အထက်ဆင် Scripts

လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို လက်ခံလား

By Nyein Chan May

အမျိုးသမီး Podcast ထုတ်လုပ်သူတွေနဲ့ အမျိုးသား Podcast ထုတ်လုပ်သူ ဦးရေခြင်း နှိုင်ယှဥ်မယ်ဆိုရင် မြန်မာပြည်မှာရော ၊ ကမ္ဘာ့အရေအတွက်မှာပါ ကွာဟချက်ရှိပါတယ်။ အမျိုးသမီး Podcaster ဦးရေ အနည်းအများဟာ အမျိုးသမီးတွေရဲ့ ယုံကြည်ချက် ၊​ ခံစားချက် ၊ တွေးခေါ်တင်ပြချက်တွေ အင်တာနက်ပလက်ဖောင်းတွေပေါ်မှာ ဘယ်လောက်နေရာယူနိုင်လဲဆိုတာကိုပါ သက်ရောက်မှုရှိနိုင်ပါတယ်။ မငြိမ်းချမ်းမေ ရဲ့ ” အထက်ဆင်” Podcast ဟာ အမျိုးသမီးတွေအားလုံးရဲ့ စကားသံတွေ ၊ အတွေ့အကြုံတွေ၊​ တွေးခေါ်ခံစားမှုတွေ အပြည့်အစုံ ကိုယ်စားပြုနိုင်မှာမဟုတ်ပါဘူး။ သို့သော် ထိရှလွယ်တဲ့ Gender အရေး တက်ဆက်သူ Podcaster တစ်ယောက်ရဲ့ Episode ဖြစ်လာဖို့ နောက်ကွယ်က အားထုတ်ရမှုကို မြင်သာအောင် ဖော်ပြထားခြင်းဖြစ်ပါတယ်။

ကျားမ တန်းတူညီမျှမှုအကြောင်းတင်ဆက်လိုတဲ့ မိတ်ဆွေများအတွက် ဆင့်ပွားဖန်တီးရာမှာ အထောက်အကူ တစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြီးအသံဇာတ်ညွှန်းဖိုင်ကို ဝေမျှထားခြင်းဖြစ်ပါသည်။ Script File _PDF version ကို Download ရယူနိုင်သည်။​