bpnadmin

ကုန်​စုံဆိုင်​ အော်ပရာ

တခန်းရပ်ပေါ့ကတ်စ်များရဲ့ ပထမဆုံးအပိုင်းဖြစ်တဲ့ “ကုန်စုံဆိုင်အော်ပရာ” ကို နားဆင်သူတွေလက်အပ်လိုက်မှာမို့ ကောင်း၊ မကောင်း ဝေဘင်စောကြောပေးလို့ရပါပြီ။ မိုးခါးရွာတဲ့ကာလမှာ ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးလို့ တင်းမာတောင့်ခံကြသူတွေရဲ့ အဖြစ်အပျက်တချို့ကို BPN က ကောက်နုတ်ဇာတ်လမ်းဆင်ထားပါတယ်။ ကိုယ့်ရဲ့အပြုအမူသေးသေးလေးတွေဟာ ကိုယ့်ဝန်းကျင်ကို ဘယ်လိုအကျိုးဆက်အနေနဲ့ တုန့်ပြန်ထောက်ကူလည်ပတ်နေလဲဆိုတာ ဒီဇာတ်လမ်းမှာ ကွက်ကွင်းစွာ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကိုလည်း ဟိုးတုန်းက အသံဇာတ်လမ်းတွေခေတ်စားခဲ့တဲ့ကာလက ဖန်တီးခဲ့ကြတဲ့ ပုံစံတချို့ကို မှီးပြီးတော့ ပေါင်းစပ်ဖန်တီးထားပါတယ်။ နားဆင်ကြရင်း တစ်ခေတ်တစ်ခါနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အလွမ်းဖြေနိုင်ပါလိမ့်မယ်။ ဒါ့ပြင် အခုအခါမှာကြုံနေရတဲ့ အသေးစိတ်ပြဿနာလေးတွေကို ဆင်ခြင်ဖေးမ ကျော်လွှားနိုင်ကြဖို့၊ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးနိုင်ကြဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ကုန်စုံဆိုင်ပိုင်ရှင် ကိုတရုတ် အဖြစ် ဦးချမ်းအေးစျေးဝယ်သူ အန်တီ အဖြစ် အန်တီအေးမိုးငယ် အဖြစ် ယွန်းမြတ်သွယ်ကိုလူငယ် အဖြစ် ကိုစိုးထက်ဦးကိုတင်အောင် အဖြစ် ကိုစနေနောက်ခံစကားပြောသူ BPN…

Read More

Memories of a Poet Scripts

ကဗျာဆိုတာဘာလဲ? RFA မှာ ကဗျာ့အိုးဝေ အစီစဥ်ကို နှစ်ပေါင်းများစွာ တင်ဆက်ခဲ့သူ _ ဦးငြိမ်းဝေရဲ့ ကဗျာ အခြေပြု တင်ဆက်မှုအစီစဥ်တစ်ခုဖြစ်ပါတယ််။ ဦးငြိမ်းဝေရဲ့ Podcast တွေမှာ ရေဒီယိုအစီစဥ် တင်ဆက်သူတွေရဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ တင်ဆက်နိုင်မှု ၊ ဇာတ်ညွှန်းရေးသားမှု အနုပညာ ၊ ကဗျာနဲ့ စကားပြေ ၊​စကားပြော ချိတ်ဆက် တင်ဆက်မှု ၊ သတင်းတက်ဆက်ပုံနဲ့ အသံဇာတ်လမ်းတင်ဆက်ပုံ ကွာခြားချက်တွေကို အတူယူလေ့လာနိုင်တဲ့အတွက် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။ ကဗျာ အနုပညာ Podcast. ဖန်တီးလိုသူ မိတ်ဆွေများအတွက် ဆင့်ပွားဖန်တီးရာမှာ အထောက်အကူ တစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြီးအသံဇာတ်ညွှန်းဖိုင်ကို ဝေမျှထားခြင်းဖြစ်ပါသည်။ Script File _PDF version ကို Download ရယူနိုင်သည်။​

Read More