assistant_bpn

၈၀-၉၀ ခုနှစ်လွန်ကာလများ

ငါတို့ခေတ်ရဲ့မဟာဂီတမိတ်ဆက် ဂန္ထဝင်ဖြစ်မှုဆိုတာမှာ ခေတ်အဆက်ဆက် မှတ်တမ်းအစဉ်၊ ကျမ်းအစဉ်မှာ သမိုင်းဝင်ဖော်ပြခံရမှု၊ လက်ရှိထိလည်း မတိမ်ကောသေးမှု စတာတွေပါဝင်ပါတယ်။ စာပေနဲ့အနုပညာလောကမှာ အမေမာလို့ ခေါ်ကြတဲ့ လူထုဒေါ်အမာကလည်း “ပေမီဒေါက်မီရှိမှု၊ ခမ်းနားမှုနဲ့ ဂုဏ်ယူနိုင်လောက်မှု၊ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်မှု” ဆိုတဲ့ အတိုင်းအတာနဲ့ ဂန္ထဝင်ဆန်တာကို လက်တွေ့ကျကျဖွင့်ဆိုပါတယ်။ တကယ်တော့ “ငါတို့ခေတ်ရဲ့မဟာဂီတ” အစီစဉ်က ရှေးကတီးမှုတ်ရေးသားသီဆိုခဲ့ကြတဲ့ ကြိုး၊ ဘွဲ့၊ ပတ်ပျိုး၊ ယိုးဒယား အစရှိတဲ့ မဟာဂီတသီချင်းကြီးတွေအကြောင်းမဟုတ်ပါဘူး။ မဟာဂီတဆိုတာ နာမည်နဲ့အညီ သီချင်းကြီးလို့ အလွယ်ပြောနိုင်တယ်။ ခေတ်အဆက်ဆက် ကျမ်းအစဉ်နဲ့ သမားစဉ်အဆက်ဆက် လက်ဆင့်ကမ်းပေါက်ဖွားခဲ့တဲ့ဂီတ။ ပဒေသရာဇ်ခေတ်ကတည်းက တည်ရှိမှတ်တမ်းတင်ခဲ့ကြလို့ ရွှေနန်းထွက်မဟာဂီတလို့လည်း တော်ဝင်အသုံးနဲ့သုံးနှုန်းကြပါတယ်။ ဒါပေမဲ့အခုတင်ဆက်မယ့် ပေါ့ဒ်ကတ်စ်တွေထဲမှာ ကမ္ဘာကနေ မြန်မာကို ကူးလူးလာတဲ့ နိုင်ငံတကာဂီတ အမျိုးအစားတွေနဲ့ ကိုင်းခွဲတွေအကြောင်းကို စာရေးသူဖြတ်သန်းခဲ့တဲ့ ခေတ်အပေါ်မူတည်ပြီး ခံစားသုတေသနပြုထားမှာ ဖြစ်ပါတယ်။…

Read More

နားငြီးနိုင်ငံရေး

လူတွေဟာ မိမိတို့ဘဝကို စတေးပြီးတော့ နိုင်ငံရေးတွေလုပ်နေရတာ ကြာမြင့်လှပြီဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလူထုမှာ ပိုကြာပါတယ်။ မျိုးဆက်အသီးသီးကလည်း နားငြီးလှပြီ၊ ဒီအဆင့်ကိုကျော်လွန်ပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့၊ လွတ်လပ်စွာ ဖန်တီးနေထိုင် အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကြောင့် မျိုးဆက်အသီးသီးလက်ဆင့်ကမ်းပြီး လွတ်မြောက်ရေးခရီးရှည်ကို ချီတက်နေကြတာပေါ့။ လွတ်လပ်မှုဆိုတာ လူတွေရဲ့ ပန်းတိုင်အနေနဲ့ရှိနေပေမဲ့ လူသားထုရဲ့ လွတ်လပ်မှုကို ဖိစီးနေတဲ့ စစ်အာဏာရှင်တွေရဲ့ ခေတ်သစ်ခြေလှမ်းတွေဖြစ်ကြတဲ့ အာဏာရှင်ချင်း နည်းပညာပိုင်းကူညီတာ၊ နိုင်ငံရေးဖိနှိပ်တဲ့ နည်းစနစ်တွေကို မျှဝေတာတွေကို အခုနောက်ပိုင်းမှာ ပိုပြီးတွင်ကျယ်လာပါတယ်။ ရွေးကောက်ပွဲကို အသုံးချတာကလည်း အဲ့ဒီနည်းတွေထဲကတစ်ခုမှန်း လူတွေသိနေကြပါပြီ။ BPN က ပေါ့ဒ်ကတ်စ်တွေကို အပတ်စဉ် အဆက်မပြတ်တင်နေရာမှာ ယခုတစ်ဖန် အလှည့်ကျလာတာကတော့ ဉာဏ်သူပုန်ပဲဖြစ်ပါတယ်။ မြန်မာပြည်မှာလုပ်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဉာဏ်သူပုန်မိတ်ဆွေများ အချင်းချင်း ပြောဆိုတွေးတောကြတဲ့ အချက်တွေနဲ့ ထုံးစံအတိုင်း…

Read More

ထောင်ထဲကိုဝင်တဲ့ရေ

၁၄၅/၅၀၅ ထောင်မှတ်စု မိတ်ဆွေတို့ကို အခု မျှဝေခွင့်ရတဲ့ ဒီစာစုတွေက ယေဘုယျအားဖြင့် ကျွန်တော့်ရဲ့ ထောင်အတွေ့အကြုံတွေလို့ ဆိုနိုင်တာပေါ့လေ။ တကယ်တော့ ထောင်အတွေ့အကြုံ ဆိုတာထက် ကျွန်တော့်ရဲ့ အတ္တနောမတိ အာရုံခံစားမှု အရေးအသားတွေဆိုရင် ပိုမှန်ပါလိမ့်မယ်။ ထောင်အတွေ့အကြုံဆိုတာ ဒီဖက်နှစ်တွေမှာတော့ မထူးဆန်းတော့တဲ့ ဇာတ်လမ်းတွေပဲလေ။ ကျွန်တော့်ထက် စုံလင်များပြား ရှုပ်ထွေးဆိုးရွားတဲ့ အတွေ့အကြုံတွေ ပိုပြောနိုင်မယ့် လူငယ်တွေအများကြီး ဒီနိုင်ငံမှာ ရှိနေခဲ့ပြီ။ ခေတ်စကားနဲ့ပြောရရင် အဲ့လောက်ကြီးကျ မပျော်တော့ဘူးပေါ့လေ။ ဒီနိုင်ငံမှာကိုက ထောင်နဲ့လူသား စာပေတွေဆိုတာ ပိုများနေသလားလို့ပါ။ ကိုလိုနီခေတ်စာပေတွေက စတင်ရရင် မဆလခေတ် နောက် ၈၈ အလွန်မျိုးဆက် နောက်ထပ် ဆယ်စုနှစ်တွေမှာလည်း ခံယူချက်အကျဉ်းသားတွေ နိုင်ကျဉ်းဟောင်းတွေရဲ့ ထောင်အတွေ့အကြုံ စာပေတွေက များသလား မမေးနဲ့ပဲ။ Category တစ်ခု ခွဲထားပေးရလောက်အောင်ပါပဲနော်။ အဲဒီ…

Read More

ရေဘေးသင့်ခြင်း

မုန်တိုင်းက အခြားနိုင်ငံတွေကိုလည်း ဖြတ်သွားပေမယ့် အနှစ် ၆၀ကျော် အကုသိုလ်တွေကတော့ ကမ္ဘာပေါ်က မြေနိမ့်ရာ နိုင်ငံတစ်ခုဆီကိုပဲ စုပြုံပြီး စီးဝင်လာတယ်။ ငါတို့ရဲ့ အတိတ်ကံကတော့ မဆလနဲ့ နဝတခေတ်ဖြစ်ပြီး ၂၀၀၈မှာကတည်းက ငါတို့ တခါသေဖူးပြီးသား။ ငယ်ငယ်တုန်းက မြန်မာ့ရုပ်မြင်သံကြားထဲမှာတော့ ရေက တခါမှ မကြီးခဲ့ဖူးသလိုပဲ၊ မရှိတော့တဲ့ ဒီရေတောနဲ့ သစ်တောတွေကို စေတီအဆူဆူနဲ့ ကာလိုက်တယ်။ ပျောက်ကွယ်သွားတဲ့ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းက ရွာတွေဆိုတာ ပေါ်လစီကားတွေမှာ ပါလေ့မရှိတော့ နဂိုကတည်းက တည်ရှိမှန်းလည်း ဘယ်သူမှ မသိခဲ့ပါဘူး။ အခုတော့ တောင်ပေါ်တွေရော အညာတွေရော စေတီတွေရော မုန်တိုင်းနဲ့အဝေးကြီးမို့ စိတ်ချလက်ချအိပ်စက်နေသူတွေရဲ့ အိမ်ထဲအထိပါ ရေက ဝင်လာနေခဲ့ပြီ။ ခုနစ်လွှာက လူငယ်တစ်ယောက်တောင် ရေစီးနဲ့ မျှောပါပြီး ချင်းမိုင်ရောက်လိုရောက် ကွန်ဒိုနဲ့နေတဲ့ လုပ်ငန်းရှင်တစ်ယောက်လည်း ရေစီးနဲ့…

Read More