iann Typhoon

ဂြိုဟ်သား၊ ဝိပသနာနှင့် သရဲများ အကြောင်း ငြင်းခုန်ခြင်း

စံနှုန်းတွေ မချည်နှောင်ဘဲ ပြောတဲ့ စကားဝိုင်းတွေကို ကြိုက်နှစ်သက်တဲ့ မိတ်ဆွေတို့အတွက်တေ့ာ အကြည်ဓာတ်လေး ကျန်ခဲ့မှာ သေချာပါတယ်။ ဒီအပိုင်း နားထောင်ပြီး မိတ်ဆွေရင်ထဲ ကျန်ခဲ့မှာကတော့ ငါ့အချိန်တွေ နှမြောလိုက်တာဆိုတဲ့ ခံစားချက်ကြီးလည်း ဖြစ်နိုင်သလို သရဲတွေက ဂြိုဟ်သားတွေများလားဆိုတဲ့ မေးခွန်းကြီးနဲ့ ညသန်းခေါင် သေးထမပေါက်ရဲတော့တာလည်း ဖြစ်နိုင်ပါတယ်။ BPN မှ ကြည့်ရှုသူများကို အရက်သေစာ​၊ မူးယစ်ဆေးဝါးနှင့် Conspiracy Theory များကို Promote လုပ်လိုခြင်း စေတနာ မရှိကြောင်းနှင့် နားထောင်သူတို့ အသံမသွင်းမိသော မနက်လင်းသွားတတ်သည့် တောရောက်တောင်ရောက် စကားဝိုင်းယဥ်ကျေးမှုကို ပြန်လည် ခံစားတင်ဆက်ထားခြင်းသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Read More

ဘာလို့ဘောလုံးလဲ? ၊ ဘောလုံးကရော ဘယ်လို ဖျော်ဖြေပြီး ဘယ်လို ရသတွေ ပေးစွမ်းနိုင်သလဲ။

ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကနေ ခေတ္တလွတ်မြောက်ဖို့ ဖျော်ဖြေရေးကဏ္ဍဟာ မရှိမဖြစ်လိုအပ်ပြီး အဲ့ဒီထဲမှာမှ အားကစားလည်းဖြစ် ဖျော်ဖြေရေးလည်းဖြစ်တဲ့ ဘောလုံးကရော ကျွန်တော်တို့ကို ဘာတွေ ဘယ်လို ဖျော်ဖြေပြီး ဘယ်လို ရသတွေ ပေးစွမ်းနိုင်သလဲ။ ကျွန်တော်တို့တွေ ဘောလုံးဆိုတာကို ဘယ်လိုစပြီးရင်းနှီးခဲ့သလဲ၊ အခြားအားကစားတွေထက် ဘာကြောင့်ဘောလုံးကို အစဉ်တစိုက် ရွေးချယ်ဖြစ်ခဲ့တာလဲ ဆိုတာအပြင် ကမ္ဘာ့အားကစားဇာတ်ခုံပေါ်မှာ ဘောလုံးအားကစား ထင်ပေါ်ရခြင်းအကြောင်းကို ကိုညိုနဲ့ ကိုမောင်တို့က ပါးစပ်နဲ့ ဘောလုံးကန်ပြီး ဆွေးနွေး တင်ဆက်ပေးထားပါတယ်။

Read More

ဝါသနာကို ဖျာကာမရ

ဒီတစ်ခေါက်မှာတော့ လူငယ်တွေ ရှောင်လွှဲလို့မရတဲ့ ပြဿနာကြီးများထဲက တစ်ခုဖြစ်တဲ့ ဝါသနာ ဆိုတဲ့ကိစ္စကို မောင်ရင်က အကျယ်တဝင့် ဉာဏ်သူပုန်ထဖြစ်ခဲ့ပါတယ်။ အာကာသထဲ သွားချင်တဲ့မျိုးဆက်ဟာ စာပေးစာယူဆိုတဲ့ ဘာအဓိပ္ပါယ်မှန်းမသိတဲ့ ပညာရေးစနစ်ထဲနစ်မွန်းခဲ့ရတယ်။ တရားခံဟာ ဘယ်သူပါလဲ?

Read More

Happy Old Years

ညိုကီ FM အပိုင်း-၄ လာပါပြီခင်ဗျာ။ တကူးတက မမျှော်နေကြပေမဲ့လည်း တာဝန်သိစွာ တင်ဆက်လိုက်ပါတယ်။ Brad က စာကို မဖြစ်မနေ ဖတ်နေရပြီး အားကစားလုပ်ရတာ ခုံမင်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ Sammy က တောထဲရောက်လိုက် မြို့ပေါ်ရောက်လိုက်နဲ့ နောက်ဆုံးအိမ်ထောင်ကျသွားတဲ့ တံငါသည်တစ်ပိုင်း Podcaster၊ Frankie ကတော့ ကျန်းမာရေးလိုက်စားတာနဲ့ ညီမျှအောင် ပြန်သောင်းကျန်းတတ်တဲ့ ဘဝအတွေ့ကြုံများတဲ့ လူလတ်ပိုင်းမိတ်ဆွေတစ်ယောက်ပေါ့။ ဒီလူသုံးယောက်ဆုံပြီဆိုရင် စကားဝိုင်းတစ်ခုက မနက် ၃ နာရီအထိ ပြောကြဆိုကြ၊​ ထောက်ခံကြ၊ ငြင်းခုန်ကြ၊ နားထောင်ကြနဲ့ နောက်တစ်နေ့ မိုးလင်းမှ အမှားပါရင် စိတ်မရှိဖို့ ဖုန်းဆက်ပြီး တောင်းပန်ကြတာက ဖြစ်ရိုးဖြစ်စဥ် တစ်ခုလိုပါပဲ။ နှစ်သစ်ကူး Jan မှာ Brad က Happy Old Year…

Read More

ကဗျာဆိုတာ ဘာလဲ?

ကဗျာဆရာတွေဟာ ကဗျာ့နည်းပရိယာယ်၊ ကဗျာ့အတတ်ပညာနဲ့ အဖိနှိပ်ခံဘဝတွေကို သက်သေခံပြီး မှတ်တမ်းတင်ကြပါတယ်။ ကဗျာဆရာငြိမ်းဝေဟာလည်း သက်ရှိသက်သေတစ်ဦး ဖြစ်တယ်ဆိုတာ ဒီအပိုင်းမှာ အထင်းသားတွေ့ရမှာပါ။ နားသောတ ဆင်ကြည့်ကြပါဦး။

Read More

ဖက်ရှင်မိ၏၊ မမိ၏

ဒီအပိုင်းလေးက သွင်းထားတာကြာပါပြီဗျာ။ အချို့ Spotify က မိတ်ဆွေတွေတောင်မှ နားထောင်ပြီးလောက်ပါပြီ။ ဆယ်ကျော်သက်အရွယ်ထဲက အိမ်က ဆင်ပေးတဲ့ အဝတ်အစားတွေကနေ တော်လှန်ပြီး စိတ်ကြိုက် ဖက်ရှင်တွေ၊​ ဆံပင်ကေတွေ၊ နားကွင်းတွေ အစရှိသဖြင့် ကိုယ်ဘာကောင်လဲ ဖော်ပြနိုင်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ကြသော၊ ​ကြိုးစားနေကြဆဲဖြစ်သော၊ ကြိုးစားခဲ့ပြီးသော ပုရိသယောကျ်ားများအတွက် ညိုကီ FM က မိတ်ဆွေတွေက တော်ကီဖုတ်ခဲ့ကြပါတယ်။ အမျိုးသမီးများလည်း ဘာဝတ်ရမှန်းမသိနေသော၊ အမြဲတမ်းဖက်ရှင်အဂွမ်းနဲ့ ပေါ်ပေါ်လာတတ်သော အမျိုးသားများကို ကရုဏာပွားနိုင်ဖို့ တင်ဆက်လိုက်ရပါတယ်။ နားဆင်ကြပါအုံးခင်ဗျာ။

Read More

မိန်းမဖြစ်ခြင်းနှင့် အကြမ်းဖက်မှု အထွေထွေ အပိုင်း (၂)

မနက်ဖြန်မှာ ကျရောက်မယ့် နိုင်ငံတကာအမျိုးသမီးများနေ့ကို BPN ဝိုင်းတော်သားများက လေးစားဂုဏ်ပြုသောအားဖြင့် “အထက်ဆင်” ပေါ့ဒ်ကတ်စ် ရဲ့ Host ဖြစ်တဲ့ မငြိမ်းချမ်းမေက “မိန်းမဖြစ်ခြင်းနှင့် အကြမ်းဖက်မှု အထွေထွေ အပိုင်း (၂)” ကို တင်ဆက်ထားပါတယ်။ မငြိမ်းချမ်းမေက မြန်မာနိုင်ငံရဲ့ မိန်းမ (သို့) အမျိုးသမီးများအပေါ်ထားရှိတဲ့ ခေါက်ရိုးကျိုးနေတဲ့ ရှုထောင့်/ပုံသေနည်းများကို အရွေ့တစ်ခုဖြစ်ဖို့ အားထုတ်နေကြတဲ့ မိတ်ဆွေများထဲက တစ်ယောက်ဖြစ်ပါတယ်။ သူ့အယူအဆ နဲ့ ရှုမြင်တင်ဆက်ပုံက မိတ်ဆွေတို့ကို တစ်ခုခု ပြောင်းလဲစေပါလိမ့်မယ်။ နားသောတဆင်ရင်း နဲ့ အတွေးပွားနိုင်ကြပါစေ။ ဖိနှိပ်ခံရမှုပေါင်းစုံအောက်ကနေ အမျိုးသမီးများ ရုန်းကန် အုံကြွ ဉာဏ်သူပုန်ထ နိုင်ကြပါစေ။

Read More

Gentleman ဖြစ်၏၊ မဖြစ်၏။

ဒီအပိုင်းမှာတော့ နားထောင်သူမိတ်ဆွေများဟာ ကိုဆမ်မီ၊ ကိုဖရန်ကီ၊ ကိုဘရတ်ဒလီတို့ ညိုကီသုံးယောက်ဟာ ဘာခေါင်းစဥ်ချပေးပေး အလွန်တရာ စကားများနိုင်ကြောင်း စတင်ပြီး သတိပြုမိပါလိမ့်မယ်။ ဒါကလည်း ပထမအပိုင်းက တိုတယ်ဗျာ ဆိုပြီး ညိုကီတစ်ယောက်ကပြောလို့ အရွဲ့တိုက်ခြင်း လုံးဝမဟုတ်ရပါဘူး။ ချစ်မိတ်ဆွေတို့ နားဆင်ရင်း ဘဝအမောတွေ ခဏတာ ဖြေဖျောက်နိုင်ကြပါစေ။

Read More

တောက်မဲ့ မီးခဲ တရဲရဲ မျက်စိကျမိတဲ့ လူငယ်ကစားသမားလေးတွေ အကြောင်း

Goat ကြီးနှစ်ယောက်ရဲ့ နေဝင်ချိန် တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ လူငယ်ကစားသမားတွေထဲက ဘယ်သူတွေက သူတို့နေရာကို ဆက်ခံနိုင်မလဲဆိုတာ ဘောလုံးပရိတ်သတ်တိုင်း တွေးတောလေ့ရှိတဲ့ အရာတစ်ခုလို ဖြစ်နေပါပြီ။ ဒီတစ်ခါတော့ နုပျိုမှုနဲ့ ခွန်အားသစ် ပေါင်းစပ်ထားတဲ့ မျိုးဆက်သစ်တွေထဲက မျက်စိကျမိတဲ့ လူငယ်ကစားသမားလေးတွေ အကြောင်းကို ကိုညိုနဲ့ ကိုမောင်တို့က ပါးစပ်နဲ့ ဘောလုံးကန်ပြီး ဆွေးနွေး တင်ဆက်ပေးထားပါတယ်။

Read More

ကဗျာလမ်းသစ်ဖောက်ခဲ့သူ မောင်ချောနွယ်၏ “ပင်မှည့်တေး”

ကဗျာဆရာ (ဦး) ငြိမ်းဝေဟာ မြန်မာပြည်ဖွား ခေတ်ပေါ်ကဗျာ လမ်းသစ်ဖောက်ခဲ့သူ စွန့်ဦး ကဗျာဆရာတစ်ဦးဖြစ်တဲ့ မောင်ချောနွယ်ရဲ့ “ပင်မှည့်တေး” ကဗျာကိုခံစား တင်ဆက်ထားပါတယ်။ ခေတ်တစ်ခုကို အတူဖြတ်သန်းခဲ့ကြတဲ့ ကဗျာဆရာ တစ်ဦးက တစ်ဦးအပေါ် ဂုဏ်ပြုခံစား တင်ဆက်ထားခြင်းဟာ ချစ်စဖွယ်ပါပဲ။ နားဆင်သူတွေအတွက် ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်ကို ခွဲခြားနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ သောတဆင်ကြပါဦး။

Read More