း (၁)

မငြိမ်းချမ်းမေ ဒီအပိုင်းမှာ ပြောချင်တာကတော့ “ပြောမှား ဆိုမှားရှိတာတွေအတွက် ခွင့်မလွှတ်ကြပါနဲ့ရှင်” ဖြစ်ပါတယ်။ နားသောတဆင်ကြပါဦး။

Read More

ကိုညိုနဲ့ ကိုစနေကို BPN ဝိုင်းတော်သားများက မိုက်ကရိုဖုန်းထောင်ပေးလိုက်ရာမှာတော့

ကိုညိုနဲ့ ကိုစနေက မိတ်ဆွေတို့လိုပဲ ဘောလုံးပွဲ သရဲတွေဖြစ်ပါတယ်။ သူတို့နှစ်ဦး ဆုံတိုင်းကြုံတိုင်း ဘောလုံးပွဲရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ရေပက်မဝင်ပြောကြလွန်းလို့ BPN ဝိုင်းတော်သားများက မိုက်ကရိုဖုန်း တစ်လုံး ထောင်ပေးလိုက်ရာမှာတော့ Ballcast ဖြစ်လာပါတော့တာပါပဲ ⚽️ ဒီပရိုဂရမ်က အင်တာနက်အခက်အခဲဖြစ်နေတဲ့ ဘောလုံးအားကစားကို နှစ်သက်သော ချစ်မိတ်ဆွေတွေအတွက် ဘောလုံးသမိုင်းကြောင်း၊​ နောက်ခံစီးပွားရေး အရှုပ်တော်ပုံ နဲ့ ခေတ်မှီနည်းပညာရဲ့ အားကစားပေါ်လွှမ်းမိုးမှု အစရှိတာတွေကို လက်ဖက်ရည်ဆိုင် စကားဝိုင်းများ ပမာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နားဆင်ကြပါဦးဗျို့! ⚽️

Read More

အထက်ဆင် အစကနဦး

မငြိမ်းချမ်းမေကို သိပါသလား မိတ်ဆွေ? နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းကို စိတ်ဝင်စားသူ မြန်မာအမျိုးသမီးတစ်ဦးရဲ့ ဖြတ်သန်းမှု၊ သင်ယူမှုနဲ့ ဓာတ်ပြုမှုတွေဟာ မငြိမ်းချမ်းမေရဲ့ “အထက်ဆင် Podcast” ဖြစ်လာပါတယ်။ အထက်ဆင် လို့ ကြားလိုက်တာနဲ့ “ဟ အမျိုးသမီးကိစ္စတွေ တော်ကီဖုတ်ကြတော့မယ် ထင်သဟ” လို့ မိတ်ဆွေတို့ ထင်မြင်မိကြမှာပါပဲ။ မှန်ပါတယ်။ မငြိမ်းချမ်းမေစကားယူပြောရရင်တော့ “အထက်ဆင်ဟာ သေးပေမဲ့လည်း ထမိန်လောက်နီးနီး ကွန်ဆာဘေးတိုက်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေမှာပါတဲ့” ။ ကဲ နားဆင်ကြည့်ကြပါတော့ဗျို့။

Read More