အင်တာနက်အလုပ်လုပ်ပုံကို ရပ်ကွက်အထာဖြင့် ရှင်းပြနည်း
မြန်မာပြည်မှာ အင်တာနက် အသုံးပြုသူ သန်း ၃၀ ကျော်ရှိနိုင်ပါတယ်။ ဒီထဲမှာ နည်းပညာနဲ့ မနီးစပ်တဲ့ လူကြီးလူငယ်၊ နယ်ပယ်အသီးအသီးက လုပ်သားတွေ၊ အတတ်ပညာရှင်တွေ သန်းပေါင်းများစွာ ပါဝင်နိုင်ပါတယ်။ အင်တာနက်အသုံးပြုသူအားလုံးဆီမှာ အဖြေမရသေးတဲ့ မေးခွန်းတွေ ရှိတတ်ကြပါတယ်။ အင်တာနက် ဘယ်လိုအလုပ်လုပ်သလဲ၊ အင်တာနက်ကို ဘယ်သူကပိုင်သလဲ၊ ဗီဒီယိုကော ပြောရင် အခြားတစ်ယောက်ယောက်က ကြားဖြတ်နိုင်သလား၊ အလကားရတဲ့ VPN တွေက ဘာလို့ အလကားရနေတာလဲ၊ ဖေ့စ်ဘွတ်သုံးရင် ဖုန်းဘေလ်ကုန်တယ် ဒါဆို ဖုန်းဘေလ်ထဲက ဖေ့စ်ဘွတ်က ရာခိုင်နှုန်းရတာလား? ဒီစာကိုဖတ်နေတဲ့ မိတ်ဆွေတွေက နည်းပညာ ဂုရုကြီးတွေဖြစ်လို့ မသိသူတွေကို သိနားလည်အောင် အချိန်ပေးပြီး ရှင်းပြကောင်း ရှင်းပြကြပါလိမ့်မယ်။ သို့သော် အားလုံးကို အချိန်ပေးပြီး စိတ်ရှည်ရှည် မရှင်းပြနိုင်ရင်လည်း အပြစ်ရှိသလို ခံစားစရာ မလိုတော့ပါဘူး…
Read More